တရုတ်နိုင်ငံ အရှေ့ပိုင်း ကျဲ့ကျန်းပြည်နယ် နင်းပေါမြို့၌ ၂၀၂၆ ခုနှစ် အောက်တိုဘာ ၃၀ ရက်က ကျင်းပသည့် ၂၀၂၆ IWF ကမ္ဘာ့ချန်ပီယံရှစ် အလေးမပြိုင်ပွဲ အမျိုးသား ၇၀ ကီလိုတန်း အမြန်မနည်းပြိုင်ပွဲတွင် မြောက်ကိုရီးယားနိုင်ငံမှ ပတ်ခ်ဖြို ပြိုင်ပွဲဝင်နေပုံကို ၂၀၂၆ ခုနှစ် အောက်တိုဘာ ၃၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
တရုတ်နိုင်ငံ အရှေ့ပိုင်း ကျဲ့ကျန်းပြည်နယ် နင်းပေါမြို့၌ ၂၀၂၆ ခုနှစ် အောက်တိုဘာ ၃၀ ရက်က ကျင်းပသည့် ၂၀၂၆ IWF ကမ္ဘာ့ချန်ပီယံရှစ် အလေးမပြိုင်ပွဲ အမျိုးသား ၇၀ ကီလိုတန်း အမြန်မနည်းပြိုင်ပွဲတွင် မြောက်ကိုရီးယားနိုင်ငံမှ ပတ်ခ်ဖြို ပြိုင်ပွဲဝင်နေပုံကို ၂၀၂၆ ခုနှစ် အောက်တိုဘာ ၃၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

နင်းပေါ၊ တရုတ်၊ အောက်တိုဘာ ၃၁ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ နင်းပေါမြို့တွင် အောက်တိုဘာ ၃၀ ရက်က ကျင်းပခဲ့သည့် IWF ကမ္ဘာ့ချန်ပီယံရှစ် အလေးမပြိုင်ပွဲ အမျိုးသား ၇၀ ကီလိုတန်းတွင် မြောက်ကိုရီးယားနိုင်ငံမှ ပတ်ခ်ဖြိုက ကမ္ဘာ့စံချိန်နှစ်ခုကို ချိုးဖျက်ကာ ရွှေတံဆိပ် ဆွတ်ခူးသွားခဲ့ပြီး ဇာတိမြေ နင်းပေါမြို့၌ ပြိုင်ပွဲဝင်ခွင့်ရခဲ့သည့် တရုတ်အလေးမအားကစားသမား ဟယ်ပေါင်ကျန်းက ကြေးတံဆိပ် ဆွတ်ခူးသွားခဲ့သည်။

ပတ်ခ်ဖြိုက အမြန်မနည်းတွင် ၁၅၇ ကီလို၊ နှစ်ဆင့်မနည်းတွင် ၁၉၈ ကီလို၊ စုစုပေါင်း ၃၅၅ ကီလို မ နိုင်ခဲ့သဖြင့် အမြန်မစံချိန်နှင့် စုစုပေါင်းစံချိန်တို့တွင် စံချိန်သစ်တင်နိုင်ခဲ့ခြင်းဖြစ်သည်။ အသက် ၂၂ နှစ်အရွယ် ဟယ်ကမူ အမြန်မနည်းတွင် ငွေတံဆိပ်၊ နှစ်ဆင့်မစံချိန်နှင့် စုစုပေါင်းစံချိန်တို့တွင် ကြေးတံဆိပ်များ ရရှိခဲ့ပြီး ဆုတံဆိပ်သုံးခု ဆွတ်ခူးနိုင်ခဲ့သည်။

ဟယ်မှာ အမြန်မနည်း သုံးကြိမ်စလုံးတွင် အောင်မြင်စွာ မ နိုင်ခဲ့သဖြင့် ၁၅၁ ကီလိုဖြင့် ပွဲကိုအဆုံးသတ်နိုင်ခဲ့သည်။ "ပထမတစ်ကြိမ် မ တုန်းက စိတ်လှုပ်ရှားခဲ့ပေမဲ့ ဒုတိယတစ်ကြိမ်မှာ စိတ်ကိုလျှော့ချနိုင်ခဲ့တယ်။ တတိယတစ်ကြိမ်မှာတော့ အတွေးလွန်နေတာမျိုး မဖြစ်တော့ဘဲ လွယ်လွယ်ကူကူပဲ မ နိုင်ခဲ့တယ်" ဟု ၎င်းက ပြောကြားခဲ့သည်။

