အမေရိကန်နိုင်ငံ နယူးယောက်မြို့ရှိ ကုလသမဂ္ဂရုံးချုပ် အပြင်ဘက်မြင်ကွင်းကို ၂၀၂၅ ခုနှစ် စက်တင်ဘာ ၁၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
အမေရိကန်နိုင်ငံ နယူးယောက်မြို့ရှိ ကုလသမဂ္ဂရုံးချုပ် အပြင်ဘက်မြင်ကွင်းကို ၂၀၂၅ ခုနှစ် စက်တင်ဘာ ၁၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ အောက်တိုဘာ ၂၆ ရက် (ဆင်ဟွာ)

၁၉၄၅ နှစ်တွင် “ကုလသမဂ္ဂ ပဋိညာဉ်စာတမ်း” စတင်အသက်ဝင်မှု အထိမ်းအမှတ်အား ဂုဏ်ပြုသောအားဖြင့် အောက်တိုဘာ ၂၄ ရက်၌ “ကုလသမဂ္ဂနေ့” အဖြစ် သတ်မှတ်ခဲ့သည်။

မကြာသေးမီနှစ်များအတွင်း အခမ်းအနားများစွာ၌ တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က တရုတ်နိုင်ငံအနေဖြင့် ကုလသမဂ္ဂအား ဗဟိုပြုသည့် နိုင်ငံတကာစနစ်ကို ထောက်ခံအားပေးကြောင်း ထပ်လောင်းပြောကြားခဲ့ပြီး ကုလသမဂ္ဂ၏ အခွင့်အာဏာအား ကာကွယ်ထိန်းသိမ်းရန်၊ စစ်မှန်သော နိုင်ငံစုံ ပူးပေါင်းဆောင်ရွက်မှုကို လက်တွေ့ကျင့်သုံးရန်၊ “ကုလသမဂ္ဂ ပဋိညာဉ်စာတမ်း” ရည်ရွယ်ချက်နှင့် အခြေခံမူအား လိုက်နာစောင့်ထိန်းသိမ်းရန် တိုက်တွန်းခဲ့သည်။

အောက်ဖော်ပြပါများမှာ ရှီ၏ သက်ဆိုင်ရာ ပြောကြားချက်များမှ အဓိကအချက်များဖြစ်ပါသည်။

၂၀၂၆ ခုနှစ် စက်တင်ဘာ ၁၃ ရက်

အိန္ဒိယနိုင်ငံ နယူးဒေလီမြို့၌ ကျင်းပသော ၁၈ ကြိမ်မြောက် BRICS ထိပ်သီးအစည်းအဝေးတွင် ရှီက နိုင်ငံအရွယ်အစား၊ အင်အား၊ ဆင်းရဲချမ်းသာမရွေး နိုင်ငံတကာအသိုင်းအဝိုင်း၏ တန်းတူညီတူ အဖွဲ့ဝင်များဖြစ်ကြောင်း ပြောကြားခဲ့သည်။

“ကမ္ဘာ့တောင်ဘက်ခြမ်း နိုင်ငံများက နိုင်ငံစုံ ပူးပေါင်းဆောင်ရွက်မှုဝါဒအလံကို မြင့်မြင့်ကိုင်မြှောက်ပြီး ကုလသမဂ္ဂရဲ့ အခွင့်အာဏာနဲ့ အခန်းကဏ္ဍကို ကာကွယ်ထိန်းသိမ်းရမှာဖြစ်ပါတယ်။ နိုင်ငံစုံအဖွဲ့အစည်းတွေ ပြုပြင်ပြောင်းလဲမှု တွန်းအားပေးဖော်ဆောင်ခြင်း၊ လုပ်ငန်းထိရောက်မှုစွမ်းဆောင်ရည် မြှင့်တင်ခြင်းကို ထောက်ခံအားပေးပြီး နိုင်ငံများက နိုင်ငံတကာရေးရာကိစ္စရပ်များတွင် တန်းတူညီမျှ ပါဝင်ခွင့်ကို အာမခံပေးရပါမယ်” ဟု ၎င်းက အလေးထား ပြောကြားခဲ့သည်။ (Xinhua)

သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်မှတစ်ဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

http://xhtxs.cn/bfWs

--------------------------------------------------------------------------------------

(English Version)

Xiplomacy: Xi's remarks on upholding authority, role of UN

BEIJING, Oct. 24 (Xinhua) -- Saturday marks United Nations Day, commemorating the anniversary of the UN Charter's entry into force in 1945.

On multiple occasions in recent years, Chinese President Xi Jinping has reiterated China's support for the international system with the United Nations at its core, and called for upholding the authority of the United Nations, practicing true multilateralism, and observing the purposes and principles of the UN Charter.

The following are some highlights of his remarks.

Sept. 13, 2026

At the 18th BRICS Summit in New Delhi, India, Xi said all countries, regardless of their size, strength or wealth, are equal members of the international community.

"Global South countries should hold high the banner of multilateralism, uphold the authority and role of the United Nations, support multilateral institutions in advancing reform and increasing efficiency, and ensure the equal participation of all countries in international affairs," he said.

http://xhtxs.cn/bfWs

Photo Caption : This photo taken on Sept. 18, 2025 shows the exterior view of the United Nations headquarters in New York. (Xinhua/Li Rui)