f4a356e7515c3c7cd930bd746663a5fa476e1247.content.avif)
မနီလာ၊ အောက်တိုဘာ ၃၁ ရက် (ဆင်ဟွာ)
အာရှဖွံ့ဖြိုးရေးဘဏ် (ADB) က ၂၀၂၇ ခုနှစ်မှ ၂၀၂၉ ခုနှစ်အတွင်း အာရှနှင့် ပစိဖိတ်ဒေသတစ်ဝန်း၌ အမေရိကန်ဒေါ်လာ ၁၀၄.၅ ဘီလီယံတန်ဖိုးရှိ ငွေကြေးပံ့ပိုးမှုများ ပြုလုပ်ရန် ခန့်မှန်းထားကြောင်း အောက်တိုဘာ ၃၀ ရက်၌ ပြောကြားခဲ့သည်။
ဖြစ်နိုင်ခြေအရှိဆုံးခန့်မှန်းချက်များအရ အစိုးရလုပ်ငန်းစဉ်များအတွက် အမေရိကန်ဒေါ်လာ ၈၁.၆ ဘီလီယံနှင့် ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းများကို အဓိကပံ့ပိုးပေးသည့် အစိုးရလုပ်ငန်းစဉ်မဟုတ်သော လုပ်ငန်းစဉ်များအတွက် အမေရိကန်ဒေါ်လာ ၂၂.၈ ဘီလီယံတို့ ပံ့ပိုးပေးရန် ADB က ခန့်မှန်းထားကြောင်း ADB ၏ ပထမဆုံးသော မဟာဗျူဟာမြောက် စီးပွားရေးခန့်မှန်းချက် အစီရင်ခံစာအရ သိရသည်။
အဆိုပါခန့်မှန်းချက်အသစ်သည် စီးပွားရေး မသေချာမရေရာမှုများ၊ ဘေးအန္တရာယ် ဖြစ်ပွားနိုင်ခြေ မြင့်တက်လာမှုများနှင့် နည်းပညာဆိုင်ရာ လျင်မြန်သော ပြောင်းလဲမှုများ ရှိနေသည့်ကြားထဲမှ တိုးပွားလာသော လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန် ၎င်းတို့ဘဏ်အား အထောက်အကူ ပြုမည်ဟု ADB က ဆိုသည်။ ထို့အပြင် မတူကွဲပြားသော စီးပွားရေးနှင့် လုပ်ငန်းလည်ပတ်မှု အခြေအနေများ၌ တုံ့ပြန်မှုများအား စမ်းသပ်လေ့လာခြင်းကိုလည်း ယင်းခန့်မှန်းချက်အသစ်တွင် ထည့်သွင်းဖော်ပြထားကြောင်း သိရသည်။ (Xinhua)
.......................
(English Version)
ADB projects 104.5 bln USD in financing for Asia-Pacific from 2027 to 2029
MANILA, Oct. 30 (Xinhua) -- The Asian Development Bank (ADB) on Friday said it projects 104.5 billion U.S. dollars in financing commitments from 2027 to 2029 across Asia and the Pacific.
Under base-case projections, ADB expects 81.6 billion U.S. dollars in commitments for sovereign operations, primarily supporting governments, and 22.8 billion U.S. dollars for nonsovereign operations, primarily supporting private businesses, according to ADB's first Strategic Business Outlook.
ADB said the new outlook helps the bank respond to growing demand amid economic uncertainty, rising disaster risks, and rapid technological change. It also introduces sensitivity testing of different economic and operating conditions. ■
Photo caption: Photo taken on Sept. 16, 2008 shows the logo of the Asian Development Bank (ADB) at its headquarters in Manila, capital of the Philippines.








