တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကောကျားခွန်းအား ၂၀၂၆ ခုနှစ် အောက်တိုဘာ ၂၉ ရက်တွင် ကျင်းပသော ပုံမှန်သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ် (ဓာတ်ပုံ- Ministry of Foreign Affairs of the People’s Republic of China)
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကောကျားခွန်းအား ၂၀၂၆ ခုနှစ် အောက်တိုဘာ ၂၉ ရက်တွင် ကျင်းပသော ပုံမှန်သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ် (ဓာတ်ပုံ- Ministry of Foreign Affairs of the People’s Republic of China)

ပေကျင်း၊ အောက်တိုဘာ ၃၀ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံအနေဖြင့် နိုင်ငံတကာအသိုင်းအဝိုင်း၏ တရားမျှတသော တောင်းဆိုသံကို လေးလေးနက်နက် နားထောင်၍ ကျူးဘားအပေါ် ပိတ်ဆို့အရေးယူမှုများကို ချက်ချင်းရပ်တန့်ရန်၊ ကျူးဘားအပေါ် စစ်အင်အားစသည့် မည်သည့်ပုံစံဖြင့်မဆို ဖိအားပေးခြင်း၊ အတင်းအကျပ်ပြုလုပ်ခြင်းကို ချက်ချင်းရပ်တန့်ရန် တရုတ်နိုင်ငံက ထပ်မံတိုက်တွန်းကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကောကျားခွန်းက အောက်တိုဘာ ၂၉ ရက် ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

သတင်းထောက်တစ်ဦးက ဒေသစံတော်ချိန် အောက်တိုဘာ ၂၈ ရက်တွင် ၈၁ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံက “ကျူးဘားအပေါ် စီးပွားရေး၊ အမေရိကန်၏ ကုန်သွယ်ရေးနှင့် ဘဏ္ဍာရေးဆိုင်ရာ ပိတ်ဆို့မှုကို အဆုံးသတ်ရမည်” ဆိုသည့် ဆုံးဖြတ်ချက်ကို အတည်ပြုခဲ့ကြောင်း၊ ယင်းနှင့်စပ်လျဉ်း၍ တရုတ်ဘက်က မည်သို့ မှတ်ချက်ပြုလိုပါသနည်းဟု မေးမြန်းခဲ့ခြင်းဖြစ်သည်။

ကောကျားခွန်းက ကျူးဘားအပေါ် အမေရိကန်၏ တရားမဝင် စီးပွားရေးပိတ်ဆို့မှုနှင့် တစ်ဖက်သတ်စီးပွားရေးအရေးယူမှုသည် ၆၄ နှစ်တိုင် ဆက်လက်တည်ရှိခဲ့ပြီး ကျူးဘားပြည်သူများအတွက် ကြီးမားလေးနက်သော ဘေးဒုက္ခများကို ဖြစ်ပေါ်စေခဲ့ကြောင်း ပြောကြားခဲ့သည်။ ၁၉၉၂ ခုနှစ်မှစ၍ ကုလသမဂ္ဂအထွေထွေညီလာခံသည် “အမေရိကန်၏ ကျူးဘားအပေါ် စီးပွားရေး၊ ကုန်သွယ်ရေးနှင့် ဘဏ္ဍာရေးဆိုင်ရာ ပိတ်ဆို့မှုကို အဆုံးသတ်ရမည်” ဆိုသည့် ဆုံးဖြတ်ချက်ကို ၃၄ ကြိမ်ဆက်တိုက် အပြတ်အသတ် အများစုမဲဖြင့် အတည်ပြုခဲ့ပြီးဖြစ်ရာ ဤသည်မှာ ကမ္ဘာပေါ်ရှိ အများစုသော နိုင်ငံများက ကုလသမဂ္ဂပဋိညာဉ်စာတမ်း၏ ရည်ရွယ်ချက်နှင့် အခြေခံမူများကို အမေရိကန်၏ ပြင်းထန်စွာ ချိုးဖောက်ခြင်းအပေါ် ပြင်းထန်သော ဒေါသထွက်မှုကို ထင်ဟပ်စေပြီး ကျူးဘားပြည်သူများ၏ ရှင်သန်ခွင့်နှင့် ဖွံ့ဖြိုးတိုးတက်ခွင့်ကို ပြင်းထန်စွာ ချိုးဖောက်သည့် အမေရိကန်၏ အပြုအမူအား ချက်ချင်းရပ်တန့်ရန် နိုင်ငံတကာအသိုင်းအဝိုင်း၏ တညီတညွတ်တည်း တောင်းဆိုသော ခိုင်မာအားကောင်းသည့်အသံကို ပို့ဆောင်ပေးခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

“ကျူးဘားဘက်က နိုင်ငံတော်အချုပ်အခြာအာဏာနှင့် အမျိုးသားဂုဏ်သိက္ခာကို ထိန်းသိမ်းဖို့၊ ပြင်ပမှ ဝင်ရောက်စွက်ဖက်မှုနဲ့ ပိတ်ဆို့အရေးယူမှုကို ဆန့်ကျင်ဖို့အတွက် တရားမျှတတဲ့ တိုက်ပွဲကို တရုတ်နိုင်ငံအနေနဲ့ ဆက်လက် အခိုင်အမာ ထောက်ခံအားပေးသွားမှာ ဖြစ်ပါတယ်။ အမေရိကန်နိုင်ငံအနေနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ တရားမျှတတဲ့ တောင်းဆိုသံကို လေးလေးနက်နက် နားထောင်ဖို့၊ ကျူးဘားအပေါ် ပိတ်ဆို့အရေးယူမှုတွေကို ချက်ချင်းရပ်တန့်ဖို့၊ ကျူးဘားအပေါ် စစ်အင်အားစတဲ့ ဘယ်ပုံစံနဲ့မဆို ဖိအားပေးခြင်း၊ အနိုင်ကျင့်ခြင်းတွေကို ချက်ချင်းရပ်တန့်ဖို့ ထပ်မံတိုက်တွန်းပါတယ်” ဟု ကောကျားခွန်းက ပြောကြားခဲ့သည်။ (Xinhua)

……………………

(Chinese Version)

外交部:再次敦促美方立即停止对古巴的封锁制裁

新华社北京10月29日电(记者曹嘉玥、冯歆然)外交部发言人郭嘉昆29日在例行记者会上表示,中方再次敦促美方认真倾听国际社会的正义呼声,立即停止对古巴的封锁制裁,立即停止以武力等任何形式对古巴胁迫施压。

有记者问:当地时间10月28日,第81届联合国大会通过“必须终止美国对古巴的经济、商业和金融封锁”决议。请问中方对此有何评论?

郭嘉昆说,美国对古巴的非法经济封锁和单边经济制裁已经持续64年,给古巴人民带来深重灾难。自1992年起,联合国大会已连续34次以压倒性多数通过“必须终止美国对古巴的经济、商业和金融封锁”决议,这反映了世界上绝大多数国家对美国严重违反《联合国宪章》宗旨和原则的强烈愤慨,传递了国际社会一致要求美方立即停止严重侵犯古巴人民生存权、发展权行径的强音。

“中方将继续坚定支持古方维护国家主权和民族尊严、反对外来干涉和封锁的正义斗争,再次敦促美方认真倾听国际社会的正义呼声,立即停止对古巴的封锁制裁,立即停止以武力等任何形式对古巴胁迫施压。”郭嘉昆说。(完)