ဂျာမနီနိုင်ငံ စပီဆန်-အယ်လ်ဗာစ်ဘတ်မြို့တွင် ၂၀၂၅ ခုနှစ် မေ ၂၆ ရက်က ဟိုင်ဒင်ဟိမ်း ၁၈၄၆ အသင်းနှင့် အက်စ်ဗီ အယ်လ်ဗာစ်ဘတ်အသင်းတို့ ယှဉ်ပြိုင်ကစားသည့် ဘွန်ဒက်စ်လီဂါ တန်းတက်ခွင့် play-off ဒုတိယအကျော့ပွဲစဉ်၌ အယ်လ်ဗာစ်ဘတ်အသင်းမှ ဖီစ်နစ် အက်စ်လာနီ အောင်ပွဲခံနေစဉ် (ဆင်ဟွာ)
ဂျာမနီနိုင်ငံ စပီဆန်-အယ်လ်ဗာစ်ဘတ်မြို့တွင် ၂၀၂၅ ခုနှစ် မေ ၂၆ ရက်က ဟိုင်ဒင်ဟိမ်း ၁၈၄၆ အသင်းနှင့် အက်စ်ဗီ အယ်လ်ဗာစ်ဘတ်အသင်းတို့ ယှဉ်ပြိုင်ကစားသည့် ဘွန်ဒက်စ်လီဂါ တန်းတက်ခွင့် play-off ဒုတိယအကျော့ပွဲစဉ်၌ အယ်လ်ဗာစ်ဘတ်အသင်းမှ ဖီစ်နစ် အက်စ်လာနီ အောင်ပွဲခံနေစဉ် (ဆင်ဟွာ)

ဘာလင်၊ အောက်တိုဘာ ၃၁ ရက် (ဆင်ဟွာ)

အောက်တိုဘာ ၃၀ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် ဘွန်ဒက်စ်လီဂါပွဲစဉ်၌ တန်းတက် အက်စ်ဗီ အယ်လ်ဗာစ်ဘတ်အသင်းက မိန့်ဇ်အသင်းကို ၄-၁ ဂိုးဖြင့် ဂိုးပြတ်အနိုင်ရခဲ့ပြီး အမှတ်ပေးဇယားတွင် အဆင့်-၅ နေရာသို့ တက်လှမ်းနိုင်ခဲ့ကာ အိမ်ရှင် အယ်လ်ဗာစ်ဘတ်အနေဖြင့် ပထမပိုင်းမှာပင် ၃ ဂိုးသွင်းယူကာ ပွဲကို ပြတ်ပြတ်သားသား ထိန်းချုပ်ထားနိုင်ခဲ့သည်။

အယ်လ်ဗာစ်ဘတ်အသင်းက ပွဲအစကတည်းကပင် ဖိအားပေးကစားခဲ့ပြီး ၇ မိနစ်အကြာမှာပင် ဦးဆောင်ဂိုးရရှိခဲ့သည်။ မိန့်ဇ်ကစားသမား ဖိလစ်ပ် မွီနီ ပင်နယ်တီဧရိယာအနီးတွင် ဘောလုံးပျက်သွားခဲ့ရာ  ကိုင်ဒယ်က အဆိုပါအခွင့်အရေးကို အမိအရအသုံးချ၍ မီတာ ၂၀ အကွာမှ အလွတ်တည်ကန်ဘောကို ဝေ့ဝိုက်ကန်သွင်းရာတွင် ဒဏ်ရာမှ ပြန်လည်သက်သာလာသည့် မိန့်ဇ်ဂိုးသမား ရိုဘင် ဇန်တနာကိုကျော်၍ ဂိုးထောင့်ထဲသို့ တန်းတန်းမတ်မတ်ဝင်သွားခဲ့သည်။

မိန့်ဇ်အသင်းအနေဖြင့် အခွင့်အရေးကောင်းများ ဖန်တီးနိုင်ရန် ရုန်းကန်ခဲ့ရပြီး ပွဲချိန် ၂၆ မိနစ်တွင် ဒုတိယဂိုး ထပ်မံခွင့်ပြုခဲ့ရပြန်သည်။ ဒေးဗစ် မိုကွာ ဘောလုံးဆွဲပြေးလာပြီး အိုနီကာထံ ပေးပို့ခဲ့ရာ အိုနီကာက ပေါလ် နီဘယ်၏ ဖိအားပေးမှုကို ကျော်ဖြတ်၍ ၎င်း၏ ပထမဆုံး ဘွန်ဒက်စ်လီဂါသွင်းဂိုးကို ရယူနိုင်ခဲ့သည်။

