
ပေကျင်း၊ အောက်တိုဘာ ၂၇ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ ရှီးဇန့်ဒေသသည် ကြွယ်ဝသော ယဉ်ကျေးမှုရိုးရာဓလေ့များ၊ တစ်မူထူးခြားသော သဘာဝအလှတရားများနှင့် အံ့မခန်း ဖွံ့ဖြိုးတိုးတက်မှုများ ပိုင်ဆိုင်ထားသည့် ဒေသတစ်ခုပင်ဖြစ်သည်။ ယင်းဒေသအကြောင်းကို အပြည့်အဝ နားလည်သိရှိနိုင်ရန် နိုင်ငံတကာမှ ပရိသတ်များအနေဖြင့် တစ်ဖက်သတ် ပုံဖော်တင်ဆက်မှုများကို လျစ်လျူရှု၍ ကိုယ်တိုင်ကိုယ်ကျ သွားရောက်လေ့လာကြည့်ရှုကြရန် လိုအပ်ပေသည်။
လက်ရှိတွင် အနောက်နိုင်ငံ မြို့ကြီးများ၌ လှည့်လည်ပြသလျက်ရှိသော "တိဘက်ရုပ်ရှင်ပွဲတော်" သည် တစ်ဖက်သတ်ပုံဖော်တင်ဆက်မှုများအနက် တစ်ခုဖြစ်ရာ ရှီးဇန့်ဒေသအကြောင်း မှန်ကန်စွာ နားလည်သိရှိနိုင်စေရန် အထောက်အကူမပြုနိုင်ပေ။
ယဉ်ကျေးမှုဆိုသည်မှာ အပြန်အလှန်နားလည်မှုအတွက် ပေါင်းကူးတံတားတစ်စင်းသဖွယ် အကျိုးပြုသင့်ပြီး အဆိုပါဒေသအပေါ် တရုတ်နိုင်ငံ၏ စီမံခန့်ခွဲမှုကို သားပုပ်လေလွင့် သိက္ခာချရန် ရည်ရွယ်သော နိုင်ငံရေးအစီအစဉ်တစ်ရပ်၏ အသုံးချခံကိရိယာ မဖြစ်သင့်ပေ။
ရှီးဇန့်ဒေသအား ရည်ရွယ်ချက်မှန်ကန်စွာ စိတ်ဝင်စားသူများအတွက်မူ တရုတ်နိုင်ငံသို့ သွားရောက်ကာ အဆိုပါဒေသသို့ ကိုယ်တိုင်သွားရောက်လေ့လာသည့် ပိုမိုမြင်သာထင်သာရှိစေသော နည်းလမ်းတစ်ခုရှိသည်။ ယင်းဒေသ၏ ဖွံ့ဖြိုးတိုးတက်မှုကို မျက်မြင်တွေ့ရှိရခြင်း၊ ယဉ်ကျေးမှုရိုးရာဓလေ့များကို ကိုယ်တိုင်ခံစားကြည့်ရှုခြင်း၊ ဒေသခံပြည်သူများနှင့် တွေ့ဆုံခြင်းတို့မှာ မည်သည့်ရုပ်ရှင်ပွဲတော်ကမျှ (အထူးသဖြင့် နိုင်ငံရေးအမြတ်ထုတ်လိုသည့် ရုပ်ရှင်ပွဲတော်တစ်ခုက) ပေးစွမ်းနိုင်မည်မဟုတ်သော အမှန်တရားနှင့် အမြင်များကို ပေးစွမ်းနိုင်မည်ဖြစ်သည်။
ရုပ်ရှင်ပွဲတော်ဟုဆိုသော ထိုအရာ၏ နောက်ကွယ်တွင် ရိုးအီနေပြီဖြစ်သော နိုင်ငံရေးပရိယာယ်တစ်မျိုး ကိန်းအောင်းလျက်ရှိကာ ယင်းမှာ အနောက်နိုင်ငံများမှ တရုတ်ဆန့်ကျင်ရေး အင်အားစုအချို့က တရုတ်နိုင်ငံနှင့်သက်ဆိုင်သော ကိစ္စရပ်တိုင်းကို မဟာဗျူဟာမြောက် အားပြိုင်သည့်အမြင်ဖြင့် ရှုမြင်ကာ ခွဲထွက်ရေးဝါဒီ အင်အားစုများကလည်း အဆိုပါ အတွေးအခေါ်ကို အသုံးချ၍ မသမာသော နိုင်ငံရေးအစီအစဉ်ကို ဖော်ဆောင်နေခြင်းဖြစ်ပေသည်။ (Xinhua)
သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်မှတစ်ဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။
http://xhtxs.cn/bfYv

------------------
(English Version)
Xinhua Commentary: To understand Xizang, a visit is better than a film
BEIJING, Oct. 26 (Xinhua) -- China's Xizang is a region of rich cultural traditions, unique natural beauty and remarkable development. To understand it fully, international audiences need to look beyond one-sided portrayals and see it by themselves.
The "Tibet Film Festival" now touring Western cities is one of those biased portrayals. It does little to foster a genuine understanding of Xizang.
Culture should serve as a bridge for understanding, not a vehicle for political agenda aimed at discrediting China's governance of the region.
For those interested in Xizang for a good reason, there is a more direct way to learn: come to China and visit the region firsthand. Seeing its development, experiencing its cultural traditions and meeting local residents can offer insights that no single film festival, least of all a politically charged one, can convey.
Behind this so-called film festival lies a familiar political playbook: certain anti-China forces in the West view every China-related issue through the lens of strategic rivalry, while separatist forces exploit this mindset to advance a malicious agenda.
http://xhtxs.cn/bfYv
Photo Caption 1 : An aerial drone photo taken on Oct. 12, 2026 shows scenery in Basomtso scenic area, a national 5A tourist attraction, in Nyingchi, southwest China's Xizang Autonomous Region. (Xinhua/Jigme Dorje)
Photo Caption 2 : Police officers of the Pumaqangtang border police station patrol near the Gangbu glacier in Shannan, southwest China's Xizang Autonomous Region, Aug. 19, 2026. (Xinhua/Tenzin Nyida)








