
ဂျေရုဆလမ်၊ အောက်တိုဘာ ၂၈ ရက် (ဆင်ဟွာ)
အစ္စရေးဗဟိုရွေးကောက်ပွဲကော်မတီက အောက်တိုဘာ ၂၇ ရက် ညပိုင်းတွင် ထုတ်ပြန်သည့် အချက်အလက်များအရ ည ၁၀ နာရီ မဲပေးမှု အဆုံးသတ်ချိန်အထိ လွှတ်တော်ရွေးကောက်ပွဲ၏ မဲပေးမှုနှုန်းမှာ ၇၇.၇ ရာခိုင်နှုန်း အထိ ရောက်ရှိခဲ့ပြီး ၁၉၉၉ ခုနှစ်နောက်ပိုင်း အမြင့်ဆုံးစံချိန်သစ် ဖြစ်ကြောင်း သိရသည်။
၂၀၂၂ ခုနှစ်တွင် ကျင်းပခဲ့သော လွှတ်တော်ရွေးကောက်ပွဲနှင့် နှိုင်းယှဉ်ပါက ယခုအကြိမ် လွှတ်တော်ရွေးကောက်ပွဲ၏ မဲပေးမှုနှုန်းမှာ ရာခိုင်နှုန်းပွိုင့် ၇ ခု ခန့် ပိုမိုမြင့်မားခဲ့ကြောင်း အချက်အလက်များတွင် ဖော်ပြထားသည်။
၂၀၂၃ ခုနှစ် အောက်တိုဘာ ၇ ရက် ပါလက်စတိုင်း အစ္စလာမ်မစ် တော်လှန်ရေးလှုပ်ရှားမှု (ဟားမက်စ်) ၏ တိုက်ခိုက်မှုနှင့် ယင်းနောက် စဉ်ဆက်မပြတ် ဖြစ်ပွားခဲ့သော စစ်ရေးနှင့် နိုင်ငံရေးမငြိမ်မသက်မှုများကို ဖြတ်သန်းခဲ့ရပြီးနောက် အစ္စရေးလူ့အဖွဲ့အစည်း၏ နိုင်ငံရေးကွဲလွဲမှုများ ပိုမိုပြင်းထန်လာခဲ့ကာ မဲဆန္ဒရှင်များအား ယခုအကြိမ်ရွေးကောက်ပွဲတွင် တက်ကြွစွာ ပါဝင်လာစေရန် တွန်းအားဖြစ်စေခဲ့ကြောင်း၊ အထူးသဖြင့် အာရပ်နွယ်ဖွား မဲဆန္ဒရှင်များက လက်ရှိအစိုးရ၏ မူဝါဒအပေါ် မကျေနပ်မှုများက မဲပေးမှုနှုန်းကို ပိုမိုမြှင့်တင်စေခဲ့ကြောင်း The Times of Israel က သုံးသပ်ချက်ဖော်ပြထားသည်။
အစ္စရေးမီဒီယာများ၏ ယင်းမတိုင်မီ ထုတ်ပြန်ခဲ့သော မဲရုံအထွက်စစ်တမ်းများ (exit poll) အရ လက်ရှိဝန်ကြီးချုပ် နေတန်ယာဟု ဦးဆောင်သော လက်ယာယိမ်းအုပ်စုနှင့် အစ္စရေးကာကွယ်ရေး စစ်ဦးစီးချုပ်ဟောင်း Gadi Eisenkot ဦးဆောင်သော အတိုက်အခံအုပ်စု နှစ်ဖက်လုံးသည် အစိုးရဖွဲ့စည်းရန် လိုအပ်သည့် အမတ်နေရာ အများစုကို မရရှိခဲ့ကြကြောင်း သိရသည်။ ကနဦးမဲရေတွက်မှုရလဒ်များကို အောက်တိုဘာ ၂၈ ရက်တွင် ထုတ်ပြန်မည်ဟု ခန့်မှန်းရသည်။
အစ္စရေး၏ ၂၆ ကြိမ်မြောက် လွှတ်တော်ရွေးကောက်ပွဲသည် အောက်တိုဘာ ၂၇ ရက် နံနက် ၇ နာရီတွင် မဲပေးမှုစတင်ခဲ့ပြီး ည ၁၀ နာရီတွင် ပြီးဆုံးခဲ့ရာ ယင်းရွေးကောက်ပွဲမှတစ်ဆင့် လွှတ်တော်အမတ် ၁၂၀ ဦးကို ရွေးချယ်တင်မြှောက်မည်ဖြစ်သည်။ ဤသည်မှာ ၂၀၂၃ ခုနှစ် အောက်တိုဘာ ၇ ရက် ပါလက်စတိုင်း-အစ္စရေး ပဋိပက္ခအသစ်တစ်ကြိမ် ဖြစ်ပွားခဲ့သည့်နောက်ပိုင်း အစ္စရေးနိုင်ငံက ပထမဆုံးအကြိမ် လွှတ်တော်ရွေးကောက်ပွဲ ကျင်းပခြင်းဖြစ်သည်။ (Xinhua)

...................................
(Chinese Version)
以色列议会选举投票率达77.7% 创27年来新高
新华社耶路撒冷10月27日电(记者王卓伦 赵伟宏)以色列中央选举委员会27日晚公布的数据显示,截至22时投票结束,议会选举投票率达到77.7%,创1999年以来新高。
数据显示,较2022年举行的议会选举,本次议会选举的投票率高出约7个百分点。
《以色列时报》分析说,经历2023年10月7日巴勒斯坦伊斯兰抵抗运动(哈马斯)袭击及此后持续的战事和政治动荡,以色列社会的政治分歧加剧,推动选民积极参与此次选举。尤其是阿拉伯裔选民对现政府政策的不满,进一步推高了投票率。
以媒此前公布的出口民调显示,现任总理内塔尼亚胡领导的右翼阵营与以国防军前总参谋长埃森科特领导的反对派阵营均未能获得组建政府所需的多数席位。初步计票结果预计28日公布。
以色列第26届议会选举27日7时投票开始,至22时结束,选举产生新一届议会120名议员。这是2023年10月7日新一轮巴以冲突爆发以来,以色列首次举行议会选举。(完)
图说1:10月27日,以色列总理内塔尼亚胡(右)在耶路撒冷一个投票站投票。新华社发(以色列政府新闻办公室供图)
图说2:10月27日,以色列正直党领导人加迪·埃森科特(前左)在以色列赫兹利亚市一个投票站投票。新华社/基尼图片社








