ပိုင်ဆန်း (ကျီလျင်)၊ အောက်တိုဘာ ၂၆ ရက် (ဆင်ဟွာ)

ဆောင်းဦးရာသီချိန် ကျီလျင်ပြည်နယ် ပိုင်ဆန်းမြို့ ကျင့်ယွီခရိုင် ပိုင်လုံဝမ်းရှုခင်းသာတွင် ကန်ရေပြင်က မှန်သားပမာကြည်လင်ပြီး သစ်ပင်တောအုပ်အထပ်ထပ်က အရောင်အသွေးစုံလင်စွာ ခြယ်မှုန်းထားကာ ကမ်းနှစ်ဘက်ရှိ သစ်ပင်များက ရောင်စုံဝတ်ရုံများလဲလှယ်ဆင်မြန်းထားသည်။ နီမြန်းသော မေပယ်ပင်နှင့် ဝါညိုရောင် Yellow Birch အပင်များက အလှချင်းပြိုင်နေပြီး ပြာလဲလဲ့ ကန်ရေပြင်က တောင်တန်းများကြားတွင် ကွေ့ကာဝိုက်ကာ စီးဆင်းလျက်ရှိသည်။ လေပြည်လေညင်း တိုက်ခတ်သွားချိန်တွင် လှိုင်းကြက်ခွပ်ကလေးများက တလက်လက်တောက်ပနေပြီး အဝေးမှ စိမ်းစိုမှိုင်းညို့နေသော တောင်တန်းများနှင့် တစ်သားတည်းပေါင်းစပ် ဖြစ်တည်နေသော မြင်ကွင်းကို တွေ့မြင်နိုင်ပါသည်။ (Xinhua)


---------------------

(Chinese Version)

秋日白龙湾 层林尽染时

【解说】秋日,位于吉林省白山市靖宇县的白龙湾,湖光澄澈,层林尽染。两岸林木换上彩衣,红枫、黄桦错落相映,碧水蜿蜒静卧群山之间。微风掠过,波光粼粼,远山含黛,天水相融。

新华社记者姜明明 吉林长春报道。(完)