တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် မော်နင်အား ၂၀၂၆ ခုနှစ် နိုဝင်ဘာ ၄ ရက်တွင် ကျင်းပသော ပုံမှန်သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ် (ဓာတ်ပုံ- Ministry of Foreign Affairs of the People’s Republic of China)
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် မော်နင်အား ၂၀၂၆ ခုနှစ် နိုဝင်ဘာ ၄ ရက်တွင် ကျင်းပသော ပုံမှန်သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ် (ဓာတ်ပုံ- Ministry of Foreign Affairs of the People’s Republic of China)

ပေကျင်း၊ နိုဝင်ဘာ ၅ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံအနေဖြင့် ဗြိတိန်နိုင်ငံက သက်သေမရှိသည့် အခြေအနေတွင် ခန့်မှန်းသော ပြောဆိုချက်များဖြင့် တရုတ်နိုင်ငံအား အမည်ဖျက်ခြင်းကို အထူးဂရုပြုနေကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် မော်နင်က နိုဝင်ဘာ ၄ ရက်တွင် ပြောကြားခဲ့သည်။

ထိုနေ့ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်တစ်ဦးက ဗြိတိန်အစိုးရ ဆက်သွယ်ရေးဌာနချုပ် လက်အောက်ခံရှိ အမျိုးသားဆိုက်ဘာလုံခြုံရေးစင်တာက နိုဝင်ဘာ ၃ ရက်တွင် ထုတ်ပြန်သော နှစ်စဉ် ဆိုက်ဘာလုံခြုံရေး အစီရင်ခံစာ၌ တရုတ်နိုင်ငံသည် ဉာဏ်ရည်တု (AI) နည်းပညာထွန်းကားသည့်နိုင်ငံကြီးဖြစ်ကြောင်း၊ ၂၀၂၈ ခုနှစ်တွင် တရုတ်နိုင်ငံသည် AI ကို မကြာခဏအသုံးပြု၍ ဟက်ကာလှုပ်ရှားမှုများ လုပ်ဆောင်လာသည့် “ဖြစ်နိုင်ခြေ အလွန်အမင်း” ရှိပြီး ဗြိတိန်က ရင်ဆိုင်နေရသော “အရှုပ်ထွေးဆုံး၊ အကြာရှည်ဆုံး” ဆိုက်ဘာခြိမ်းခြောက်မှုဖြစ်သည်ဟု ဆိုထားကြောင်း သတင်းများအရ သိရပြီး တရုတ်နိုင်ငံအနေဖြင့် ယင်းအပေါ် မည်ကဲ့သို့ မှတ်ချက်ပြု ပြောကြားလိုပါသနည်းဟု မေးမြန်းခဲ့သည်။

“ကျွန်မတို့အနေနဲ့ သက်ဆိုင်ရာ သတင်းဖော်ပြမှုကို သတိပြုမိပါတယ်” ဟု မော်နင်က ပြောကြားခဲ့ပြီး AI ကြောင့် ဖြစ်ပွားသော ဆိုက်ဘာလုံခြုံရေးအန္တရာယ်သည် နိုင်ငံအသီးသီးက ရင်ဆိုင်ရသော ဘုံစိန်ခေါ်မှုဖြစ်ရာ ကုလသမဂ္ဂက ချမှတ်ထားသော နိုင်ငံတကာစည်းမျဉ်းအသစ်များအတွင်း အတူတကွ ရင်ဆိုင်သင့်ကြောင်း ၎င်းက ဆိုသည်။

ဝမ်းနည်းဖွယ်ကောင်းသည်မှာ ဗြိတိန်နိုင်ငံက ထိုမတိုင်မီ ကာလကြာရှည်စွာ ဆိုက်ဘာလုံခြုံရေးပြဿနာကို နိုင်ငံရေးအသွင်ပြောင်းခဲ့ကြောင်း၊ ယခုအခါလည်း “ဟက်ကာတိုက်ခိုက်မှု” ဟူသည့် “အကြောင်းပြချက်ဟောင်း” ဖြင့် တရုတ်နိုင်ငံ AI ဖွံ့ဖြိုးတိုးတက်မှုကို ဖိနှိပ်ခြင်း ဟူသည့် “လုပ်ငန်းအသစ်” လုပ်ဆောင်ခြင်းဖြစ်ကြောင်း၊ ထိုကဲ့သို့ မှားယွင်းသည့်လုပ်ရပ်သည် တရုတ်-ဗြိတိန် အပြန်အလှန် ယုံကြည်မှု မြှင့်တင်ရေးကို အကျိုးမပြုသည့်အပြင် ဗြိတိန်ဘက်က ကမ္ဘာလုံးဆိုင်ရာ AI လုံခြုံရေး စီမံခန့်ခွဲမှုအား ပူးပေါင်းဆောင်ရွက်မှုတွင် ယုံကြည်ချက်ကို ထိခိုက်စေမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

“AI ဖွံ့ဖြိုးတိုးတက်မှုဟာ တိုးတက်ခြင်း၊ ကောင်းမွန်ခြင်း၊ တံခါးဖွင့်လှစ်ပြီး ကျယ်ကျယ်ပြန့်ပြန့် အကျိုးပြုခြင်းကို လက်ကိုင်ထားသင့်ပြီး လုံခြုံမှုနဲ့ ဖွံ့ဖြိုးတိုးတက်မှုကို စီမံခြင်းဖြင့် AI က ဘေးကင်းလုံခြုံမှု၊ ယုံကြည်ရမှုနဲ့ ထိန်းချုပ်နိုင်မှုတို့ သေချာရှိစေရမယ်လို့ တရုတ်နိုင်ငံက အစဉ်အမြဲ လက်ကိုင်ထားပါတယ်” ဟု မော်နင်က ပြောကြားခဲ့သည်။ (Xinhua)

---------------------

(Chinese Version)

外交部:对英方使用推测性语言抹黑中国表示严重关切

新华社北京11月4日电(记者孙楠、马卓言)外交部发言人毛宁4日表示,中方对英方在缺乏证据的情况下,使用推测性语言抹黑中国表示严重关切。  

当日例行记者会上,有记者问:据报道,英国政府通讯总部下属国家网络安全中心3日发布年度网络安全报告称,中国是人工智能技术大国。到2028年,中国“极有可能”频繁利用人工智能开展黑客行动,是英国面临的“最复杂、最持久的”网络威胁。中方对此有何评论?  

“我们注意到相关报道。”毛宁表示,人工智能引发的网络安全风险,是各国面临的共同挑战,应在联合国制定新的国际规则共同应对。令人遗憾的是,英方此前长期将网络安全问题政治化,现在又借“黑客攻击”的“旧瓶”,装打压中国人工智能发展的“新酒”。这种错误做法不仅无助于增进中英互信,也将损害英方在全球人工智能安全治理合作中的信誉。  

“中方一贯主张,人工智能发展应坚持向上向善、开放普惠,统筹安全与发展,确保人工智能安全、可靠、可控。”毛宁说。(完)