နယ်သာလန်နိုင်ငံ ရေးနင် မြို့ရှိ Ouwehands တိရစ္ဆာန်ဥယျာဉ်တွင် ပန်ဒါဝက်ဝံ “လန်ယွဲ့” ကို တင်ဆောင်လာသော မော်တော်ယာဉ် ထွက်ခွာသွားသည်ကို နှုတ်ဆက်ပွဲအခမ်းအနား၌ လိုက်လံကြည့်ရှုနေကြသူများအား ၂၀၂၆ ခုနှစ် အောက်တိုဘာ ၃၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
နယ်သာလန်နိုင်ငံ ရေးနင် မြို့ရှိ Ouwehands တိရစ္ဆာန်ဥယျာဉ်တွင် ပန်ဒါဝက်ဝံ “လန်ယွဲ့” ကို တင်ဆောင်လာသော မော်တော်ယာဉ် ထွက်ခွာသွားသည်ကို နှုတ်ဆက်ပွဲအခမ်းအနား၌ လိုက်လံကြည့်ရှုနေကြသူများအား ၂၀၂၆ ခုနှစ် အောက်တိုဘာ ၃၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ရေးနင်၊ အောက်တိုဘာ ၃၁ ရက် (ဆင်ဟွာ)

နယ်သာလန်နိုင်ငံ အလယ်ပိုင်းရှိ ရေးနင် မြို့ငယ်လေးမှ Ouwehands တိရစ္ဆာန်ဥယျာဉ်တွင် အောက်တိုဘာ ၃၀ ရက် နံနက်ပိုင်းက တရုတ်နိုင်ငံသို့ ပြန်လည်ပို့ဆောင်ခြင်းခံရမည့် ပန်ဒါဝက်ဝံ “လန်ယွဲ့” အား နှုတ်ဆက်သည့် အခမ်းအနားတစ်ရပ် ကျင်းပခဲ့သည်။ အဆိုပါအခမ်းအနားသို့ ပြည်သူ ၁၀၀ နီးပါး ပါဝင်တက်ရောက်ခဲ့ကြပြီး ကလေးများသည် “လန်ယွဲ့” ၏ ရုပ်ပုံပါသည့် ဘေ့စ်ဘောဦးထုပ်များ ဆောင်းထားကြကာ “လန်ယွဲ့” ၏ ဓာတ်ပုံပါသည့် အလံငယ်များကိုဝှေ့ယမ်းလျက် တရုတ်ရိုးရာပုံစံဖြင့် တည်ဆောက်ထားသော “တရုတ်ပန်ဒါ ဝက်ဝံပြခန်း” ရှေ့တွင် စောင့်ဆိုင်းနေခဲ့ကြသည်။

“လန်ယွဲ့” ကို ၂၀၂၄ ခုနှစ် ဇူလိုင်လတွင် မွေးဖွားခဲ့ပြီး ၎င်း၏ မိဘများဖြစ်သော “ရှင်းရာ” နှင့် “ဝူဝန်” တို့သည် ၂၀၁၇ ခုနှစ်တွင် နယ်သာလန်နိုင်ငံသို့ ရောက်ရှိလာခဲ့သည့် ပထမဆုံး ပန်ဒါဝက်ဝံ တစ်စုံဖြစ်သည်။ “လန်ယွဲ့” သည် “ဝူဝန်” မှ မွေးဖွားခဲ့သော ဒုတိယမြောက် သားပေါက်ဖြစ်ပြီး ၎င်း၏ အစ်မဖြစ်သူ “ဖန်ရှင်း” သည် ၂၀၂၃ ခုနှစ် စက်တင်ဘာလတွင် တရုတ်နိုင်ငံသို့ ပြန်လည်ရောက်ရှိခဲ့ပြီး ဖြစ်သည်။ (Xinhua)

-----------------------

(Chinese Version)

荷兰民众惜别大熊猫“朗月”

荷兰中部小城雷嫩的欧维汉兹动物园30日上午举行仪式,欢送大熊猫“朗月”启程归国。近百名民众前来参与,孩子们戴着印有“朗月”形象的棒球帽,挥舞着印着“朗月”照片的小旗,守候在中式风格的“中国熊猫馆”前。

“朗月”出生于2024年7月,它的父母“星雅”和“武雯”是2017年抵达荷兰的第一对大熊猫。“朗月”是“武雯”产下的第二只幼崽,它的姐姐“梵星”已于2023年9月返回中国。

图说 1 :10月30日,在荷兰雷嫩的欧维汉兹动物园,人们在欢送仪式上目送载着大熊猫“朗月”的汽车离开。新华社记者 吕优 摄

图说 2 :10月29日,在荷兰雷嫩的欧维汉兹动物园,大熊猫“朗月”(左)与它的母亲“武雯”在一起。新华社记者 吕优 摄