ပတ်ခ်က ၁၅၀ ကီလိုဖြင့် စတင်မ ပြီးနောက် ၁၅၅ ကီလိုနှင့် ၁၅၇ ကီလိုတို့ဖြင့် အမြန်မနည်းတွင် နှစ်ကြိမ်တိုင်တိုင် ကမ္ဘာ့စံချိန်သစ်တင်နိုင်ခဲ့သည်။ ၁၅၄ ကီလိုတန်းတွင် ယခင်ကမ္ဘာ့စံချိန်အား လွန်ခဲ့သောတစ်လက နာဂိုယာတွင် ဂျပန်နိုင်ငံမှ မာဆာနိုရိ မိယာမိုတိုက တင်ရှိထားခြင်းဖြစ်သည်။ မြောက်ကိုရီးယားနိုင်ငံမှ ရီဝမ်ဂျူးကလည်း ၁၅၁ ကီလို မ နိုင်ခဲ့သော်လည်း ခန္ဓာကိုယ်အလေးချိန် ပိုမိုပေါ့ပါးမှုကြောင့် ဟယ်က ၆၉.၆၀ ကီလို- ၆၉.၉၅ ကီလိုဖြင့် ငွေတံဆိပ်ဆွတ်ခူးသွားခဲ့သည်။

ဟယ်က နှစ်ဆင့်မနည်းတွင် ၁၈၂ ကီလိုဖြင့် စတင်ခဲ့ပြီးနောက် ၁၈၈ ကီလို ထပ်မံ မ နိုင်ခဲ့သည်။ မြောက်ကိုရီးယား အလေးမအားကစားသမား နှစ်ဦးစလုံးကမူ ၎င်းထက်ပိုများသည့် အလေးချိန်ဖြင့် စတင်ခဲ့ပြီး ပတ်ခ်ဖြိုက ၁၉၀ ကီလို၊ နာဂိုယာ အာရှအားကစားပြိုင်ပွဲချန်ပီယံ ရီဝမ်ဂျူးက ၁၉၂ ကီလိုဖြင့် အသီးသီးစတင်ခဲ့ကြသည်။ ဟယ်မှာ တတိယအကြိမ် မ ရာတွင် အောင်မြင်ခဲ့ခြင်းမရှိသဖြင့် ၁၈၈ ကီလိုဖြင့် ကြေးတံဆိပ်ရရှိခဲ့သည်။

"ကျွန်တော် အလျင်စလိုလုပ်မိခဲ့တယ်။ မဟုတ်ရင်တော့ အလွယ်တကူနဲ့ မ နိုင်မှာပါ" ဟု ဟယ်က ပြောသည်။

ထို့နောက် ပတ်ခ်ဖြိုက ၁၉၅ ကီလိုကို အောင်အောင်မြင်မြင် မ နိုင်ခဲ့ပြီး စုစုပေါင်းစံချိန် ၃၅၂ ကီလိုဖြင့် ရီဝမ်ဂျူး၏ ယခင်စံချိန် ၃၄၉ ကီလိုကို ချိုးဖျက်နိုင်ခဲ့ပြီးနောက် ၁၉၈ ကီလို မ ကာ စုစုပေါင်းစံချိန်ကို ၃၅၅ ကီလိုအထိ တိုးမြှင့်နိုင်ခဲ့သည်။ ရီမှာ ၎င်း၏ နှစ်ဆင့်မနည်းစံချိန်ဖြစ်သော ၁၉၈ ကီလိုကို ပြန်လည်ချိုးဖျက်ရန် ကြိုးပမ်းသည့်အနေဖြင့် ၂၀၅ ကီလို မ ရန် ကြိုးစားခဲ့သော်လည်း မအောင်မြင်ခဲ့ဘဲ လက်မောင်းဒဏ်ရာ ရရှိသွားသည့်အတွက် ပြိုင်ပွဲမှနုတ်ထွက်ခဲ့ရသည်။ ရီက ၃၄၃ ကီလိုဖြင့် ငွေတံဆိပ်ရရှိခဲ့ပြီး ဖိလစ်ပိုင်နိုင်ငံမှ အဲလ်ဘတ် အီယန် ဒယ်လော့စ် ဆန်းတို့စ်က ၃၃၁ ကီလိုဖြင့် စတုတ္ထနေရာတွင် ရပ်တည်နိုင်ခဲ့သည်။

အမျိုးသား ၇၅ ကီလိုတန်း အလေးမပြိုင်ပွဲကို အောက်တိုဘာ ၃၁ ရက်တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ပြီး အင်ဒိုနီးရှားနိုင်ငံမှ ရာမတ် အာဝင် အဗ္ဗဒူလာနှင့် မြောက်ကိုရီးယားနိုင်ငံမှ အလေးမအားကစားသမားများ အကြိတ်အနယ် ယှဉ်ပြိုင်သွားမည်ဖြစ်သည်။ (Xinhua)

