စပိန်နိုင်ငံ Caceres မြို့တွင် CP Cacereno အသင်းနှင့် ရီးလ်မက်ဒရစ်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့သည့် စပိန်ဘုရင့်ဖလား ၃၂ သင်း အဆင့်ပွဲစဉ်အတွင်း ရီးရဲလ်မက်ဒရစ်အသင်းကစားသမားများ ဂိုးသွင်းအပြီး အောင်ပွဲခံနေသည်ကို ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
စပိန်နိုင်ငံ Caceres မြို့တွင် CP Cacereno အသင်းနှင့် ရီးလ်မက်ဒရစ်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့သည့် စပိန်ဘုရင့်ဖလား ၃၂ သင်း အဆင့်ပွဲစဉ်အတွင်း ရီးရဲလ်မက်ဒရစ်အသင်းကစားသမားများ ဂိုးသွင်းအပြီး အောင်ပွဲခံနေသည်ကို ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

မက်ဒရစ်၊ အောက်တိုဘာ ၂၉ ရက် (ဆင်ဟွာ)

စပိန်ဘောလုံးအဖွဲ့ချုပ် (RFEF) က တိုလီဒိုပြည်နယ်တွင် ရထားမတော်တဆမှု ဖြစ်ပွားခဲ့ပြီး အနည်းဆုံး လူ ၃၀ ဦး သေဆုံးကာ ဒါဇင်နှင့်ချီ ဒဏ်ရာရရှိခဲ့သည့်အတွက် အောက်တိုဘာ ၂၈ ရက်တွင် ကျင်းပရန်စီစဉ်ထားသည့် စပိန်ဘုရင်ဖလား(Copa del Rey)ပထမအဆင့် ရှုံးထွက်ပွဲစဉ် ၂၄ ပွဲစလုံးကို ရွှေ့ဆိုင်းလိုက်ကြောင်းသိရသည်။

RFEF ၏ ထုတ်ပြန်ချက်တွင် “အောက်တိုဘာ ၂၈ ရက် နံနက်အစောပိုင်းက တိုလီဒိုပြည်နယ်တွင်ဖြစ်ပွားခဲ့သော ဝမ်းနည်းဖွယ်ရထားမတော်တဆမှုကြောင့် ထိခိုက်ခံစားခဲ့ရသူအားလုံးအပေါ် စာနာလေးစားမှုနှင့် စည်းလုံးမှုကို ပြသသည့်အနေဖြင့် မွန်းလွဲပိုင်းနဲ့ ညပိုင်းမှာ ယှဉ်ပြိုင်ကစားဖို့ အစောပိုင်းကစီစဉ်ထားခဲ့တဲ့ စပိန်ဘုရင်ဖလားပြိုင်ပွဲ ပထမအဆင့် ရှုံးထွက်ပွဲစဉ် ၂၄ ပွဲကို ရွှေ့ဆိုင်းရန် RFEF က ဆုံးဖြတ်ခဲ့သည်” ဟု ဖော်ပြထားသည်။

“စပိန်ဘောလုံးလောကမိသားစုကြီးတစ်ခုလုံးက ဤဝမ်းနည်းဖွယ်ဖြစ်ရပ်ဆိုးကြီးအတွက် အတူတကွဝမ်းနည်းပူဆွေးလျက်ရှိပြီး ယခုဆိုးရွားသောမတော်တဆမှုကြောင့် ထိခိုက်ခံစားခဲ့ရသူများကို အကူအညီပေးနိုင်ရန် သက်ဆိုင်ရာအာဏာပိုင်များနှင့် ပူးပေါင်းဆောင်ရွက်ရန်အသင့်ရှိနေသည်” ဟု အဆိုပါ ထုတ်ပြန်ချက်တွင် ဆက်လက်ဖော်ပြထားသည်။

ယခုဆုံးဖြတ်ချက်ကြောင့် ရီးရဲလ်ဘက်တစ်၊ ဆယ်လ်တာဗီဂို၊ လီဗန်တေးနှင့် ဒီပို့တီဗိုအလာဗက်စ်တို့အပါအဝင် လာလီဂါကလပ်အသင်းများအပြင် အောက်တန်းလိဂ်မှ အသင်းများလည်း သက်ရောက်မှုရှိခဲ့သည်။

အောက်တိုဘာ ၂၉ ရက်တွင် ယှဉ်ပြိုင်ကစားရန် စီစဉ်ထားသော ပွဲစဉ် ၁၄ ပွဲကိုမူ မူလအစီအစဉ်အတိုင်း ဆက်လက်ကျင်းပမည်ဖြစ်သည်။ ဘက်တစ်နှင့် ဆယ်လ်တာအသင်းတို့သည် လာမည့်သီတင်းပတ်တွင် ဥရောပပြိုင်ပွဲများ ဝင်ရောက်ယှဉ်ပြိုင်ရန်ရှိနေသောကြောင့် နာဗယ်ကာနဲရိုနှင့် ဘက်တစ်အသင်းတို့၏ ပွဲစဉ်နှင့် Salamanca UDS နှင့် ဆယ်လ်တာဗီဂိုအသင်းတို့၏ ပွဲစဉ်များကို အောက်တိုဘာ ၂၉ ရက်တွင် ကျင်းပနိုင်ဖွယ်ရှိကြောင်း သိရသည်။ (Xinhua)

…………….

(English Version)

Copa del Rey games suspended on Wednesday in Spain after fatal train crash

MADRID, Oct. 28 (Xinhua) -- The Spanish Football Federation (RFEF) has suspended all 24 Copa del Rey first-round matches scheduled for Wednesday following a train crash in the province of Toledo that left at least 30 people dead and dozens injured.

"As a show of respect and solidarity with all the victims of the tragic rail accident that occurred early this Wednesday in the province of Toledo, the RFEF has decreed the suspension of the 24 matches corresponding to the first knockout round of the Championship of Spain - Copa de SM el Rey, initially scheduled to be played this afternoon and evening," the RFEF said in a statement.

"The great family of Spanish football remains united in grief over this tragedy, placing itself at the disposal of the authorities to provide assistance to the victims of this devastating accident," the statement continued.

The decision affects several La Liga sides, including Real Betis, Celta Vigo, Levante and Deportivo Alaves, as well as teams from lower divisions.

The 14 matches scheduled for Thursday will go ahead, while the ties between Navalcarnero and Betis, and Salamanca UDS and Celta Vigo, could be played on Thursday given that both Betis and Celta are involved in European competition next week.

Photo caption: Players of Real Madrid celebrate their goal during a Spain's Copa del Rey (King's Cup) round of 32 match between CP Cacereno and Real Madrid in Caceres, Spain, on Jan. 3, 2023. (Photo by Gustavo Valiente/Xinhua)