ယီမင်နိုင်ငံ အေဒင်မြို့ရှိ သမ္မတနန်းတော်အနီးသို့ ဟူသီတပ်ဖွဲ့၏ ဒုံးကျည်များ ကျရောက်

ဟူသီအဖွဲ့က ပစ်လွှတ်လိုက်သော ဒုံးကျည်များက သမ္မတနန်းတော်အနီးသို့ ကျရောက်ခဲ့ရာ ယီမင်နိုင်ငံ တောင်ပိုင်းရှိ ဆိပ်ကမ်းမြို့ဖြစ်သော အေဒင်မြို့၌ အောက်တိုဘာ ၃၀ ရက်က ‌ ပြင်းထန်သော ပေါက်ကွဲသံနှစ်ကြိမ် ထွက်ပေါ်ခဲ့ကြောင်း ဒေသခံလုံခြုံရေးအရာရှိတစ်ဦးက ဆင်ဟွာသတင်းဌာနကို ပြောကြားခဲ့သည်။

ဒုံးကျည်များမှာ အေဒင်မြို့ ခရက်တာခရိုင်ရှိ နိုင်ငံတကာအသိုင်းအဝိုင်းက အသိအမှတ်ပြုထားသော ယီမင်အစိုးရရုံးစိုက်ရာနေရာဖြစ်သော Al-Ma'ashiq နန်းတော်အနီးတစ်ဝိုက်သို့ ကျရောက်ခဲ့ခြင်းဖြစ်ကြောင်း အမည်မဖော်လိုသော အဆိုပါအရာရှိ၏ ပြောကြားချက်အရ သိရသည်။ လုံခြုံရေးတပ်ဖွဲ့များကို အဆိုပါနေရာတစ်ဝိုက်တွင် ဖြန့်ကြက်ချထားခဲ့သည်။

ထို့အပြင် ဒုံးကျည်တိုက်ခိုက်မှုများ ဖြစ်ပွားပြီးနောက် အေဒင်မြို့ရှိ အရေးပါသော အစိုးရအဖွဲ့အစည်းများအပေါ် ပျံသန်းနေသည့် ဒရုန်းများကို လေကြောင်းရန်ကာကွယ်ရေးစနစ်များက ကြားဖြတ်ဟန့်တားရန် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

ယင်းဖြစ်ရပ်နှင့် စပ်လျဉ်း၍ ထိခိုက်သေဆုံးသူနှင့် ပျက်စီးဆုံးရှုံးမှု အခြေအနေများကိုမူ ချက်ချင်း မသိရှိရသေးပေ။

ဟီဘရွန်မြို့တွင် အစ္စရေးတပ်ဖွဲ့များက ပါလက်စတိုင်းနေအိမ် နှစ်လုံးဖြိုချ

အနောက်ဘက်ကမ်းဒေသ တောင်ပိုင်းရှိ ဟီဘရွန်မြို့တွင် အစ္စရေးစစ်သားနှစ်ဦးကို သတ်ဖြတ်ခဲ့သည်ဟု စွပ်စွဲခံထားရသော ပါလက်စတိုင်းနှစ်ဦး၏ နေအိမ်များကို အစ္စရေးတပ်ဖွဲ့များက အောက်တိုဘာ ၃၀ ရက်၌ ဖောက်ခွဲဖြိုချခဲ့သလို စစ်ဆင်ရေးစတင်ခဲ့သည်မှာလည်း ရှစ်ရက်မြောက်နေ့သို့ ရောက်ရှိလာခဲ့ပြီး ထိုစစ်ဆင်ရေးကြောင့် အိမ်ထောင်စုရာနှင့်ချီ၍ နေရပ်စွန့်ခွာခဲ့ရသည်။

Hamoudeh နှင့် Ahmed al-Jaabari တို့နှစ်ဦးသည် အောက်တိုဘာ ၂၃ ရက်က Farsh al-Hawa ဒေသတွင် ဖြစ်ပွားခဲ့သော အစ္စရေးစစ်သားနှစ်ဦး သေဆုံးခဲ့သည့် ပစ်ခတ်မှု၌ စွပ်စွဲခံခဲ့ရသူများဖြစ်ပြီး ၎င်းတို့နှစ်ဦးမှာလည်း အစ္စရေးတပ်ဖွဲ့များ၏ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့သည်။

