
လားဆ၊ နိုဝင်ဘာ ၅ ရက် (ဆင်ဟွာ)
ပါးချင်းငလျင် ဒဏ်သင့်ခဲ့ရသည့် တရုတ်နိုင်ငံ ရှီးဇန့်ဒေသ နာ့ချွီမြို့ ပါးချင်းခရိုင် မာရူကျေးရွာစု မူလတန်းကျောင်းနှင့် ကန်းချဲ့ကျေးရွာအုပ်စုမူလတန်းကျောင်းမှ ကျောင်းသားကျောင်းသူ တစ်ထောင်ကျော်သည် လားဆ နာ့ချွီ အထက်တန်းကျောင်း၌ ပြောင်းရွှေ့၍ ပညာသင်ယူနေကြပြီဖြစ်သည်။။
ရှီးဇန့်ဒေသ နာ့ချွီမြို့ ပါးချင်းခရိုင်တွင် အောက်တိုဘာ ၂၂ ရက်က ပြင်းအား ၇.၀ အဆင့်ရှိ ငလျင် လှုပ်ခတ်ခဲ့ပြီး မာရူကျေးရွာစု မူလတန်းကျောင်းနှင့် ကန်းချဲ့ကျေးရွာအုပ်စု မူလတန်းကျောင်းတို့၌ အဆောက်အအုံများ ပြင်းထန်စွာ ထိခိုက်ပျက်စီးခဲ့သည်။ ငလျင်ကြောင့် အတတ်နိုင်ဆုံး ပညာသင်ကြားရေးကို ပြတ်တောက်မှုမရှိစေရေးအတွက် အဆိုပါ ကျောင်းနှစ်ကျောင်းမှ ဆရာ၊ ဆရာမများနှင့် ကျောင်းသားကျောင်းသူများကို သုံးသုတ်ခွဲ၍ လားဆ နာ့ချွီ အထက်တန်းကျောင်းသို့ နိုဝင်ဘာ ၁ ရက်မှစ၍ စနစ်တကျ ရွှေ့ပြောင်းခဲ့ကြောင်း သိရသည်။ (Xinhua)
……………………….
(Chinese Version)
西藏巴青地震灾区学生异地复学
新华社照片,拉萨,2026年11月4日
11月4日,受巴青地震影响的西藏那曲市巴青县玛如乡小学、岗切乡小学千余名学生,在拉萨那曲完全中学开启异地复学。 10月22日,西藏那曲市巴青县发生7.0级地震,玛如乡小学、岗切乡小学校舍受损严重。为统筹做好异地复学,自11月1日起,两所小学师生分三批被转运至拉萨那曲完全中学,最大限度减少地震对教学秩序的干扰。
图说1:11月4日,在拉萨那曲完全中学,洛桑次成(左)老师在给西藏那曲市巴青县岗切乡小学四年级一班的孩子上复学第一课。 新华社记者 晋美多吉 摄
图说2:11月4日,在拉萨那曲完全中学,西藏那曲市巴青县玛如乡小学、岗切乡小学的学生吃午餐。新华社记者 晋美多吉 摄








