
ပေကျင်း၊ အောက်တိုဘာ ၃၁ ရက် (ဆင်ဟွာ)
“ပြုပြင်ပြောင်းလဲရေး တံခါးဖွင့်မှု စတင်ချိန်ကနေ တရုတ်နိုင်ငံရဲ့ စီးပွားရေးဟာ အရှိန်အဟုန်နဲ့ ဖွံ့ဖြိုးတိုးတက်လာတယ်။ ဖွံ့ဖြိုးတိုးတက်မှု အမြန်နှုန်းဖြစ်စေ ဖွံ့ဖြိုးတိုးတက်မှု အတိုင်းအတာဖြစ်စေ ကမ္ဘာ့သမိုင်းမှာ မကြုံစဖူးမလို့ ဒီအပေါ် ကျွန်တော် အလွန်ပင် လေးစားအားကျမိပါတယ်” ဟု တရုတ်နိုင်ငံသို့ နိုင်ငံတော်အဆင့် ခရီးစဉ်လာရောက်လျက်ရှိသော ဂျာမနီနိုင်ငံ သမ္မတ Frank-Walter Steinmeier က အောက်တိုဘာ ၂၉ ရက်တွင် ပေကျင်းတက္ကသိုလ်၌ မိန့်ခွန်းပြောကြားစဉ် ပြောကြားခဲ့သည်။
Steinmeier သည် တရုတ်နိုင်ငံသို့ အောက်တိုဘာ ၂၇ ရက်မှ ၃၁ ရက်အထိ ၅ ရက်ကြာ နိုင်ငံတော်အဆင့် ခရီးစဉ်ကို လာရောက်ခဲ့သည်။ တရုတ်နိုင်ငံ အန်းဟွေးမှ ပေကျင်းအထိ စွမ်းအင်သစ်သုံး မော်တော်ယာဉ်၊ သိပ္ပံနှင့်နည်းပညာဆန်းသစ်တီထွင်မှု၊ အစိမ်းရောင်ဖွံ့ဖြိုးတိုးတက်မှု၊ ရိုးရာယဉ်ကျေးမှု... တရုတ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်မှု၏ တက်ကြွမှုနှင့် တရုတ်-ဂျာမနီ ပူးပေါင်းဆောင်ရွက်မှုအတွက် ကျယ်ပြန့်သော အလားအလာတို့က ၎င်းအား နက်ရှိုင်းသော အမှတ်တရကို ကျန်ရစ်စေခဲ့သည်။
Steinmeier နှင့် ဇနီးဖြစ်သူ Elke Büdenbender တို့သည် အောက်တိုဘာ ၂၇ ရက်တွင် အန်းဟွေးပြည်နယ် ဟဲဖေမြို့ရှိ Volkswagen (China) Technology Co., Ltd. (VCTC) သို့ ရောက်ရှိလာကာ Volkswagen ကုမ္ပဏီ၏ တရုတ်နိုင်ငံအတွင်း မဟာဗျူဟာနှင့် သုတေသနနှင့်ဖွံ့ဖြိုးရေး အခြေအနေကို လေ့လာနားလည်ခဲ့ပြီး စွမ်းအင်သစ်သုံး မော်တော်ယာဉ်ကို စမ်းသပ်မောင်းနှင်ခဲ့သည်။
“ဒါက Volkswagen အုပ်စုရဲ့ ဂျာမနီနိုင်ငံပြင်ပမှာရှိတဲ့ အကြီးမားဆုံး သုတေသနနှင့်ဖွံ့ဖြိုးရေးစင်တာဖြစ်တယ်” ဟု Steinmeier က ထိုနေ့တွင် လူမှုကွန်ရက်ပေါ်၌ ၎င်း၏ခရီးစဉ်အပေါ်ခံစားချက်ကို မျှဝေခဲ့သည်။ ဂျာမနီနှင့် တရုတ် အင်ဂျင်နီယာများ မော်တော်ယာဉ်ဆိုင်ရာဆော့ဖ်ဝဲလ်များ ပူးတွဲ သုတေသနပြုတီထွင်နေသည်ကို တွေ့ရသည့်အတွက် အလွန်ဝမ်းမြောက်ဝမ်းသာ ဖြစ်မိကြောင်းနှင့် နှစ်နိုင်ငံကုမ္ပဏီလုပ်ငန်းများ ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်ရန် မျှော်လင့်ကြောင်း ၎င်းက ဆိုသည်။
