သိပ္ပံသုတေသနရှင်များက စွန်ပလွံပျိုးပင် ကတ္တူဖာများကို တရုတ်နိုင်ငံ ဟိုင်နန်ပြည်နယ် ဝန်ချန်းမြို့တွင် တည်ရှိသော တရုတ် အပူပိုင်းစိုက်ပျိုးရေးသိပ္ပံအကယ်ဒမီ အုန်းသီးသုတေသနဌာန၏ စွန်ပလွံပင် သီးသန့် စောင့်ကြည့်စစ်ဆေးရေးခြံသို့ ရွှေ့ပြောင်းထည့်နေသည်ကို ၂၀၂၆ ခုနှစ် နိုဝင်ဘာ ၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဝန်ချန်း (ဟိုင်နန်)၊ နိုဝင်ဘာ ၅ ရက် (ဆင်ဟွာ)

မကြာသေးမီရက်များအတွင်း အာရပ်စော်ဘွားများပြည်ထောင်စု (UAE) က တရုတ်နိုင်ငံအား လှူဒါန်းသည့် တတိယအသုတ် စွန်ပလွံပျိုးပင်များသည် တရုတ်နိုင်ငံ ဟိုင်နန်ပြည်နယ် ဝန်ချန်းမြို့တွင် တည်ရှိသော တရုတ် အပူပိုင်းစိုက်ပျိုးရေးသိပ္ပံအကယ်ဒမီ အုန်းသီးသုတေသနဌာန (CATAS) ၏ စွန်ပလွံပင် သီးသန့် စောင့်ကြည့်စစ်ဆေးရေးခြံသို့ စတင်ရောက်ရှိလာခဲ့သည်။ ဤအသုတ်ကို UAE မှ တရုတ်နိုင်ငံသို့ လေယာဉ်ဖြင့် ပို့ဆောင်လာခြင်းဖြစ်ပြီး စုစုပေါင်း ပျိုးပင် ၃၅,၀၀၀ ပင်၊ မျိုးကွဲပေါင်း ၃၇ မျိုး ပါဝင်သည်။ စွန်ပလွံသီးသည် အရှေ့အလယ်ပိုင်းနှင့် မြောက်အာဖရိကဒေသများတွင် မူရင်းပေါက်ရောက်သည့် အရေးကြီးသော စီးပွားဖြစ်သီးနှံဖြစ်ပြီး အာဟာရဓာတ်ကြွယ်ဝသောကြောင့် ၎င်းကို “သဲကန္တာရ ပေါင်မုန့်” ဟု တင်စားခေါ်ဝေါ်လေ့ရှိကြသည်။ (Xinhua)

..............................

(Chinese Version)

阿联酋向中国捐赠第三批椰枣苗

新华社照片,文昌(海南),2026年11月4日

近日,阿联酋捐赠给中国的第三批椰枣苗陆续运抵位于海南文昌的中国热带农业科学院椰子研究所(简称中国热科院椰子所)椰枣隔离检疫圃。本批椰枣苗从阿联酋空运来华,共3.5万株、37个品系。椰枣是原产于中东、北非等地的重要经济作物,其营养丰富,有“沙漠面包”之称。

图说1:11月3日,科研人员将成箱的椰枣苗搬入位于海南文昌的中国热科院椰子所椰枣隔离检疫圃。新华社记者 蒲晓旭 摄

图说2:10月29日,在位于海南文昌的中国热科院椰子所椰枣隔离检疫圃,科研人员将椰枣苗入圃保存。 新华社记者 蒲晓旭 摄