စပိန်နိုင်ငံ ဘာစီလိုနာမြို့၊ ကော်နယ်လာရှိ RCDE ကွင်းတွင် ကစားခဲ့သည့်ဘာစီလိုနာနှင့် အက်စ်ပန်ညိုအသင်းတို့၏ စပိန်လာလီဂါဘောလုံးပွဲစဥ်အတွင်း ဘာစီလိုနာအသင်းမှ ရာဖင်ဟာ(ယာ)နှင့် အက်စပန်ညိုအသင်းမှ အာကိုဂွန်ဇာလက်ဇ်ဒီဇာရာတေးတို့၏ ယှဥ်ပြိုင်ကစားမှုကို ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
စပိန်နိုင်ငံ ဘာစီလိုနာမြို့၊ ကော်နယ်လာရှိ RCDE ကွင်းတွင် ကစားခဲ့သည့်ဘာစီလိုနာနှင့် အက်စ်ပန်ညိုအသင်းတို့၏ စပိန်လာလီဂါဘောလုံးပွဲစဥ်အတွင်း ဘာစီလိုနာအသင်းမှ ရာဖင်ဟာ(ယာ)နှင့် အက်စပန်ညိုအသင်းမှ အာကိုဂွန်ဇာလက်ဇ်ဒီဇာရာတေးတို့၏ ယှဥ်ပြိုင်ကစားမှုကို ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

မက်ဒရစ်၊ အောက်တိုဘာ ၂၉ ရက် (ဆင်ဟွာ)

လာလီဂါတွင် ရုန်းကန်နေရသည့်အက်စ်ပန်ညိုအသင်းသည် ကိုပါဒယ်ရေးဖလားပြိုင်ပွဲတွင် စတုတ္ထတန်းအသင်းငယ် ဆက်စ်တာအိုရေးဗားကို အံ့အားသင့်ဖွယ်ရာရှုံးနိမ့်ခဲ့ခြင်းကြောင့် မာနိုလိုဂွန်ဇာလက်ဇ်ကို ရာထူးမှထုတ်ပယ်ပြီး တစ်ရက်အကြာ အောက်တိုဘာ ၂၈ ရက်တွင်  အက်ဒါဆာရာဘီယာကို နည်းပြချုပ်အဖြစ်ခန့်အပ်ခဲ့သည်။

အသက် ၄၆ နှစ်အရွယ်ရှိ ဆာရာဘီယာမှာ ဘာစီလိုနာမြို့အခြေစိုက်အက်စ်ပန်ညိုအသင်းနှင့် ၂၀၂၈ ခုနှစ်၊ ဇွန်လအထိ သက်တမ်းရှိသည့် စာချုပ်ကို လက်မှတ်ရေးထိုးခဲ့သည်။ အောက်တိုဘာ ၂၇ ရက်က စပိန်ဘုရင့်ဖလားပြိုင်ပွဲတွင် ၄-၃ ဂိုးရလဒ်ဖြင့် ရှုံးနိမ့်ခဲ့ခြင်းကြောင့် ဂွန်ဇာလက်ဇ်ကိုထုတ်ပယ်ခဲ့သည့် အက်စ်ပန်ညိုအသင်းကို ဆာရာဘီယာက နည်းပြချုပ်အဖြစ် တာဝန်ယူလိုက်ခြင်း ဖြစ်သည်။

အယ်ချီနှင့် အန်ဒိုရာအသင်းများကို နည်းပြခဲ့ဖူးသည့် ဆာရာဘီယာမှာ နည်းပြပိုင်းဆိုင်ရာပုဂ္ဂိုလ်ရေးတောင်းဆိုမှုများနှင့် ရုပ်ပိုင်းဆိုင်ရာအခြေအနေကြောင့် ၂၀၂၅-၂၆ ဘောလုံးရာသီအပြီးတွင် အယ်ချီအသင်းနှင့်လမ်းခွဲပြီးနောက်ပိုင်းမှစ၍ နည်းပြလောကနှင့်ဝေးကွာခဲ့သူဖြစ်သည်။

"ကျွန်တော့်ရဲ့ဘဝမှာ အခြားအရေးပါတဲ့အရာတွေကိုလည်း ပြန်ကြည့်ဖို့လိုအပ်နေပါတယ်"ဟု ဆာရာဘီယာက ထိုအချိန်ကပြောကြားခဲ့သလို ဘောလုံးလောကနှင့် ဝေးကွာသည့်နေရာတွင် ၎င်း၏ဘဝကိုပိုမိုမြှုပ်နှံထားလိုကြောင်း ပြောကြားခဲ့သည်။  

ဆာရာဘီယာမှာ ယခင်က လာပါးမက်စ်၊ ရီးရဲလ်ဘက်တစ်နှင့် ဘာစီလိုနာအသင်းများတွင် နည်းပြချုပ် ကျုကေးဆက်တီယန်၏ လက်ထောက်နည်းပြအဖြစ် လုပ်ကိုင်ခဲ့ဖူးသူလည်း ဖြစ်သည်။

ဆာရာဘီယာကို အက်စ်ပန်ညိုအသင်းနည်းပြသစ်အဖြစ် လာမည့်နိုဝင်ဘာ ၃ ရက်တွင် မီဒီယာ၊ ပရိသတ်များနှင့် တရားဝင်မိတ်ဆက်ပွဲ ပြုလုပ်မည်ဖြစ်ပြီး အောက်တိုဘာ ၃၀ ရက်တွင် ဗီလာရီးရဲလ်အသင်းကို အဝေးကွင်း၌ကစားရမည့် လာလီဂါပွဲကိုမူ အရန်အသင်းနည်းပြ ဆာဂျီယိုဂါဆီယာက   အက်စ်ပန်ညိုအသင်းကို ယာယီတာဝန်ယူသွားမည်ဖြစ်သည်။ (Xinhua)

............................................

(English version)

Espanyol appoints Sarabia as head coach after Gonzalez sacking

MADRID, Oct. 28 (Xinhua) -- La Liga struggler Espanyol appointed Eder Sarabia as its new head coach on Wednesday, a day after sacking Manolo Gonzalez following a shock Copa del Rey defeat to fourth-tier Sestao River.

Sarabia, 46, has signed a contract with the Barcelona-based club until June 2028. He takes over after Espanyol's 4-3 cup defeat prompted the dismissal of Gonzalez on Tuesday.

The former Elche and Andorra coach has been out of management since leaving Elche at the end of the 2025-26 season, citing the physical and personal demands of coaching.

"I need to look after other fundamental things in my life," Sarabia said at the time, explaining that he wanted to devote more attention to his life away from football.

Sarabia previously served as an assistant to Quique Setien at Las Palmas, Real Betis and Barcelona.

He will be officially presented to the media and supporters next Tuesday, with reserve-team coach Sergio Garcia taking temporary charge for Friday's La Liga match away to Villarreal. ■

Barcelona's Raphinha (R) vies with Espanyol's Urko Gonzalez de Zarate during LaLiga football match between RCD Espanyol and FC Barcelona in RCDE Stadium, Cornella, Barcelona, Spain, Jan. 3, 2026. (Photo by Joan Gosa/Xinhua)