
မက်ဒရစ်၊ အောက်တိုဘာ ၂၈ ရက် (ဆင်ဟွာ)
စပိန်လာလီဂါကလပ် အက်စပန်ညိုအသင်းအနေဖြင့် စပိန်ဘုရင့်ဖလားပြိုင်ပွဲတွင် စတုတ္ထတန်းကလပ် ဆက်စတာအိုရေးဗားကို မထင်မှတ်ဘဲ ရှုံးနိမ့်ခဲ့ပြီးနောက် နည်းပြဖြစ်သူ မာနိုလို ဂွန်ဇာလက်ဇ်အား အောက်တိုဘာ ၂၇ ရက် ညပိုင်းတွင် ရာထူးမှထုတ်ပယ်လိုက်ပြီဖြစ်ကာ အသင်းအနေဖြင့် ကြာမြင့်စွာ ရလဒ်များဆိုးရွားနေချိန်တွင် ၎င်းအား ထုတ်ပယ်ခဲ့ခြင်းလည်းဖြစ်သည်။
အချိန်ပိုအထိ ကစားခဲ့ရသည့် အဆိုပါပွဲစဉ်တွင် ပွဲချိန် ၁၂၁ မိနစ်၌ ဆက်စတာအိုအသင်းအတွက် ဂျွန်ရိုဟိုက အနိုင်ဂိုးသွင်းယူခဲ့သဖြင့် အက်စပန်ညိုအသင်းမှာ ၃-၄ ဂိုးဖြင့် အရေးနိမ့်ခဲ့ပြီးနောက် မကြာမီမှာပင် ယင်းဆုံးဖြတ်ချက် ထွက်ပေါ်လာခြင်းဖြစ်သည်။
ပြီးခဲ့သည့် သီတင်းပတ်ကုန်၌ ရေးဆင်းဆန်တန်ဒါ အသင်းကို အဝေးကွင်းတွင် ၁-၂ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပြီးနောက် လာလီဂါအမှတ်ပေးဇယားတွင် တန်းဆင်းဇုန်အတွင်း ကျရောက်နေသည့် အက်စပန်ညို အသင်းအနေဖြင့် စပိန်ဘုရင့်ဖလားပြိုင်ပွဲမှ ထွက်ခွာခဲ့ရခြင်းကြောင့် အသင်း၏အခြေအနေကို ပိုမိုဆိုးရွားသွားစေခဲ့သည်။
“အက်စပန်ညိုအသင်းအနေနဲ့ နည်းပြ မာနိုလို ဂွန်ဇာလက်ဇ်ကို ရာထူးကနေထုတ်ပယ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်” ဟု အဆိုပါ ကလပ်အသင်းက ၎င်းတို့၏ ဝက်ဘ်ဆိုက်တွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။
နည်းပြဂွန်ဇာလက်ဇ် တာဝန်ယူစဉ်အတောအတွင်း ၎င်း၏ ကြိုးပမ်းမှုများ၊ ပရော်ဖက်ရှင်နယ်ပီသမှု၊ ခိုင်မာသော စိတ်ပိုင်းဖြတ်မှုနှင့် အသင်းအပေါ် စိတ်နှစ်မြှုပ်ပေးဆပ်ခဲ့မှုများအတွက် ကျေးဇူးတင်ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
“အသင်းကြီးကို စတင်တာဝန်ယူချိန်ကတည်းက မာနိုလို ဂွန်ဇာလက်ဇ်ရဲ့ စွမ်းဆောင်ပေးမှုတွေ၊ ခိုင်မာတဲ့စိတ်ပိုင်းဖြတ်မှုနဲ့ ကြိုးပမ်းအားထုတ်မှုတွေအတွက် အထူးကျေးဇူးတင်ကြောင်း အက်စပန်ညို အသင်းဘက်က ပြောကြားလိုပါတယ်” ဟုလည်း ဖော်ပြထားသည်။
အသက် ၄၇ နှစ်အရွယ် နည်းပြဂွန်ဇာလက်ဇ်မှာ အရန်အသင်းမှ အသင်းကြီးအား ကိုင်တွယ်ရန် တိုးမြှင့်တာဝန်ပေးခံရပြီးနောက် ၂၀၂၄ ခုနှစ် မတ်လတွင် အက်စပန်ညိုအသင်း နည်းပြအဖြစ် စတင်တာဝန်ယူခဲ့ကာ ထိုရာသီကုန်တွင် ကလပ်အသင်းကို လာလီဂါသို့ ပြန်လည်တန်းတက်နိုင်အောင် ဦးဆောင်ပေးခဲ့သူဖြစ်သည်။
သို့သော် ပြီးခဲ့သည့် ဘောလုံးရာသီ ဒုတိယရာသီဝက်အတွင်း အက်စပန်ညိုအသင်း ၁၄၃ ရက်ကြာ ၁၈ ပွဲဆက်တိုက် နိုင်ပွဲပျောက်ဆုံးကာ ရုန်းကန်ခဲ့ရပြီးနောက် ၎င်း၏နည်းပြရာထူးမှာ မရေမရာဖြစ်လာခဲ့သည်။
ယခုရာသီ လာလီဂါအဖွင့်ပွဲစဉ် ငါးပွဲတွင် နှစ်ပွဲအနိုင်ရရှိခဲ့သော်လည်း ထို့နောက်ပိုင်းတွင် အက်စပန်ညိုအသင်းမှာ ငါးပွဲဆက် နိုင်ပွဲပျောက်ဆုံးခဲ့သဖြင့် နည်းပြဂွန်ဇာလက်ဇ်အဖို့ ဖိအားများ ပိုမိုမြင့်တက်လာခဲ့သည်။ အောက်တိုဘာ ၂၇ ရက် စပိန်ဘုရင့်ဖလားပွဲစဉ်မတိုင်မီကပင် ၎င်း၏ရာထူးမှာ လှုပ်လှုပ်ခတ်ခတ် ဖြစ်နေခဲ့ခြင်းဖြစ်ကြောင်း စပိန်မီဒီယာများက ဖော်ပြခဲ့သည်။
