
ပေကျင်း၊ အောက်တိုဘာ ၂၇ ရက် (ဆင်ဟွာ)
တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ၏ လေးရက်ကြာ မျက်နှာစုံညီအစည်းအဝေးကို အောက်တိုဘာ ၂၆ ရက်က ပေကျင်းမြို့တွင် စတင်ကျင်းပခဲ့ကာ ပါတီကိုယ်ပိုင်စီမံခန့်ခွဲမှု ခိုင်မာအားကောင်းရေးနှင့်စပ်လျဉ်း၍ အဓိကထား ဆွေးနွေးလျက်ရှိကြောင်း သိရသည်။
အဆိုပါအစည်းအဝေးသည် သမ္မတရှီကျင့်ဖိန်အား ဗဟိုပြုသော ပါတီဗဟိုကော်မတီအနေဖြင့် အပြည့်အဝဖြစ်၍ တင်းကျပ်သော ကိုယ်ပိုင်စီမံခန့်ခွဲမှုဖြင့် ပါတီပိုမိုခိုင်မာအားကောင်းလာစေရန် ဆောင်ရွက်သည့် လတ်တလော အစီအစဉ်တစ်ရပ်လည်းဖြစ်သည်။
အပြည့်အဝဖြစ်၍ တင်းကျပ်သည့် ကိုယ်ပိုင်စီမံခန့်ခွဲမှု ကျင့်သုံးခြင်းသည် ပါတီအတွက် ရေရှည်တည်တံ့သည့် လုပ်ငန်းစဉ်တစ်ရပ်ဖြစ်ကြောင်း CPC ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ်လည်းဖြစ်သူ ရှီက အလေးထားပြောကြားထားသည်။
“သံကိုထုရိုက်ချင်ရင် ကိုယ်ကိုယ်တိုင်က အလွန်သန်မာနေဖို့လိုတယ်” ဟု CPC ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ်အဖြစ် ၂၀၁၂ ခုနှစ် နိုဝင်ဘာလတွင် ရွေးချယ်တင်မြှောက်ခံရပြီးနောက် ရှီက ပြောကြားခဲ့သည်။ ထို့နောက်တွင်လည်း ရှီက အဂတိလိုက်စားမှုကို အထိန်းအကွပ်မဲ့စွာ ဆက်လက်ကြီးထွားခွင့်ပြုပါက ပါတီရော နိုင်ငံပါ ပျက်စီးခြင်း ကိန်းဆိုက်နိုင်သည်ဟု CPC ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အစုအဖွဲ့လိုက်လေ့လာသုံးသပ်ရေး အစည်းအဝေးတစ်ခု၌ သတိပေးပြောဆိုခဲ့ဖူးသည်။
တရုတ်နိုင်ငံသည် ခေတ်သစ်ကာလသို့ ရောက်ရှိလာသည်နှင့်အမျှ ကမ္ဘာ့အကြီးဆုံး အာဏာရပါတီဖြစ်သည့် CPC သည် ပြုပြင်ပြောင်းလဲရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် တည်ငြိမ်ရေးတို့ကို ခိုင်မာသေချာအောင် ဆောင်ရွက်ရာတွင်လည်းကောင်း၊ နိုင်ငံ၏ ပြဿနာများနှင့် အန္တရာယ်များကို ကိုင်တွယ်ဖြေရှင်းရာတွင်လည်းကောင်း မကြုံစဖူး စိန်ခေါ်မှုများနှင့် ရင်ဆိုင်ခဲ့ရသည်။
တရုတ်နိုင်ငံ၏ အောင်မြင်မှုသည် ပါတီအပေါ် တည်မှီနေသည်ဟု ရှီက အလေးထားပြောကြားခဲ့ပြီး CPC အနေဖြင့် ကိုယ်ပိုင်စီမံခန့်ခွဲမှုစနစ်ဖြင့် စဉ်ဆက်မပြတ် ခိုင်မာအားကောင်းအောင် ကိုယ်ထူကိုယ်ထ တည်ဆောက်ရမည်ဟုလည်း ရှင်းရှင်းလင်းလင်း ပြောဆိုခဲ့သည်။
ရှီက ၂၀၁၄ ခုနှစ်တွင် အတန်သင့်ကြွယ်ဝချမ်းသာသော လူမှုအဖွဲ့အစည်း တည်ဆောက်ရေး၊ ပြုပြင်ပြောင်းလဲမှုများ နက်နက်ရှိုင်းရှိုင်း လုပ်ဆောင်ရေးနှင့် ဥပဒေအခြေပြု စီမံခန့်ခွဲမှုစနစ် မြှင့်တင်ဖော်ဆောင်ရေးတို့နှင့်အတူ ပါတီ၏ မဏ္ဍိုင်လေးရပ် စီမံခန့်ခွဲရေးမဟာဗျူဟာ၏ တစ်စိတ်တစ်ဒေသအဖြစ် "အပြည့်အဝဖြစ်၍ တင်းကျပ်သော ပါတီကိုယ်ပိုင်စီမံခန့်ခွဲမှု" ဟူသော အယူအဆကို အတိအလင်း အဆိုပြုခဲ့သည်။
ပါတီကိုယ်ပိုင်စီမံခန့်ခွဲမှုကို အပြည့်အဝနှင့် တင်းတင်းကျပ်ကျပ် ဆောင်ရွက်ခြင်းက ပါတီ၏ ရေရှည်စီမံခန့်ခွဲမှု၊ နိုင်ငံ၏ ရေရှည်တည်တံ့သော တည်ငြိမ်မှုနှင့် ပြည်သူများ၏ ပျော်ရွှင်ချမ်းမြေ့မှု၊ သာယာဝပြောမှုတို့အတွက် အလွန်အရေးကြီးသည်ဟု ရှီက ယူဆထားသဖြင့် ယင်းအား ရေရှည်မဟာဗျူဟာတစ်ရပ်အဖြစ် ချမှတ်ဖော်ဆောင်ခဲ့သည်။ (Xinhua)
သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်မှတစ်ဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။
https://english.news.cn/20261026/699b7082b8644fdbb96077899d109ac9/c.html
………………………….
(English Version)
Xi Focus: Xi leads CPC to advance full, rigorous self-governance
BEIJING, Oct. 26 (Xinhua) -- The Communist Party of China (CPC) Central Committee on Monday started a four-day plenary session in Beijing, which focuses on strengthening Party self-governance.
This marks the latest move by the Party Central Committee with Xi Jinping at its core to strengthen the Party through full and rigorous self-governance.
Xi, general secretary of the CPC Central Committee, has emphasized that exercising full and rigorous self-governance is an enduring task for the Party.
"One has to be very strong if he wants to strike the iron," Xi said shortly after his election to the post of general secretary of the CPC Central Committee in November 2012. He later warned at a group study session of the Political Bureau of the CPC Central Committee that if corruption is allowed to grow unchecked, "it could spell the end of both the Party and the state."
As China entered the new era, the CPC, the largest governing party in the world, faced unprecedented challenges in ensuring reform, development and stability, and addressing problems and risks confronting the nation.
Xi has stressed that China's success hinges on the Party, and has made clear that the CPC must continuously strengthen itself through self-governance.
In 2014, he explicitly put forward the concept of "exercising full and rigorous Party self-governance" as part of the Party's four-pronged governing strategy, alongside building a moderately prosperous society in all respects, deepening reform and advancing law-based governance.
He has made full and rigorous Party self-governance a long-term strategy, as he considers it vital to the Party's long-term governance, the country's enduring stability, and the people's happiness and well-being.
https://english.news.cn/20261026/699b7082b8644fdbb96077899d109ac9/c.html
Photo caption: Chinese President Xi Jinping, also general secretary of the Communist Party of China (CPC) Central Committee and chairman of the Central Military Commission, delivers an important speech during a gathering commemorating the 90th anniversary of the victory of the Red Army's Long March held at the Great Hall of the People in Beijing, capital of China, Oct. 22, 2026. (Xinhua/Yao Dawei)








