
ရီယိုဒီဂျနေးရိုး၊ အောက်တိုဘာ ၃၀ ရက် (ဆင်ဟွာ)
ဘရာဇီး နိုင်ငံတကာလက်ရွေးစင်နောက်ခံလူ ဒန်နီလို လူးဝစ် ဒါ ဆေးလ်ဗားသည် ဖလာမင်ဂိုအသင်းနှင့် ၂၀၂၈ ခုနှစ် ဒီဇင်ဘာလအထိ စာချုပ်သက်တမ်းတိုးခဲ့သည်ဟု ရီယိုဒီဂျနေးရိုးကလပ်အသင်းက အောက်တိုဘာ ၂၈ ရက်တွင် ထုတ်ပြန်ကြေညာခဲ့ကြောင်း သိရသည်။
ရီးရဲလ်မက်ဒရစ်၊ မန်ချက်စတာစီးတီးနှင့် ဂျူဗင်တပ်စ်အသင်းတို့တွင် နောက်ခံလူအဖြစ်ကစားခဲ့သူ၊ အသက် ၃၅ နှစ်အရွယ် ဒန်နီလိုမှာ ယခင်စာချုပ်အရ လာမည့်ရာသီကုန်အထိသာ စာချုပ်သက်တမ်းရှိခဲ့ခြင်း ဖြစ်သည်။
"ပထမဆုံးအနေနဲ့တော့ ကျွန်တော့်အနေနဲ့ ကိုယ့်တာဝန်ကို ကျေပွန်အောင် ထမ်းဆောင်နိုင်ခဲ့ပြီဆိုတဲ့ ခံစားချက်မျိုးဖြစ်မိပါတယ်။ ဖလာမင်ဂိုအသင်းကို ကျွန်တော်စရောက်လာခဲ့တဲ့ လွန်ခဲ့တဲ့ နှစ်နှစ်နီးပါးလောက်ကတည်းက အရေးပါတဲ့ ဆုဖလားတွေ အရယူဖို့နဲ့ ဖလာမင်ဂိုအသင်းရဲ့ သမိုင်းကြောင်းကို ပိုမိုဂုဏ်တက်အောင် စွမ်းဆောင်ပေးနိုင်ဖို့ ရည်မှန်းထားတာပါ" ဟု ဒန်နီလိုက အသင်း၏ တရားဝင်ဝက်ဘ်ဆိုက်မှတစ်ဆင့် ပြောကြားခဲ့သည်။
ဒန်နီလိုသည် ၂၀၂၅ ခုနှစ် ဇန်နဝါရီလတွင် ဖလာမင်ဂိုအသင်းသို့ ရောက်ရှိလာချိန်မှစ၍ အသင်းအတွက် ပြိုင်ပွဲစုံ ၅၇ ပွဲ ပါဝင်ကစားခဲ့ကာ သွင်းဂိုး ၆ ဂိုး သွင်းယူနိုင်ခဲ့သည်။
ထို့ပြင် ယမန်နှစ် ကိုပါလစ်ဘာတာဒိုးရက်စ် ဗိုလ်လုပွဲတွင် ဖလာမင်ဂိုက ပါလ်မီးရပ်စ်အသင်းကို ၁-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့သည့် ပွဲစဉ်၌လည်း ဒန်နီလိုက အနိုင်ဂိုးသွင်းယူခဲ့ခြင်းဖြစ်သည်။ (Xinhua)
……………………
(English Version)
Danilo extends Flamengo contract
RIO DE JANEIRO, Oct. 28 (Xinhua) -- Brazil international defender Danilo Luiz da Silva has signed a contract extension with Flamengo through December 2028, the Rio de Janeiro club said on Wednesday.
The 35-year-old former Real Madrid, Manchester City and Juventus full-back was previously under contract until the end of next season.
"The first feeling is one of having fulfilled my duty," Danilo told the club's official website. "Since I arrived at Flamengo nearly two years ago, the objective was to win important trophies, to make Flamengo's history even richer."
Danilo has made 57 appearances and scored six goals since joining Flamengo in January 2025.
He scored the decisive goal in Flamengo's 1-0 win over Palmeiras in last year's Copa Libertadores final.
Photo caption: Son Heung-min (R) of South Korea vies with Danilo of Brazil during their Round of 16 match at the 2022 FIFA World Cup at Stadium 974 in Doha, Qatar, Dec. 5, 2022. (Xinhua/Pan Yulong)








