ရီယိုဒီဂျနေးရိုး၊ အောက်တိုဘာ ၃၀ ရက် (ဆင်ဟွာ)
ဂျပန်၊ စင်ကာပူအသင်းများနှင့် ယှဉ်ပြိုင်ကစားမည့် ချစ်ကြည်ရေးပွဲများအတွက် အောက်တိုဘာ ၂၉ ရက်က ထုတ်ပြန်ခဲ့သည့် ဘရာဇီးလက်ရွေးစင်အသင်းလူစာရင်းတွင် မန်ချက်စတာစီးတီးအသင်း၏ တိုက်စစ်ကစားသမား အယ်လန်အီလီးယက်စ်သည် ပထမဆုံးအကြိမ် နိုင်ငံလက်ရွေးစင်အဖြစ် ရွေးချယ်ခံရသော မျက်နှာသစ်ကစားသမားငါးဦးအနက် တစ်ဦးအဖြစ် ပါဝင်လာခဲ့သည်။
၂၆ ဦး ပါဝင်သော အသင်းလူစာရင်းတွင် အသစ်ရွေးချယ်ခံရသည့် အခြားကစားသမားများမှာ ခရူဇီယိုအသင်းနောက်ခံလူ ဂျိုနသန်ဂျီးဆပ်၊ ကိုရင်သီယန်စ်အသင်း ကွင်းလယ်ကစားသမား အန်ဒရီလူးဝစ်နှင့် ရှက်တာဒိုးနက်အသင်းမှ မာလွန် ဂိုမက်စ်နှင့် အလစ်ဆန်ဆန်တာနာတို့ ဖြစ်ကြသည်။
"ကစားသမားတိုင်းမှာ ကိုယ်ပိုင် ထူးခြားတဲ့အရည်အသွေးတွေ ရှိကြပါတယ်၊ ဂျိုနသန်ဂျီးဆပ်ဆိုရင် တော်တော်လေးကို သန်မာမြန်ဆန်ပြီး ပြင်းပြင်းထန်ထန်ဖိအားပေး ကစားနိုင်သလို ပါးနပ်တဲ့ ဗဟိုနောက်ခံလူတစ်ယောက်အဖြစ် ကျွန်တော် မြင်ပါတယ်၊ မာလွန်ဂိုမက်စ်ဆိုရင်လည်း တက်ကြွလှုပ်ရှားပြီး အားကောင်းမြန်ဆန်သူပါ၊ သူတို့ဟာ မတူညီတဲ့ပုံစံတွေရှိကြတဲ့ ဘောလုံးသမားတွေဖြစ်ပြီး သူတို့တစ်ဦးစီကို ပိုမိုသိရှိနားလည်ဖို့က ကျွန်တော်တို့အတွက် သိပ်ကို အရေးကြီးပါတယ်" ဟု ဘရာဇီးအသင်းနည်းပြ ကာလိုအန်ဆယ်လော့တီက သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
အန်ဆယ်လော့တီသည် ဘရာဇီးစီးရီးအေ ချန်ပီယံဆုအတွက် ယှဉ်ပြိုင်နေကြသည့် ဖလာမင်ဂိုနှင့် ပါလ်မီးရပ်စ်အသင်းတို့မှ ကစားသမားတစ်ဦးတစ်ယောက်ကိုမျှ ယခုလက်ရွေးစင်အသင်းတွင် ရွေးချယ်ခဲ့ခြင်း မရှိခဲ့ပေ။
ဘရာဇီးအသင်းသည် နိုဝင်ဘာ ၁၄ ရက်တွင် ဂျပန်အသင်းနှင့် ယှဉ်ပြိုင်ကစားမည်ဖြစ်ပြီး နောက်သုံးရက်အကြာတွင် စင်ကာပူအသင်းနှင့် ထပ်မံယှဉ်ပြိုင်ကစားမည်ဖြစ်ကာ ပွဲစဉ်နှစ်ခုလုံးကို စင်ကာပူအမျိုးသားအားကစားကွင်း၌ ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)
…………….
(English Version)
Ancelotti names five newcomers in Brazil squad
RIO DE JANEIRO, Oct. 29 (Xinhua) -- Manchester City forward Allan Elias was among five uncapped players named in Brazil's squad on Thursday for friendlies against Japan and Singapore.
Other newcomers included in the 26-man squad were Cruzeiro defender Jonathan Jesus, Corinthians midfielder Andre Luiz and Shakhtar Donetsk pair Marlon Gomes and Alisson Santana.
"Each player has their own individual qualities," Brazil manager Carlo Ancelotti told a news conference. "Jonathan Jesus strikes me as a very strong, very fast, aggressive, intelligent center-back. Marlon Gomes has a lot of dynamism. They are footballers with different characteristics, and for us, it is very important to get to know each one better."
Ancelotti did not call up any players from Flamengo or Palmeiras, which are vying for the Brazilian Serie A title.
Brazil will meet Japan on November 14 and Singapore three days later, with both games to be played at Singapore's National Stadium.








