အောင်လံ၊ အောက်တိုဘာ ၂၅ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံ မကွေးတိုင်းဒေသကြီး အောင်လံမြို့ ဆုတောင်းပြည့် ရွှေပြောင်ပြောင်ဘုရားကြီးတွင် လာမည့် သီတင်းကျွတ်လပြည့်နေ့ ညနေပိုင်းတွင် မြို့ပေါ် ၉ ရပ်ကွက်ရှိ အသက်ကြီးအဘိုးအဘွားများကို ပူဇော်ကန်တော့ပွဲ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
သီတင်းကျွတ်လပြည့်နေ့ ညနေပိုင်းမှ စတင်ကာ ဆီးမီးပူဇော်ပွဲကိုလည်း ကျင်းပပြုလုပ်မည်ဖြစ်ကာ သက်ကြီးပူဇော်ပွဲတွင် လှူဒါန်းငွေအပါအဝင် ဆေးဝါးများ၊ အသုံးအဆောင်ပစ္စည်းများကို ပူဇော်ကန်တော့မှာဖြစ်ကြောင်း သိရသည်။
အောင်လံမြို့ ဆုတောင်းပြည့်ရွှေပြောင်ပြောင်ဘုရားကြီး မြင်ကွင်းများကို အောက်တိုဘာ ၂၃ ရက် နံနက်ပိုင်းက ရိုက်ကူးထားခြင်းဖြစ်သည်။ (Xinhua)
#သီတင်းကျွတ်လပြည့် #အောင်လံ