နောက်တစ်နေ့တွင် Steinmeier ဇနီးမောင်နှံသည် ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်နေရာ ဟုန်ချွမ်းကျေးရွာသို့ ဝင်ရောက်ခဲ့ပြီး ထို့နောက် ဟွမ်ဆန်းတောင်ပေါ်သို့ တက်ခဲ့ကြသည်။ Steinmeier က လွန်ခဲ့သော ၂၅ နှစ်အတွင်း ၎င်းအနေဖြင့် တရုတ်နိုင်ငံသို့ ၈ ကြိမ် လာရောက်ခဲ့ဖူးပြီး တရုတ်နိုင်ငံ နေရာဒေသ အများအပြားသို့ ရောက်ရှိကာ တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုကို အမြဲတမ်း မြင်တွေ့ရသဖြင့် စိတ်ရင်းမှန်ဖြင့် လေးစား၊ တန်ဖိုးထားပါကြောင်း ပြောကြားခဲ့သည်။
Steinmeier သည် အောက်တိုဘာ ၂၉ ရက် နံနက်ပိုင်းတွင် တရုတ်သိပ္ပံအကယ်ဒမီ လေထုရူပဗေဒသုတေသနဌာန၌ ပေကျင်းမြို့ ၃၂၅ မီတာမြင့် မိုးလေဝသလေ့လာရေးတာဝါကို ကွင်းဆင်းလေ့လာခဲ့သည်။ ရာသီဥတုပြောင်းလဲမှုသည် မိမိတို့နေထိုင်သည့် ခေတ်ကာလ၏ အပြင်းထန်ဆုံး ဘုံစိန်ခေါ်မှုများအနက် တစ်ခုဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ “ကျွန်တော်တို့အားလုံးအတူ ပူးပေါင်းဆောင်ရွက်မှသာ ဒီစိန်ခေါ်မှုကို ရင်ဆိုင်နိုင်မှာဖြစ်ပြီး ဂျာမနီအနေနဲ့ တရုတ်နိုင်ငံနဲ့အတူ အပြန်အလှန်ရဲ့ ခိုင်မာအားကောင်းတဲ့ ပူးပေါင်းဆောင်ရွက်မှုမိတ်ဖက်အဖြစ် ဆက်လက်ရပ်တည်သွားလိုပါတယ်” ဟု ၎င်းက ဆိုသည်။
ထိုနေ့ ညနေပိုင်းတွင် Steinmeier က ပေကျင်းတက္ကသိုလ်၌ မိန့်ခွန်းပြောကြားခဲ့သည်။ ၎င်း၏ ရက်အနည်းငယ်ကြာ လည်ပတ်လေ့လာမှုမှ ရရှိသည့် အတွေ့အကြုံများကို ပြန်လည်သုံးသပ်ရင်း ၎င်းက ယနေ့ တရုတ်နိုင်ငံသည် ကမ္ဘာပေါ်တွင် ဆန်းသစ်တီထွင်မှု အစွမ်းအစအရှိဆုံး စီးပွားရေးအင်အားစုများအနက် တစ်ခုဖြစ်လာပြီး အနာဂတ်စျေးကွက် နယ်ပယ်များစွာတွင်လည်း ဦးဆောင်နေရာမှ ရပ်တည်လျက်ရှိကြောင်း ပြောကြားခဲ့သည်။
Steinmeier က တရုတ်နိုင်ငံ၏ အစိမ်းရောင်ဖွံ့ဖြိုးတိုးတက်မှုမှ ရရှိသည့် အောင်မြင်မှုများကို ချီးမွမ်းခဲ့သည်။ လျှပ်စစ်စွမ်းအင်သုံးမော်တော်ယာဉ်များ လျင်မြန်စွာ တွင်တွင်ကျယ်ကျယ်အသုံးပြုလာခြင်းနှင့်အတူ မြို့ပြသွားလာရေးယာဉ်ကြောများ ပိုမိုဆိတ်ငြိမ်လာခြင်းတို့ကို ၎င်းက ဥပမာပေးပြောကြားခဲ့ပြီး ယင်းက တရုတ်ပုံစံ ခေတ်မီ၍ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်များနှင့် နီးကပ်စွာ ဆက်စပ်နေသည်။