ကွန်ဂိုနိုင်ငံ (DRC) တွင် အီဘိုလာရောဂါကြောင့် သေဆုံးသူ ၅,၀၀၀ နီးပါးရှိလာ၊ အာဖရိက CDC က သေဆုံးသွားသော ဆရာဝန်အား ဂုဏ်ပြု

ကွန်ဂိုနိုင်ငံ (DRC) တွင် လက်ရှိဖြစ်ပွားနေသော အီဘိုလာရောဂါကူးစက်မှုကြောင့် သေဆုံးသူဦးရေမှာ ၅,၀၀၀ နီးပါးသို့ ရောက်ရှိလာပြီဖြစ်ကြောင်း၊ တစ်ချိန်တည်းတွင် အာဖရိက ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာ (Africa CDC) က နိုင်ငံအရှေ့ပိုင်းရှိ ပဋိပက္ခများဖြစ်ပွားနေသော ဒေသ၌ အီဘိုလာရောဂါကူးစက်ခံရပြီး သေဆုံးသွားခဲ့သည့် ဆရာဝန်တစ်ဦးအား ဂုဏ်ပြုအောက်မေ့ခဲ့ကြောင်း အောက်တိုဘာ ၃၀ ရက်က ထုတ်ပြန်ခဲ့သော နောက်ဆုံးတရားဝင်အစီရင်ခံစာအရ သိရသည်။

ကွန်ဂို အမျိုးသားပြည်သူ့ကျန်းမာရေးအင်စတီကျု (INSP) ၏ နောက်ဆုံးထုတ်ပြန်သော အခြေအနေအစီရင်ခံစာအရ အောက်တိုဘာ ၂၈ ရက်အထိ အီဘိုလာရောဂါဖြစ်ပွားသူ အတည်ပြုလူနာ အရေအတွက်မှာ သေဆုံးသူ ၄,၉၉၂ ဦး အပါအဝင် ၁၀,၂၇၄ ဦးရှိခဲ့ပြီး အဆိုပါရောဂါကြောင့် သေဆုံးမှုနှုန်းမှာ ၄၈.၆ ရာခိုင်နှုန်းရှိကြောင်း သိရသည်။ အီဘိုလာရောဂါကူးစက်မှုမှာ နိုင်ငံအတွင်းရှိ ပြည်နယ် ၂၆ ခုအနက် ၈ ခုရှိ ကျန်းမာရေးဇုန်ပေါင်း ၆၇ ခုအထိ ကူးစက်ပျံ့နှံ့ခဲ့ကြောင်း သိရသည်။

ဖလာဗီယို ဘော်ဆိုနာရို ထွက်ခွာသွားမှုနှင့်ပတ်သက်၍ ဘရာဇီးအစိုးရက အာဂျင်တီးနားသံတမန်ကို ဆင့်ခေါ်

အထက်လွှတ်တော်အမတ် ဖလာဗီယို ဘော်ဆိုနာရို ဘရာဇီးနိုင်ငံမှ ထွက်ခွာသွားမှုနှင့် စပ်လျဉ်း၍ အာဂျင်တီးနားအစိုးရ၏ ပါဝင်ပတ်သက်မှု ရှိ၊ မရှိနှင့်ပတ်သက်၍ ရှင်းလင်းချက်ရယူရန် ဘရာဇီးအစိုးရက အာဂျင်တီးနားသံရုံး၏ ယာယီတာဝန်ခံ Maria Emilia Cortes ကို ဆင့်ခေါ်ခဲ့ကြောင်း ဒေသတွင်းမီဒီယာများက အောက်တိုဘာ ၃၀ ရက်တွင် သတင်းဖော်ပြခဲ့သည်။