ပထမပိုင်းပွဲချိန်နှောင်းပိုင်းတွင် မိန့်ဇ်အသင်းက အယ်လ်ဗာစ်ဘတ်အသင်းဘက်ခြမ်း၌ ပိုမိုစိုးမိုးလာနိုင်ခဲ့သော်လည်း အိမ်ရှင်အသင်းကသာ ပိုမိုခြိမ်းခြောက်ထားနိုင်ဆဲဖြစ်သည်။ ပွဲချိန် မိနစ် ၄၀ တွင် လူးကက်စ် ပက်ကော့ဗ်၏ကန်ချက်မှာ ဂိုးပေါက်နှင့်လွဲချော်ခဲ့သော်လည်း ပထမပိုင်း ထပ်ဆောင်းအချိန်ပိုတွင် ကရက်တန်မက်ချာက တတိယဂိုးသွင်းယူနိုင်ခဲ့သည်။ ကိုင်ဒယ်၏ ထောင့်ကန်ဘောကန်တင်ပေးမှုကို ဂိုးသမား ဇန်တနာ ပီပီပြင်ပြင် ရှင်းထုတ်နိုင်ခြင်းမရှိရာမှ ကရက်တန်မက်ချာက နာဒီယမ် အာမီရီနှင့် နီဘယ်တို့ကို လှည့်ထွက်ကာ ဂိုးထောင့်ထဲသို့ အနိမ့်‌ဘောကန်သွင်းခဲ့ခြင်းဖြစ်သည်။

ဒုတိယပိုင်း ၆၃ မိနစ်တွင် မိန့်ဇ်အသင်းနည်းပြ အူးရ် ဖစ်ရှာက ဟော်လာဘက်ရှ်၊ ဆေးလ်ဗန် ဝစ်ဒ်မာ၊ ရန်းစ်ဖို့ဒ် ယီဘိုအာ ကိုနစ်စ်ဒေါ့ဖာနှင့် လန်းနာ့ဒ် မာလိုနီတို့ကို ထည့်သွင်းကာ ကစားသမား ၄ ဦး အပြောင်းအလဲပြုလုပ်ခဲ့သည်။ ၃ မိနစ်အကြာတွင် ကိုနစ်စ်ဒေါ့ဖာက ချေပဂိုးတစ်ဂိုး သွင်းယူနိုင်ပြီဟု ထင်မှတ်ရသော်လည်း VAR ပြန်လည်ကြည့်ရှုခဲ့ရာ လူကျွံနေသည့်အတွက် ပယ်ဖျက်ခံခဲ့ရသည်။ မိန့်ဇ်ဂိုးသမား ဇန်တနာကလည်း မိုကွာ၏ တစ်ကိုယ်တော် ဆွဲပြေးကန်သွင်းမှုကို ကာကွယ်ခဲ့ရသည်။

ထပ်ဆောင်းအချိန်ပိုတွင် နီကိုလပ်စ် မစ်ကယ်ဆင်၏ ဖြတ်တင်ဘောပေးပို့မှုကို ကမ်းဘဲလ်က ရင်ဘတ်ဖြင့်ထိန်း၍ လေထဲတွင် လှလှပပကန်သွင်းကာ အယ်လ်ဗာစ်ဘတ်အတွက် စတုတ္ထဂိုးရယူပေးခဲ့သည်။ ထို့နောက် ကိုနစ်စ်ဒေါ့ဖာ၏ အနိမ့်ဘောပေးပို့မှုမှတစ်ဆင့် ဟော်လာဘက်ရှ်က ချေပဂိုးတစ်ဂိုး သွင်းယူနိုင်ခဲ့သော်လည်း နောက်ပိုင်းတွင် မိန့်ဇ်အသင်း၏ လူစားဝင်ကစားသမား စတီဖန် ပို့ရှ် ဒုတိယအကြိမ် အဝါထိခဲ့ပြီး ထုတ်ပယ်ခံခဲ့ရသဖြင့် လာမည့်ဘွန်ဒက်စ်လီဂါပွဲစဉ်ကို လွဲချော်မည်ဖြစ်သည်။

"ကျွန်တော်တို့ရဲ့ ကစားပုံက သိပ်ကိုစိတ်ပျက်စရာကောင်းပါတယ်။ ရာသီအစ တာထွက်ကောင်းဖို့ ကျွန်တော်တို့ ပြင်းပြင်းထန်ထန် ကြိုးစားခဲ့ပေမဲ့ ပြီးခဲ့တဲ့ပွဲစဉ်နှစ်ပွဲမှာ ကျွန်တော်တို့အသင်းရဲ့ စွမ်းဆောင်ရည်က တော်တော်လေး စိတ်ပျက်စရာကောင်းပါတယ်" ဟု မိန့်ဇ်အသင်း အားကစားဒါရိုက်တာ နီကို ဘွန်ဂတ်က ပွဲအပြီးတွင် ပြောကြားခဲ့သည်။

