အမေရိကန်နိုင်ငံ မြို့တော် ဝါရှင်တန်ရှိ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန အပြင်ဘက်မြင်ကွင်းကို ၂၀၁၈ ခုနှစ် ဩဂုတ် ၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
အမေရိကန်နိုင်ငံ မြို့တော် ဝါရှင်တန်ရှိ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန အပြင်ဘက်မြင်ကွင်းကို ၂၀၁၈ ခုနှစ် ဩဂုတ် ၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဝါရှင်တန်၊ အောက်တိုဘာ ၃၁ ရက် (ဆင်ဟွာ)

ယူကရိန်းထံ Patriot PAC-3 ဒုံးကျည် အစီး ၅၀၀ နှင့် ဆက်စပ်ပစ္စည်းကိရိယာများ ရောင်းချရန် ဆုံးဖြတ်အတည်ပြုခဲ့ပြီးဖြစ်ပြီး တန်ဖိုးအားဖြင့် စုစုပေါင်း အမေရိကန်ဒေါ်လာ ၂.၁ ဘီလီယံအထိ ကုန်ကျမည်ဖြစ်ရာ “မိတ်ဖက်များနှင့် မဟာမိတ်များက အပြည့်အဝတာဝန်ယူကျခံမည်” ဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက အောက်တိုဘာ ၃၀ ရက်တွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။

ယူကရိန်းသည် PATRIOT Advanced Capability-3 (PAC-3) Missile Segment Enhancement (MSE) ဒုံးကျည် အစီး ၅၀၀၊ ဆက်စပ်အပိုပစ္စည်းအမျိုးမျိုးနှင့် ထောက်ပံ့ပို့ဆောင်ရေးအကူအညီဝန်ဆောင်မှုများကို ဝယ်ယူရန် တင်ပြထားကြောင်း၊ ယခုအကြိမ်ကုန်ကျစရိတ်ကို ကနေဒါ၊ ဂျာမနီနှင့် နော်ဝေတို့မှ ပံ့ပိုးပေးသည့် လှူဒါန်းငွေများနှင့် ဥရောပသမဂ္ဂ၏ သက်ဆိုင်ရာချေးငွေများကို အသုံးပြု၍ ပေးချေမည်ဖြစ်ပြီး အမေရိကန်အစိုးရ၏ မည်သည့် ရန်ပုံငွေနှင့်မျှ သက်ဆိုင်ခြင်းမရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယခုအကြိမ်လက်နက်ရောင်းချမှုမှ ယူကရိန်း၏ အထွေထွေလေကြောင်းရန်ကာကွယ်ရေးနှင့် ဒုံးကျည်ကာကွယ်ရေး စွမ်းရည်ကို မြှင့်တင်နိုင်မည်ဖြစ်ရာ လေကြောင်းခြိမ်းခြောက်မှုများကို ခုခံကာကွယ်တားဆီးရာတွင် လက်ရှိအသုံးပြုနေသည့် ယူကရိန်း၏ Patriot စနစ်များ အဆက်မပြတ် လည်ပတ်နိုင်ရန် အထောက်အကူဖြစ်လိမ့်မည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယူကရိန်းသမ္မတ ဇယ်လန်းစကီးက ယူကရိန်းဘက်နှင့် မိတ်ဖက်များအကြား သဘောတူညီမှုများကို “အကောင်အထည်မဖော်ရသေး” ကြောင်းနှင့် အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာနသည် “အချို့သော အဓိကထောက်ပံ့ပစ္စည်းများ ပေးအပ်ရာတွင်လည်း နှောင့်နှေးမှုများရှိနေ” ကြောင်း အောက်တိုဘာ ၁၉ ရက်တွင် လူမှုကွန်ရက်ပေါ်၌ ရေးသားဖော်ပြခဲ့ကာ ၎င်းအနေနှင့် ယူကရိန်း ကာကွယ်ရေးဝန်ကြီးဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် သမ္မတရုံးတို့အား “အရေးပေါ်တာဝန်များ” ထုတ်ပြန်ချမှတ်ပေးထားသလို “ယူကရိန်းအား လေကြောင်းကာကွယ်ရေး အထောက်အပံ့များကို အမြန်ဆုံး ပေးအပ်ကြရန်” မိတ်ဖက်များအား တိုက်တွန်းတောင်းဆိုမည်ဖြစ်ကြောင်းလည်း ဖော်ပြခဲ့သည်။ ယူကရိန်း၏ လေကြောင်းကာကွယ်ရေးစွမ်းရည် မြှင့်တင်ရန်နှင့် ပြည်သူများ၏ လုံခြုံရေးကို ကာကွယ်ရန် သက်ဆိုင်ရာဘက်များအနေဖြင့် Patriot လေကြောင်းကာကွယ်ရေးဒုံးကျည်များကို အမြန်ဆုံး ပေးအပ်ရန် ဇယ်လန်းစကီးက အောက်တိုဘာ  ၂၉ ရက်တွင် လူမှုကွန်ရက်ပေါ်၌ ထပ်မံ၍ တိုက်တွန်းတောင်းဆိုခဲ့သည်။ (Xinhua)

............................

(Chinese Version)

美国务院批准向乌克兰出售500枚“爱国者”导弹

新华社华盛顿10月30日电(记者黄强 高山)美国国务院30日发表声明说,已决定批准向乌克兰出售500枚“爱国者”导弹及相关设备,价值总额达21亿美元,费用“完全由合作伙伴和盟友承担”。  

声明说,乌克兰已提出采购500枚“爱国者先进能力-3”分段增强型导弹(PAC-3
MSE)及其各类备件和相关后勤支持服务。乌克兰将利用加拿大、德国和挪威提供的捐款以及欧盟相关贷款来支付此次费用,不涉及任何美国政府资金。  

声明还说,此次军售将提升乌克兰的综合防空与反导能力,并将支持乌克兰现有的“爱国者”系统持续运行,以抵御持续存在的空中威胁。  

乌克兰总统泽连斯基19日在社交媒体上发文称,乌方与伙伴的协议“尚未落实”,美国国防部“在某些关键补给的交付上也存在拖延”。他已向乌国防部、外交部、总统办公室下达“紧急任务”,将催促伙伴“尽快向乌方提供防空支持”。29日,泽连斯基又在社交媒体发文,呼吁相关方尽快提供“爱国者”防空导弹以加强乌防空能力和保护民众安全。(完)

图说:这是2018年8月8日在美国首都华盛顿拍摄的美国国务院外景。新华社发(沈霆摄)