အောက်တိုဘာ ၂၅ ရက်က ဒုတိယအကျော့ ရွေးကောက်ပွဲတွင် ရှုံးနိမ့်ခဲ့သော လစ်ဘရယ်ပါတီ ကိုယ်စားလှယ်လောင်း ဘော်ဆိုနာရိုသည် ၎င်း၏မိသားစုနှင့်အတူ အာဂျင်တီးနားနိုင်ငံမှ ကိုယ်ပိုင်လေယာဉ်ဖြင့် ထွက်ခွာခဲ့ပြီး အီကွေဒေါနိုင်ငံတွင် ခရီးတစ်ထောက်နားခဲ့ကာ အောက်တိုဘာ ၂၈ ရက်က အမေရိကန်နိုင်ငံသို့ ရောက်ရှိသွားခဲ့သည်။

ယူကရိန်းနိုင်ငံသို့ ကန်ဒေါ်လာ ၂.၁ ဘီလီယံတန်ဖိုးရှိ Patriot ဒုံးကျည်များ ရောင်းချရန် အမေရိကန် အတည်ပြု

ယူကရိန်းနိုင်ငံသို့ Patriot PAC-3 ဒုံးကျည် ၅၀၀ စင်းနှင့် ဆက်စပ်ပစ္စည်းများ ရောင်းချရန် အောက်တိုဘာ ၃၀ ရက်တွင် အတည်ပြုခဲ့ကြောင်းနှင့်  အဆိုပါရောင်းချမှု၏ တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၂.၁ ဘီလီယံရှိကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ကြေညာခဲ့သည်။

"ယူကရိန်းအစိုးရအနေဖြင့် Patriot Advanced Capability-3 (PAC-3) Missile Segment Enhancement (MSE) ဒုံးကျည် အစင်းရေ ၅၀၀ ဝယ်ယူရန် တောင်းဆိုထားကြောင်း၊ ထို့အပြင် PAC-3 MSE အပိုပစ္စည်းများအပြင် ထောက်ပံ့ပို့ဆောင်ရေး၊ အစီအစဉ်ဆိုင်ရာ အထောက်အပံ့ပစ္စည်းများနှင့် အခြားဆက်စပ်ပစ္စည်းများ စသည့် အဓိကမဟုတ်သော ကာကွယ်ရေးပစ္စည်းများလည်း ပါဝင်မည်ဖြစ်ကြောင်း” အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကနေဒါ-ဥရောပသမဂ္ဂ ထိပ်သီးအစည်းအဝေး ပြီးဆုံး၊ “အနာဂတ် မဟာမိတ်အဖွဲ့” စတင်ဖွဲ့စည်း

ကနေဒါနိုင်ငံ မွန်ထရီရယ်မြို့တွင် နှစ်ရက်ကြာ ကျင်းပခဲ့သော ၂၁ ကြိမ်မြောက် ကနေဒါ-ဥရောပသမဂ္ဂ (EU) ထိပ်သီးအစည်းအဝေးကို စုပေါင်းအင်အား မြှင့်တင်မည့် မဟာမိတ်အဖွဲ့ကို ကြေညာခဲ့ခြင်းနှင့်အတူ အောက်တိုဘာ ၃၀ ရက်တွင် ကျင်းပပြီးစီးခဲ့ပြီး ကနေဒါဝန်ကြီးချုပ် မာ့ခ်ကာနီကလည်း ကနေဒါနိုင်ငံအနေဖြင့် ဥရောပသမဂ္ဂ၏ ပထမဆုံး “တွဲဖက်အဖွဲ့ဝင်နိုင်ငံ” ဖြစ်လာရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း ပြောကြားခဲ့သည်။