တရုတ်နိုင်ငံ အရှေ့ပိုင်း ကျဲ့ကျန်းပြည်နယ် နင်းပေါမြို့၌ ၂၀၂၆ ခုနှစ် အောက်တိုဘာ ၃၀ ရက်က ကျင်းပသည့် ၂၀၂၆ IWF ကမ္ဘာ့ချန်ပီယံရှစ် အလေးမပြိုင်ပွဲ အမျိုးသား ၇၀ ကီလိုတန်းပြိုင်ပွဲ ဆုပေးပွဲအခမ်းအနားတွင် မြောက်ကိုရီးယားနိုင်ငံမှ ရွှေတံဆိပ်ဆုရှင် ပတ်ခ်ဖြို (အလယ်) နှင့် ငွေတံဆိပ်ဆုရှင် ရီဝမ်ဂျူး (ဝဲ)၊ တရုတ်နိုင်ငံမှ ကြေးတံဆိပ်ဆုရှင် ဟယ်ပေါင်ကျန်းတို့ကို ၂၀၂၆ ခုနှစ် အောက်တိုဘာ ၃၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
တရုတ်နိုင်ငံ အရှေ့ပိုင်း ကျဲ့ကျန်းပြည်နယ် နင်းပေါမြို့၌ ၂၀၂၆ ခုနှစ် အောက်တိုဘာ ၃၀ ရက်က ကျင်းပသည့် ၂၀၂၆ IWF ကမ္ဘာ့ချန်ပီယံရှစ် အလေးမပြိုင်ပွဲ အမျိုးသား ၇၀ ကီလိုတန်းပြိုင်ပွဲ ဆုပေးပွဲအခမ်းအနားတွင် မြောက်ကိုရီးယားနိုင်ငံမှ ရွှေတံဆိပ်ဆုရှင် ပတ်ခ်ဖြို (အလယ်) နှင့် ငွေတံဆိပ်ဆုရှင် ရီဝမ်ဂျူး (ဝဲ)၊ တရုတ်နိုင်ငံမှ ကြေးတံဆိပ်ဆုရှင် ဟယ်ပေါင်ကျန်းတို့ကို ၂၀၂၆ ခုနှစ် အောက်တိုဘာ ၃၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

…………………………

(English Version)

DPRK weightlifter Pak shatters two world records for 70kg gold as Ningbo local He takes bronze

NINGBO, China, Oct. 30 (Xinhua) -- DPR Korea's Pak Pyol broke two world records to win the men's 70kg title at the IWF World Championships here on Friday, while China's He Baozhen took bronze in the city where he grew up.

Pak lifted 157kg in the snatch and 198kg in the clean and jerk for a 355kg total, setting new records in the snatch and total. He, 22, won three medals, including silver in the snatch and bronze medals in the clean and jerk and total.

He made all three snatch attempts to finish on 151kg. "I was nervous on the first lift, but relaxed on the second. By the third, I stopped overthinking and it felt easy," he said.

Pak opened at 150kg before twice rewriting the snatch record at 155kg and 157kg. The previous 154kg mark was set by Japan's Masanori Miyamoto in Nagoya a month ago. DPRK's Ri Won-ju also made 151kg, but He took silver thanks to a lighter bodyweight, 69.60kg against 69.95kg.

He opened his clean and jerk at 182kg and then made 188kg, while both DPRK lifters started higher, Pak at 190kg and Nagoya champion Ri at 192kg. He failed his third attempt and took bronze at 188kg.

"I rushed it; otherwise I could have made it look easy," He said.

Pak then made 195kg for a 352kg total, breaking Ri's previous record of 349kg, and pushed it to 355kg with 198kg. Ri, chasing his own 198kg clean and jerk record, went for 205kg but failed and appeared to injure his arm before withdrawing. Ri took silver at 343kg, with the Philippines' Albert Ian Delos Santos fourth at 331kg.

The men's 75kg competition takes place on Saturday, with Indonesia's Rahmat Erwin Abdullah facing DPRK lifters.

Photo caption 1: Pak Pyol of the Democratic People's Republic of Korea (DPRK) competes during the men's 70kg snatch event at the 2026 IWF World Championships in Ningbo, east China's Zhejiang Province, Oct. 30, 2026. (Xinhua/Jiang Han)

Photo caption 2: Total gold medalist Pak Pyol (C) and silver medalist Ri Won Ju (L) of the Democratic People's Republic of Korea (DPRK), bronze medalist He Baozhen of China pose for photograph during the awarding ceremony of the men's 70kg event at the 2026 IWF World Championships in Ningbo, east China's Zhejiang Province, Oct. 30, 2026. (Xinhua/Jiang Han)