နည်းပြ ဂွန်ဇာလက်ဇ်အနေဖြင့် အက်စပန်ညို စီနီယာအသင်းကြီးကို သုံးရာသီကျော်ကြာ တာဝန်ယူခဲ့ပြီး ၁၀၇ ပွဲ ကိုင်တွယ်ခဲ့ပြီးနောက် အသင်းနှင့် လမ်းခွဲတော့မည်ဖြစ်ကြောင်း အက်စပန်ညိုအသင်းက ပြောကြားခဲ့သည်။ (Xinhua)

..................................
(English Version)
Espanyol sacks coach Gonzalez after early Copa del Rey exit
MADRID, Oct. 27 (Xinhua) -- La Liga side Espanyol sacked coach Manolo Gonzalez on Tuesday night following a shock Copa del Rey defeat to fourth-tier Sestao River, ending his tenure amid a prolonged run of poor results.
The decision came shortly after Espanyol suffered a 4-3 defeat after extra time, with Jon Rojo scoring the winner for Sestao in the 121st minute.
The cup exit compounded Espanyol's struggles in La Liga, where the club sits in the relegation zone following last weekend's 2-1 defeat away to Racing Santander.
"RCD Espanyol have decided to bring Manolo Gonzalez's tenure as coach of the club to an end," the club said in a statement on its website.
The club thanked Gonzalez for his contribution, praising his professionalism, commitment and dedication during his time in charge.
"RCD Espanyol ... wish to express our gratitude to Manolo Gonzalez for the work, commitment and effort he has shown since taking charge of the first team," the statement said.
Gonzalez, 47, took charge of Espanyol in March 2024 after being promoted from the reserve side and guided the club back to La Liga at the end of that season.
However, his position came under increasing scrutiny following a difficult second half of last season, when Espanyol endured an 18-match winless run spanning 143 days.
Despite winning two of its opening five league matches this season, Espanyol has since gone five games without a victory, increasing the pressure on Gonzalez.
Spanish media had reported ahead of Tuesday's cup tie that his job was under threat.
Espanyol said Gonzalez was leaving after more than three seasons and 107 competitive matches in charge of the first team.
Photo caption 1: Real Madrid's Federico Valverde (bottom) vies with Javi Hernandez of RCD Espanyol during the La Liga football match between RCD Espanyol and Real Madrid CF in RCDE Stadium, Cornella, Spain, Aug. 22, 2026. (Photo by Joan Gosa/Xinhua)
Photo caption 2: Real Madrid's Jude Bellingham (R) vies with Urko Gonzalez of RCD Espanyol during the La Liga football match between RCD Espanyol and Real Madrid CF in RCDE Stadium, Cornella, Spain, Aug. 22, 2026. (Photo by Joan Gosa/Xinhua)