အောက်တိုဘာ ၃၀ ရက်တွင် ထုတ်ပြန်ခဲ့သော ပူးတွဲကြေညာချက်အရ ကနေဒါနှင့် ဥရောပသမဂ္ဂတို့သည် ကုန်သွယ်ရေးနှင့် စည်းမျဉ်းစည်းကမ်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု၊ ဒစ်ဂျစ်တယ်နည်းပညာ၊ သုတေသနနှင့် ဆက်သွယ်ရေးနည်းပညာများ၊ အရေးပါသော ကုန်ကြမ်းပစ္စည်းများနှင့် စွမ်းအင်ကဏ္ဍ၊ ဘဏ္ဍာရေးဝန်ဆောင်မှုများနှင့် ဈေးကွက်များ၊ လုံခြုံရေးနှင့် အရေးပေါ်အခြေအနေများအတွက် ကြိုတင်ပြင်ဆင်မှု၊ ပြည်သူအချင်းချင်း ဆက်ဆံရေးနှင့် ဖလှယ်မှုများ စသည့် နယ်ပယ်များ၌ ရည်မှန်းချက်ကြီးမားသော ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်နိုင်ရန် ရည်ရွယ်၍ “အနာဂတ် မဟာမိတ်အဖွဲ့” ကို စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ (Xinhua)

………..

(English Version)

Daily World Briefing, Oct. 31

Houthi missiles strike near presidential palace in Yemen's Aden

Two loud explosions rocked Yemen's southern port city of Aden on Friday as Houthi-fired missiles struck near the presidential palace, a local security official told Xinhua.

The official, speaking on condition of anonymity, said the missiles struck the vicinity of Al-Ma'ashiq Palace in Aden's Crater district, where Yemen's internationally recognized government is based. Security forces were deployed around the area.

He added that air defenses were engaging drones over key government institutions in Aden following the missile strikes.

Casualties and damage were not immediately known.

Israeli forces demolish 2 Palestinian homes as Hebron operation enters 8th day

Israeli forces on Friday blew up the homes of two Palestinians accused of killing two Israeli soldiers in the southern West Bank city of Hebron, as a military operation entered its eighth day and displaced hundreds of families.

The two, Hamoudeh and Ahmed al-Jaabari, were killed by Israeli forces after being accused of carrying out a shooting attack on Oct. 23 in the Farsh al-Hawa area that killed two Israeli soldiers.

DR Congo Ebola death toll nears 5,000 as Africa CDC honors fallen doctor

The death toll from the ongoing Ebola outbreak in the Democratic Republic of the Congo (DRC) is approaching 5,000, according to the latest official report released Friday, as the Africa Centers for Disease Control and Prevention (Africa CDC) paid tribute to a doctor who died from the disease in the country's conflict-hit east.

The latest situation report from the DRC's National Institute of Public Health (INSP) showed that the country had recorded 10,274 confirmed Ebola cases, including 4,992 deaths, as of Oct. 28, with a case fatality rate of 48.6 percent. The outbreak has affected 67 health zones across eight of the country's 26 provinces.

Brazil summons Argentine diplomat over Flavio Bolsonaro's departure

The Brazilian government summoned Argentina's charge d'affaires in Brazil, Maria Emilia Cortes, to seek clarification on the Argentine government's alleged role in Sen. Flavio Bolsonaro's departure from Brazil, local media reported Friday.

Bolsonaro, the Liberal Party candidate who lost the runoff on Oct. 25, arrived in the United States with his family Wednesday aboard a private plane that departed from Argentina and made a stopover in Ecuador.

U.S. approves 2.1 bln USD Patriot missile sale to Ukraine

The U.S. Department of State announced Friday that it had approved the sale of 500 Patriot PAC-3 missiles and related equipment to Ukraine, valued at 2.1 billion U.S. dollars.

"The Government of Ukraine has requested to buy five hundred PATRIOT Advanced Capability-3 (PAC-3) Missile Segment Enhancement (MSE) missiles. The following non-major defense equipment items will also be included: PAC-3 MSE classified and unclassified spare parts; and other related elements of logistics and program support," it said.

Canada-EU summit closes with launch of "Alliance for the Future"

The two-day 21st Canada-European Union Summit concluded Friday in Montreal, Canada, with the launch of an alliance to bolster collective strength, while Canadian Prime Minister Mark Carney said Canada is working toward becoming the EU's first "associate member."

According to a joint statement issued Friday, Canada and the EU launched the "Alliance for the Future" aiming to deliver ambitious cooperation in the following areas: trade and regulatory cooperation; digital, research and communications technologies; critical raw materials and energy; financial services and markets; security and preparedness; and people-to-people.