တရုတ်နိုင်ငံ ဖူကျန့်ပြည်နယ် ကျန်းကျိုးမြို့၊ တုန်းဆန်းခရိုင်၊ ရှင့်ချန်မြို့နယ်တွင် Three Gorges Corporation မှ တည်ဆောက်ထားသည့် ၁၈၀ မဂ္ဂါဝပ် (MW) ရှိ ပင်လယ်ရေပြင် ဆိုလာစွမ်းအင်စီမံကိန်း တစ်နေရာကို ၂၀၂၆ ခုနှစ် ဇူလိုင် ၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
တရုတ်နိုင်ငံ ဖူကျန့်ပြည်နယ် ကျန်းကျိုးမြို့၊ တုန်းဆန်းခရိုင်၊ ရှင့်ချန်မြို့နယ်တွင် Three Gorges Corporation မှ တည်ဆောက်ထားသည့် ၁၈၀ မဂ္ဂါဝပ် (MW) ရှိ ပင်လယ်ရေပြင် ဆိုလာစွမ်းအင်စီမံကိန်း တစ်နေရာကို ၂၀၂၆ ခုနှစ် ဇူလိုင် ၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

လန်ဒန်၊ အောက်တိုဘာ ၃၁ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံက တင်ပို့သည့် ဆိုလာပြား၊ ဘက်ထရီ၊ လျှပ်စစ်ဓာတ်အားသုံးမော်တော်ယာဉ် စသည့် သန့်ရှင်းသောစွမ်းအင်နည်းပညာထုတ်ကုန်များသည် ကမ္ဘာလုံးဆိုင်ရာ ကာဗွန်ဒိုင်အောက်ဆိုက်ထုတ်လွှတ်မှု လျှော့ချရာတွင် ထိရောက်စွာ အထောက်အကူပြုလျက်ရှိပြီး ၂၀၂၆ ခုနှစ်၏ ပို့ကုန်များက ပြည်ပတွင် ကာဗွန်ထုတ်လွှတ်မှု စုစုပေါင်းပမာဏ၏ ၂ ရာခိုင်နှုန်းခန့်ကို လျှော့ချရန် အထောက်အကူပြုနိုင်မည်ဟု ခန့်မှန်းထားကြောင်း ဗြိတိန် Carbon Brief ဝက်ဘ်ဆိုက်၏ မကြာသေးမီရက်က ထုတ်ဝေသော ဆောင်းပါးတစ်ပုဒ်တွင် ဖော်ပြထားသည်။ ဆောင်းပါး၏ အနှစ်ချုပ်မှာ အောက်ပါအတိုင်းဖြစ်သည်။

ယခုနှစ် ပထမသုံးလပတ်အတွင်း တရုတ်နိုင်ငံ၏ သန့်ရှင်းသောစွမ်းအင်နည်းပညာထုတ်ကုန် တင်ပို့မှုမှ ရရှိသော ပြည်ပကာဗွန်ထုတ်လွှတ်မှုလျှော့ချရေးအကျိုးသက်ရောက်မှုသည် ယမန်နှစ် အလားတူကာလထက် ၂၆ ရာခိုင်နှုန်း မြင့်တက်လာခဲ့သည်။ အကယ်၍ လက်ရှိအလားအလာအတိုင်း ယခုနှစ် ကျန်ရှိသောကာလတစ်လျှောက် ဆက်လက်ဖြစ်ပေါ်နေမည်ဆိုပါက ၂၀၂၆ ခုနှစ် တစ်နှစ်တည်းတွင်ပင် တင်ပို့သည့်သန့်ရှင်းသောစွမ်းအင်နည်းပညာထုတ်ကုန်များမှာ ကာဗွန်ဒိုင်အောက်ဆိုက် တန်ချိန် သန်း ၄၅၀ ခန့် ထုတ်လွှတ်မှုကို တားဆီးနိုင်ရန် အထောက်အကူပြုမည်ဖြစ်သည်။

