
ဝါရှင်တန်၊ အောက်တိုဘာ ၂၈ ရက် (ဆင်ဟွာ)
အီရန်အပေါ် အမေရိကန်စစ်တပ်၏ စစ်ပွဲကုန်ကျစရိတ်မှာ အမေရိကန်ဒေါ်လာ ၄၇ ဘီလီယံအထိ မြင့်တက်ခဲ့ပြီး ယခင်လနှင့် နှိုင်းယှဉ်ပါက ဒေါ်လာ ၃ ဘီလီယံကျော် တိုးလာခဲ့ကြောင်း အမေရိကန်သတင်းစာ The Hill က အောက်တိုဘာ ၂၇ ရက်တွင် ဖော်ပြခဲ့သည်။
အမေရိကန်စစ်တပ် ဗဟိုကွပ်ကဲရေးဌာနချုပ် (CENTCOM) က လွှတ်တော်ထံ တင်ပြသော ခန့်မှန်းတွက်ချက်မှုအရ ကုန်ကျစရိတ်တွင် အကြီးမားဆုံးအပိုင်းမှာ ခဲယမ်းမီးကျောက် ဖြည့်တင်းရန်အတွက် အသုံးပြုခြင်းဖြစ်ပြီး ပမာဏမှာ ကန်ဒေါ်လာ ၂၉ ဘီလီယံအထိ ရောက်ရှိကြောင်း၊ အခြား ဒေါ်လာ ၆.၁ ဘီလီယံခန့်ကို စက်ပစ္စည်းဆုံးရှုံးမှုတွင် ဖြည့်တင်းရန်အတွက် အသုံးပြုကြောင်း၊ ထို့အပြင် အမေရိကန်လေတပ်သည် စစ်မြေပြင်တွင် တပ်ဖြန့်ထားသော ဝန်ထမ်းများအား ပံ့ပိုးပေးမှု၊ လေကြောင်းသယ်ယူပို့ဆောင်ရေး၊ အခြေစိုက်စခန်းလည်ပတ်ရေး၊ ဆက်သွယ်ရေးအာမခံချက်နှင့် သယ်ယူပို့ဆောင်ရေး စသည့်တို့အတွက် ကုန်ကျစရိတ်မှာ ကန်ဒေါ်လာ ၇.၆ ဘီလီယံ ဖြစ်ကြောင်း၊ ယင်းခန့်မှန်းတွက်ချက်မှုတွင် အရှေ့အလယ်ပိုင်းဒေသ၌ ပျက်စီးခဲ့သော အမေရိကန်စစ်တပ် အခြေစိုက်စခန်းများ ပြုပြင်ရန် ကုန်ကျစရိတ်များ မပါဝင်သေးကြောင်း သတင်းတွင် ဖော်ပြထားသည်။
သတင်းဖော်ပြချက်အရ ယင်းနောက်ဆုံးကိန်းဂဏန်းမှာ စက်တင်ဘာလ လဆန်းပိုင်း အချက်အလက်များကို အသစ်ထပ်တိုးထားခြင်းဖြစ်သည်။ အီရန်အပေါ် အမေရိကန်၏ စစ်ပွဲစရိတ်မှာ ကန်ဒေါ်လာ ၄၃.၆ ဘီလီယံ ကုန်ကျခဲ့ပြီဖြစ်ကြောင်း ပင်တဂွန်စစ်ဌာနချုပ်က စက်တင်ဘာလတွင် လွှတ်တော်ထံ တင်ပြခဲ့ဖူးသည်။
ပင်တဂွန်စစ်ဌာနချုပ်က ထုတ်ပြန်သည့် အခြားအချက်အလက်များအရ အမေရိကန်နှင့် အစ္စရေးတို့သည် ဖေဖော်ဝါရီလ ၂၈ ရက်တွင် အီရန်အပေါ် အကြီးစားစစ်ရေးလှုပ်ရှားမှုများ စတင်လုပ်ဆောင်ခဲ့သည့်နောက်ပိုင်း အမေရိကန်တပ်သား ၂၁ ဦး သေဆုံးခဲ့ပြီး ၈၆၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ (Xinhua)
………………………………..
(Chinese Version)
美媒:美对伊朗战争花费升至470亿美元
新华社华盛顿10月27日电(记者黄强 徐剑梅)据美国《国会山报》27日报道,美军对伊朗的战争花费已升至470亿美元,较上月增加了30多亿美元。
报道说,根据美军中央司令部提供给国会的估算,费用中最大的一项用于弹药补充,金额达290亿美元,另有约61亿美元用于补充装备损耗。此外,美空军在战区为部署人员提供的支持、空运、基地运营、通信保障及运输等方面的成本为76亿美元。该估算并未包含修复中东地区受损美军基地的费用。
报道说,这一最新数字是对9月初数据的更新。五角大楼9月曾向国会报告,美对伊朗战争已耗资436亿美元。
另据五角大楼公布的数据,自美国和以色列2月28日开始对伊朗发动大规模军事行动以来,已有21名美军人员死亡、865人受伤。(完)
图说:这是2020年2月19日从空中拍摄的美国国防部所在地五角大楼。新华社记者刘杰摄







