
ဗျူနိုအေးရိစ်၊ အောက်တိုဘာ ၁၂ ရက် (ဆင်ဟွာ)
အာဂျင်တီးနားလက်ရွေးစင်ဘောလုံးအသင်းသည် ၂၀၂၆ ခုနှစ်အတွက် ၎င်းတို့၏ နိုင်ငံတကာပွဲစဉ်များကို ဥရုဂွေး၊ ကော်စတာရီကာအသင်းတို့နှင့် ခြေစမ်းပွဲများကစားကာ အဆုံးသတ်သွားမည်ဖြစ်ကြောင်း အာဂျင်တီးနားဘောလုံးအဖွဲ့ချုပ် (AFA) က အောက်တိုဘာ ၃၀ ရက်က ပြောကြားခဲ့သည်။
Albiceleste (အာဂျင်တီးနားအသင်း)သည် နိုဝင်ဘာ ၁၃ ရက်တွင် ဗျူနိုအေးရိစ်မြို့ရှိ La Bombonera ကွင်း၌ ဥရုဂွေးအသင်းနှင့်ယှဉ်ပြိုင်ကစားမည်ဖြစ်ပြီး လေးရက်အကြာတွင် ကော်ဒိုဘာမြို့ရှိ Mario Kempes ကွင်း၌ ကော်စတာရီကာအသင်းနှင့် ကစားမည်ဖြစ်သည်။
သတင်းများအရ အာဂျင်တီးနားဘောလုံးအဖွဲ့ချုပ်သည် အလားတူ FIFA နိုင်ငံတကာပွဲကစားချိန်ကာလအတွင်း ဆော်ဒီအာရေးဗီးယားနှင့် အိန္ဒိယနိုင်ငံတို့သို့ သွားရောက်ကစားရန် စီစဉ်ထားသည့် ခြေစမ်းပွဲများကို ခရီးစဉ်အခက်အခဲများကြောင့် ဖျက်သိမ်းခဲ့ကြောင်း သိရသည်။
အာဂျင်တီးနားအသင်းသည် အဆိုပါပွဲစဉ်များအတွက် အသင်းခေါင်းဆောင်ဟောင်းဖြစ်သည့် ရွှေဘောလုံးဆု ၈ ကြိမ် ရရှိထားသူ လီယွန်နယ်မက်ဆီ မပါဝင်တော့ဘဲ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ အင်တာမိုင်ယာမီအသင်းတိုက်စစ်ကစားသမား မက်ဆီသည် အာဂျင်တီးနားအသင်းအတွက် သွင်းဂိုး ၁၂၆ ဂိုးဖြင့် အသင်းသမိုင်းတစ်လျှောက် ဂိုးသွင်းအများဆုံး ကစားသမားဖြစ်သကဲ့သို့ နိုင်ငံတကာပွဲပေါင်း ၂၀၈ ပွဲ ပါဝင်ကစားထားပြီး အသင်းအတွက် ပွဲအများဆုံး ပါဝင်ကစားထားသူလည်းဖြစ်သည်။ မက်ဆီသည် အောက်တိုဘာ ၆ ရက်က ဘီနင်အသင်းကို ၃-၀ ဂိုး ဖြင့် အနိုင်ရရှိခဲ့သည့်ပွဲတွင် ၎င်း၏နိုင်ငံအသင်းအတွက် နောက်ဆုံးနှုတ်ဆက်ပွဲအဖြစ် ပါဝင်ကစားခဲ့သည်။
အာဂျင်တီးနားအသင်းနည်းပြချုပ် လီယွန်နယ်စကာလိုနီက မက်ဆီ၏နေရာတွင် အက်သလက်တီကိုမက်ဒရစ် ဗဟိုနောက်ခံလူ ခရစ်စတီယန်ရိုမီရိုကို အသင်းခေါင်းဆောင်သစ်အဖြစ် အစားထိုး တာဝန်ပေးခန့်အပ်မည် ဖြစ်ကြောင်း စက်တင်ဘာလအတွင်းက ကြေညာခဲ့သည်။ (Xinhua)
…………….
(English Version)
Argentina to face Uruguay, Costa Rica in November
BUENOS AIRES, Oct. 30 (Xinhua) -- Argentina will complete its 2026 international schedule with friendlies against Uruguay and Costa Rica, the Argentine Football Association (AFA) said on Friday.
The Albiceleste will face Uruguay at La Bombonera in Buenos Aires on November 13 and Costa Rica at the Mario Kempes Stadium in Cordoba four days later.
The AFA reportedly scrapped plans for away fixtures against Saudi Arabia and India during the same FIFA window due to logistical issues.
Argentina will be without former captain and eight-time Ballon d'Or winner Lionel Messi for the fixtures. The Inter Miami forward, who is Argentina's all-time leading scorer with 126 goals and its most-capped player with 208 international matches, made his farewell appearance for the Albiceleste in a 3-0 win over Benin on October 6.
Head coach Lionel Scaloni announced in September that Atletico Madrid center-back Cristian Romero would replace Messi as the new national team captain.
Photo caption: Lionel Messi (C) of Argentina greets spectators after the group J match between Argentina and Austria at the 2026 FIFA World Cup at Dallas Stadium in Dallas, the United States, June 22, 2026. (Xinhua/Jia Haocheng)