“တရုတ်-ဂျာမနီအကြား စဉ်ဆက်မပြတ်နေရှိတဲ့ အဆင့်မြင့်အလွှာ အပြန်အလှန်ဆက်ဆံမှုဟာ စက်မှုလုပ်ငန်းလောကအတွက် ပိုမိုတည်ငြိမ်ပြီး ကြိုတင်ခန့်မှန်းနိုင်တဲ့ ပူးပေါင်းဆောင်ရွက်မှု မူဘောင်ကို တည်ဆောက်ပေးတယ်” ဟု Volkswagen Group (China) ဥက္ကဋ္ဌနှင့် အမှုဆောင်အရာရှိချုပ် Ralf Brandstätter က ပြောကြားခဲ့သည်။ ကောင်းမွန်သော နှစ်နိုင်ငံဆက်ဆံရေးသည် နည်းပညာဆိုင်ရာ ပေါင်းစပ်ဆောင်ရွက်မှုနှင့် ထုတ်လုပ်မှုကွင်းဆက် ညှိနှိုင်းဆောင်ရွက်မှုအတွက် ပိုမိုအကျိုးပြုသော အခြေအနေများကို ဖန်တီးပေးမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
“ကျွန်တော်တို့ နှစ်နိုင်ငံအကြား ကွဲပြားခြားနားမှုတွေ ရှိပေမယ့် နီးကပ်တဲ့ ဖလှယ်မှု၊ ပူးပေါင်းဆောင်ရွက်မှုတွေက နေတစ်ဆင့် တစ်ဦးနဲ့တစ်ဦး ပိုမိုနက်ရှိုင်းစွာ နားလည်သဘောပေါက်နိုင်ဖို့ အထောက်အကူဖြစ်မှာပါ” ဟု Steinmeier က ပြောကြားခဲ့ပြီး အနာဂတ်တွင် ဂျာမနီနှင့် တရုတ် ပြည်သူများ ပိုမိုတွေ့ဆုံသိကျွမ်းကာ ပွင့်လင်းရိုးသားသောဖလှယ်မှုများမှတစ်ဆင့် အပြန်အလှန်နားလည်မှုများ တိုးပွားလာလိမ့်မည်ဟု မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)

.............................
(Chinese Version)
德国总统施泰因迈尔:对中国的发展成就深为钦佩
新华社北京10月30日电 题:德国总统施泰因迈尔:对中国的发展成就深为钦佩 新华社记者魏梦佳、郭晨、胡喆
“改革开放以来,中国经济迅猛发展,无论是发展速度还是发展规模在世界历史上都前所未有,对此我深为钦佩。”正在中国进行国事访问的德国总统施泰因迈尔29日在北京大学发表演讲时说。
27日至31日,施泰因迈尔对中国进行为期5天的国事访问。从安徽到北京,新能源汽车、科技创新、绿色发展、传统文化……中国发展的活力和中德合作的广阔空间给他留下深刻印象。
27日,施泰因迈尔和夫人比登本德来到位于安徽合肥的大众汽车(中国)科技有限公司,了解大众汽车在华战略及研发情况,并试驾新能源汽车。
“这是大众汽车集团在德国以外最大的研发中心。”施泰因迈尔当天在社交媒体上分享访问感受。他表示,很高兴看到德中工程师共同研发汽车软件,希望两国企业开展更加紧密的合作。
次日,施泰因迈尔夫妇走进世界文化遗产地宏村,随后登上黄山。施泰因迈尔表示,过去25年间自己8次来华访问,去过中国许多地方,一直关注中国的发展,并怀有由衷敬意。
29日上午,在中国科学院大气物理研究所,施泰因迈尔实地考察北京325米气象观测塔。他说,气候变化是我们所处时代最严峻的共同挑战之一。“我们唯有协力合作,方能应对这一挑战,德国愿继续与中国做彼此强有力的合作伙伴。”
当日下午,施泰因迈尔在北京大学发表演讲。回顾自己几天的参访收获,他说,如今中国已是全球最具创新力的经济体之一,在许多未来市场领域处于领先地位。
施泰因迈尔称赞中国绿色发展取得的成效。他举例说,电动汽车快速普及,城市交通更加安静,这与中国现代化、可持续发展的规划密切相关。
“中德之间持续的高层交往,为产业界搭建了更稳定、可预期的合作框架。”大众汽车集团(中国)董事长兼首席执行官贝瑞德表示,良好的双边关系将为技术协同和产业链协作创造更有利的条件。
“虽然我们两国存在差异,但紧密的交流合作会帮助我们更深入理解对方。”施泰因迈尔说,希望未来有更多德国和中国民众相遇相知,在坦诚开放的交流中增进彼此理解。(完)
图说1:10月29日,德国总统施泰因迈尔在北京大学发表演讲。新华社记者 马晓冬 摄
图说2:10月27日,德国总统施泰因迈尔(右)在位于安徽合肥的大众汽车(中国)科技有限公司测试场参观中国产大众新能源汽车。 新华社记者 杜宇 摄







b0a3ed349cba858e4e105e0a8977ea9dfb0cb9b3.article_card.avif)
d55e9c4707cc1c85fa680c01ab0661ede5234dc3.article_card.avif)