တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် ဘယ်လ်ဂျီယမ်နိုင်ငံ ဘရပ်ဆဲလ်မြို့ရှိ နန်းတော်ရင်ပြင်၌ ဘယ်လ်ဂျီယမ်နိုင်ငံ ဘုရင် Philippe ကျင်းပသည့် ခမ်းနားသော ကြိုဆိုပွဲအခမ်းအနားသို့ တက်ရောက်နေသည်ကို ၂၀၁၄ ခုနှစ် မတ် ၃၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် ဘယ်လ်ဂျီယမ်နိုင်ငံ ဘရပ်ဆဲလ်မြို့ရှိ နန်းတော်ရင်ပြင်၌ ဘယ်လ်ဂျီယမ်နိုင်ငံ ဘုရင် Philippe ကျင်းပသည့် ခမ်းနားသော ကြိုဆိုပွဲအခမ်းအနားသို့ တက်ရောက်နေသည်ကို ၂၀၁၄ ခုနှစ် မတ် ၃၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ အောက်တိုဘာ ၂၆ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် ဘယ်လ်ဂျီယမ်နိုင်ငံ ဘုရင် Philippe တို့သည်‌ အောက်တိုဘာ ၂၅ ရက်တွင် တရုတ်-ဘယ်လ်ဂျီယမ် သံတမန်ဆက်ဆံရေး ထူထောင်ခြင်း ၅၅ နှစ်မြောက် အထိမ်းအမှတ် ဂုဏ်ပြုသဝဏ်လွှာများ အပြန်အလှန် ပေးပို့ခဲ့ကြသည်။

သဝဏ်လွှာတွင် ရှီကျင့်ဖိန်က သံတမန်ဆက်ဆံရေး ထူထောင်သည့် ၅၅ နှစ်တာကာလအတွင်း တရုတ်နိုင်ငံနှင့် ဘယ်လ်ဂျီယမ်နိုင်ငံတို့သည် အပြန်အလှန် လေးစားမှု၊ တန်းတူညီမျှဆက်ဆံမှု၊ အပြန်အလှန် အကျိုးဖြစ်ထွန်း၍ ဘုံအကျိုးစီးပွား ဖော်ဆောင်မှုကို ခိုင်မာစွာ လက်ကိုင်ထားခဲ့ပြီး နှစ်နိုင်ငံ ဆက်ဆံရေး တည်ငြိမ်စွာ တိုးတက်ခဲ့ကြောင်း၊ နှစ်ဖက်က ကဏ္ဍစုံပူးပေါင်းဖလှယ်မှုတွင် ထူးခြားချက်များစွာ ရှိခဲ့ပြီး ရလဒ်ကြွယ်ဝကြောင်း၊ နှစ်နိုင်ငံ ပြည်သူများ သွားလာဆက်ဆံမှုသည်လည်း တစ်နေ့တစ်ခြား နီးကပ်လာကြောင်း ထောက်ပြခဲ့သည်။

မိမိအနေဖြင့် တရုတ်-ဘယ်လ်ဂျီယမ် ဆက်ဆံရေး တိုးတက်မှုကို များစွာ အလေးထားကြောင်း၊ ဘုရင် Philippe နှင့်အတူ ကြိုးပမ်း၍ နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး ထူထောင်ခြင်း ၅၅ နှစ်မြောက်အား အခါအခွင့်အဖြစ် ထားရှိကာ တရုတ်-ဘယ်လ်ဂျီယမ် ဘက်စုံထောင့်စုံ ချစ်ကြည်ရင်းနှီးသော ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်ဆက်ဆံရေး အဆက်မပြတ် အဆင့်သစ်သို့ တက်လှမ်းနိုင်စေရန် ဦးဆောင်ပြီး တရုတ်-ဥရောပဆက်ဆံရေး တည်ငြိမ်စွာ တိုးတက်မှုအတွက် အကျိုးထမ်းဆောင်မှုအသစ်များ လုပ်ဆောင်ရန် ဆန္ဒရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။

Philippe က သံတမန်ဆက်ဆံရေး ထူထောင်သည့် ကာလအတွင်း တရုတ်-ဘယ်လ်ဂျီယမ်သည် ကျယ်ပြန့်သော၊ အမျိုးအစားစုံလင်လှသော ပူးပေါင်းဆောင်ရွက်မှု ဆက်ဆံရေး တည်ထောင်ခဲ့ကြောင်း၊ သမ္မတ ရှီကျင့်ဖိန်သည် ၂၀၁၄ ခုနှစ်တွင် ဘယ်လ်ဂျီယမ်နိုင်ငံသို့ အောင်မြင်စွာ နိုင်ငံတော်ခရီးစဉ် လာရောက်ခဲ့ပြီး မိမိအနေဖြင့်  ချစ်ကြည်ရင်းနှီးသော အမှတ်ရမှုများ ရှိခဲ့ကြောင်း ဆိုခဲ့သည်။

နှစ်ဖက်အနေဖြင့် လွန်ခဲ့သည့် ၅၅ နှစ် အခြေခံပေါ်တွင် ပွင့်လင်းမြင်သာသော တွေ့ဆုံဆွေးနွေးမှုကို ဆက်လက် တွန်းအားပေးဖော်ဆောင်ပြီး လက်တွေ့ပူးပေါင်းဆောင်ရွက်မှုများ တိုးချဲ့ဆောင်ရွက်ကာ အပြန်အလှန် နားလည်သိရှိမှုများကို မြှင့်တင်နိုင်မည်ဟု မိမိအနေဖြင့် အခိုင်အမာ ယုံကြည်ကြောင်း၊ ဘယ်လ်ဂျီယမ်နိုင်ငံအနေဖြင့် တရုတ်နိုင်ငံနှင့်အတူ ဟန်ချက်ညီ၍ အပြန်အလှန် အကျိုးဖြစ်ထွန်းသော ဆက်ဆံရေးကို ဖော်ဆောင်ပြီး ကမ္ဘာလုံးဆိုင်ရာ ဘုံစိန်ခေါ်မှုများကို ကိုင်တွယ်စီမံကာ ငြိမ်းချမ်းသော၊ တည်ငြိမ်သောနှင့် စဉ်ဆက်မပြတ်ဖြစ်သော ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ဆောင်ရွက်သွားလိုကြောင်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)

----------------------

(Chinese Version)

习近平同比利时国王菲利普就中比建交55周年互致贺信

新华社北京10月25日电 10月25日,国家主席习近平同比利时国王菲利普互致贺信,庆祝两国建交55周年。  

习近平指出,建交55年来,中国和比利时坚持相互尊重、平等相待、互利共赢,两国关系平稳发展。双方各领域交流合作亮点纷呈、成果丰硕,两国人民交往日益密切。我高度重视中比关系发展,愿同菲利普国王一道努力,以两国建交55周年为契机,引领中比全方位友好合作伙伴关系不断迈上新台阶,为推动中欧关系健康稳定发展作出新贡献。  

菲利普表示,建交以来,比中建立起广泛、多元的合作关系。习近平主席2014年成功对比利时进行国事访问,给我留下美好回忆。我坚信,双方将在过去55年基础上,继续推进开放对话,拓展务实合作,增进相互理解。比方愿同中方发展均衡互利关系,应对全球共同挑战,促进和平、稳定和可持续发展。(完)

图说:2014年3月30日,国家主席习近平在布鲁塞尔会见比利时国王菲利普。会见前,习近平出席菲利普国王在王宫广场举行的隆重欢迎仪式。新华社记者 姚大伟 摄