အကယ်၍ စက်ပစ္စည်းများအား အသုံးပြုသည့်သက်တမ်းတစ်ခုလုံးကို ထည့်သွင်းစဉ်းစားပါက တရုတ်နိုင်ငံမှ ၂၀၂၆ ခုနှစ်အတွင်း တင်ပို့သည့် သန့်ရှင်းသောစွမ်းအင်နည်းပညာထုတ်ကုန်များသည် စုစုပေါင်း ကာဗွန်ဒိုင်အောက်ဆိုက် တန်ချိန် ၈.၄ ဘီလီယံခန့် ထုတ်လွှတ်မှုကို တားဆီးနိုင်မည်ဟု ခန့်မှန်းရသည်။ ဤကိန်းဂဏန်းသည် ၂၀၂၅ ခုနှစ် တင်ပို့မှုမှ တားဆီးနိုင်ခဲ့သည့် တန်ချိန် ၆.၈ ဘီလီယံနှင့် နှိုင်းယှဉ်ပါက လေးပုံတစ်ပုံခန့် တိုးလာခြင်းဖြစ်သည်။

အိန္ဒိယနိုင်ငံသည် တရုတ်နိုင်ငံ၏ သန့်ရှင်းသောစွမ်းအင်နည်းပညာထုတ်ကုန် တင်ပို့မှုမှ ကာဗွန်ထုတ်လွှတ်မှုလျှော့ချရေးအကျိုးကျေးဇူးကို အကြီးမားဆုံးခံစားရသည့် နိုင်ငံဖြစ်ပြီး အမေရိကန်သည် ဒုတိယနေရာတွင် ရပ်တည်လျက်ရှိသည်။

တရုတ်နိုင်ငံ၏ သန့်ရှင်းသောစွမ်းအင်နည်းပညာထုတ်ကုန် တင်ပို့မှုသည် ကမ္ဘာလုံးဆိုင်ရာ သန့်ရှင်းသောစွမ်းအင် အသွင်ကူးပြောင်းရေးကို တွန်းအားပေးသည့် အဓိကအင်အားဖြစ်လာခဲ့သည်။ သက်ဆိုင်ရာကဏ္ဍများတွင် ကုန်ကျစရိတ်ကို လျှော့ချပေးခဲ့ကာ စျေးကွက်အသစ်များကို ဖွင့်လှစ်ပေးခဲ့ပြီး အလျင်အမြန်တိုးတက်လာသည့်လိုအပ်ချက်များကို ဖြည့်ဆည်းပေးခဲ့သည်။ ထို့အပြင် တရုတ်နိုင်ငံသည် နိုင်ငံရပ်ခြား သန့်ရှင်းသောစွမ်းအင်စီမံကိန်းများ တည်ဆောက်ရေးတွင်လည်း ပိုမိုများပြားစွာ ပါဝင်လာခဲ့ပြီး ယင်းသည်လည်း ကမ္ဘာလုံးဆိုင်ရာ အစိမ်းရောင်ဖွံ့ဖြိုးတိုးတက်မှုကို တွန်းအားပေးခဲ့သည်။ (Xinhua)

.............................

(Chinese Version)

全球瞭望丨英媒:中国出口清洁能源技术助力全球减排

新华社伦敦10月30日电 英国“碳简报”网站日前刊发文章说,中国出口的太阳能板、电池、电动汽车等清洁能源技术产品有效助力全球减少二氧化碳排放,估计2026年的出口产品可帮助境外减少排放总量的近2%。文章摘要如下:  

今年前三季度,中国清洁能源技术产品出口带来的境外减排效应同比增长26%。如果今年剩余时间延续目前趋势,那么仅在2026年出口的清洁能源技术产品就有助于避免约4.5亿吨二氧化碳排放。  

如果考虑设备的整个使用寿命,中国2026年出口的清洁能源技术产品预估可累计避免约84亿吨二氧化碳排放。这一数字较2025年出口产品对应的68亿吨增长约四分之一。  

印度是中国清洁能源技术产品出口带来减排效应最大的国家,美国位居第二。  

中国清洁能源技术产品出口已成为推动全球清洁能源转型的关键力量,在相关领域降低了成本,开辟了新市场,并满足了快速增长的需求。此外,中国还越来越多地参与海外清洁能源项目开发,这也推动了全球绿色发展。(完)

图说:三峡集团漳州东山杏陈180兆瓦海上光伏场区一角(7月6日摄,无人机照片)。新华社记者 林善传 摄