အယ်လ်ဗာစ်ဘတ်အသင်းမှာ ၈ ပွဲကစားပြီးချိန်တွင် ၁၃ မှတ် ရရှိထားပြီး မိန့်ဇ်အသင်းကမူ ၁၀ မှတ် ရရှိထားသည်။ လာမည့်ပွဲစဉ်၌ အယ်လ်ဗာစ်ဘတ်က ဒေါ့မွန်၏ အိမ်ကွင်းသို့ သွားရောက်ကစားရမည်ဖြစ်ပြီး မိန့်ဇ်ကမူ အမှတ်ပေးဇယားထိပ်ဆုံးမှ ဘိုင်ယန်မြူးနစ်ကို အိမ်ကွင်း၌ လက်ခံကစားရမည်ဖြစ်သည်။ (Xinhua)

ဂျာမနီနိုင်ငံ စပီဆန်-အယ်လ်ဗာစ်ဘတ်မြို့တွင် ၂၀၂၅ ခုနှစ် မေ ၂၆ ရက်က ဟိုင်ဒင်ဟိမ်း ၁၈၄၆ အသင်းနှင့် အက်စ်ဗီ အယ်လ်ဗာစ်ဘတ်အသင်းတို့ ယှဉ်ပြိုင်ကစားသည့် ဘွန်ဒက်စ်လီဂါ တန်းတက်ခွင့် play-off ဒုတိယအကျော့ပွဲစဉ်အပြီးတွင် အယ်လ်ဗာစ်ဘတ်အသင်းမှ ကစားသမားများကို တွေ့ရစဉ် (ဆင်ဟွာ)
ဂျာမနီနိုင်ငံ စပီဆန်-အယ်လ်ဗာစ်ဘတ်မြို့တွင် ၂၀၂၅ ခုနှစ် မေ ၂၆ ရက်က ဟိုင်ဒင်ဟိမ်း ၁၈၄၆ အသင်းနှင့် အက်စ်ဗီ အယ်လ်ဗာစ်ဘတ်အသင်းတို့ ယှဉ်ပြိုင်ကစားသည့် ဘွန်ဒက်စ်လီဂါ တန်းတက်ခွင့် play-off ဒုတိယအကျော့ပွဲစဉ်အပြီးတွင် အယ်လ်ဗာစ်ဘတ်အသင်းမှ ကစားသမားများကို တွေ့ရစဉ် (ဆင်ဟွာ)

…………………………

(English Version)

Elversberg stuns Mainz to move into Bundesliga top five

BERLIN, Oct. 30 (Xinhua) -- Newly promoted SV Elversberg moved up to fifth in the Bundesliga after a convincing 4-1 win over Mainz on Friday, with three first-half goals putting the hosts firmly in control.

Elversberg set the tone from the start and opened the scoring in the seventh minute when Philipp Mwene gave the ball away near his own penalty area. Keidel capitalized on the turnover, curling a 20-meter free kick into the corner past a returning Robin Zentner.

Mainz struggled to create clear chances and conceded again in the 26th minute. David Mokwa carried the ball forward and released Onyeka, who held off Paul Nebel before finishing for his first Bundesliga goal.

Although Mainz began to spend more time in Elversberg's half later in the half, the hosts remained the greater threat. Lukas Petkov fired wide in the 40th minute, and Krattenmacher made it 3-0 in first-half stoppage time after Zentner failed to clear Keidel's corner, leaving Krattenmacher to evade Nadiem Amiri and Nebel and drive a low finish into the corner.

Mainz coach Urs Fischer made four changes in the 63rd minute, bringing on Hollerbach, Silvan Widmer, Ransford-Yeboah Konigsdorffer and Lennard Maloney. Konigsdorffer looked to have pulled one back three minutes later, but the goal was ruled out for offside after a video review. At the other end, Zentner denied Mokwa on a breakaway.

Campbell added a fourth for Elversberg in stoppage time, controlling Nicholas Mickelson's cross on his chest before acrobatically finishing. Hollerbach immediately reduced the deficit from Konigsdorffer's low delivery, but Mainz substitute Stefan Posch was then sent off for a second booking and will miss the next league match.

"What we showed was very disappointing. We worked hard to make a good start to the season, but our performances in the last two games have been very disappointing," Mainz sporting director Niko Bungert said.

Elversberg has 13 points from eight matches, while Mainz remains on 10. Elversberg visits Borussia Dortmund, while Mainz hosts leader Bayern Munich.

Photo caption 1: Fisnik Asllani of SV Elversberg celebrates during the second leg match of Bundesliga relegation/promotion play-off between 1. FC Heidenheim 1846 and SV Elversberg in Spiesen-Elversberg, Germany, May 26, 2025. (Photo by Ulrich Hufnagel/Xinhua)

Photo caption 2: Players of SV Elversberg react after the second leg match of Bundesliga relegation/promotion play-off between 1. FC Heidenheim 1846 and SV Elversberg in Spiesen-Elversberg, Germany, May 26, 2025. (Photo by Ulrich Hufnagel/Xinhua)