ကူမင်း၊ အောက်တိုဘာ ၃၀ ရက် (ဆင်ဟွာ)

၁၄ ကြိမ်မြောက် လန်ချန်း-မဲခေါင် မြစ်ဝှမ်းဒေသနိုင်ငံများ ယဉ်ကျေးမှုအနုပညာပွဲတော်ကို အောက်တိုဘာ ၂၈ ရက်တွင် တရုတ်နိုင်ငံ ယူနန်ပြည်နယ် ရှစ်ဆောင်ပဏ္ဏား တိုင်လူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်ခွဲ ကျင်ဟုန်မြို့၌ ဖွင့်လှစ်ကျင်းပခဲ့သည်။ အဆိုပါပွဲတော်တွင် လန်ချန်း-မဲခေါင် မြစ်ဝှမ်းဒေသမှ တရုတ်နိုင်ငံ‌နှင့် ပြည်ပ အနုပညာရှင်များ တစ်နေရာတည်းတွင် စုစည်း၍ ယဉ်ကျေးမှုအနုပညာကို ချိတ်ဆက်၍ ချစ်ကြည်ရေး ဖလှယ်မှုများကို မြှင့်တင်ခဲ့သည်။

ထိုနေ့ညပိုင်းတွင် ကျင်ဟုန်မြို့ မန့်ထျင်းတော်ဝင်ဥယျာဉ် ပြဇာတ်ရုံတွင် အဆိုအကများဖြင့် စည်ကားသိုက်မြိုက်လျက်ရှိသည်။ “တစ်မြစ်တည်းရေ တူစုံသောက်သုံးကြသည့် မိသားစုများ”  အကြောင်းအရာဖြင့် ကျင်းပသော ဖွင့်ပွဲအခမ်းအနား ပဒေသာဖျော်ဖြေပွဲတွင် လန်ချန်း-မဲခေါင်မြစ်ဝှမ်းဒေသ နိုင်ငံအသီးသီးမှ ထူးခြားချက်ရှိသော အစီအစဉ်များ ဆက်တိုက်တင်ဆက်ကပြခဲ့သည်။

၎င်းအနက် မြန်မာနိုင်ငံ သဘင်အစည်းအရုံးမှ တင်ဆက်ကပြသော “မင်္ဂလာပါ” အဆိုအက ဖျော်ဖြေတင်ဆက်မှုသည် အများအာရုံစိုက်ခြင်းခံခဲ့ရပြီး သာယာသောတေးဂီတနှင့် မြူးကြွသောကကွက်များသည် ပရိသတ်များ၏ လှိုက်လှိုက်လှဲလှဲ လက်ခုပ်ဩဘာသံများဖြင့် အားပေးမှုကို ရရှိခဲ့ကြောင်း သိရသည်။ (Xinhua)

---------------------