
ပဲရစ်၊ အောက်တိုဘာ ၂၅ ရက် (ဆင်ဟွာ)
ပြင်သစ်နိုင်ငံနေရာအများအပြား၌ အောက်တိုဘာ ၂၄ ရက်တွင် ဆန္ဒပြမှုထပ်မံဖြစ်ပွားခဲ့ရာ ဆန္ဒပြပွဲပါဝင်သူ သိန်းနှင့်ချီရှိခဲ့ပြီး အကြမ်းဖက်မှု ဖြစ်စဉ်အချို့လည်း ဖြစ်ပွားခဲ့ကြောင်း၊ သို့သော်သတင်းထုတ်ပြန်ချိန်အထိမူ ယခင်ဆန္ဒပြပွဲကဲ့သို့ ပြင်းထန်သော ဆူပူသောင်းကျန်းမှုအသွင်သို့ ရောက်ရှိခဲ့ခြင်း မရှိကြောင်း သိရသည်။
ပြင်သစ်ပြည်ထဲရေးဝန်ကြီး Laurent Nunez က ထိုနေ့ညပိုင်းတွင် မီဒီယာများသို့ ပြောကြားရာ၌ မပြည့်စုံသေးသော စာရင်းအချက်အလက်များအရ ထိုနေ့တွင် လူပေါင်း ၁,၀၀၀ ခန့် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရကြောင်း ပြောကြားခဲ့သည်။ နေရာအသီးသီးရှိ ဆန္ဒပြစစ်ကြောင်းများသည် တည်တည်ငြိမ်ငြိမ် ချီတက်ခဲ့ကြသော်လည်း အချို့သော အဖွဲ့များသည် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ထိပ်တိုက်လုပ်ခြင်း စသည့် အကြမ်းဖက်မှုများကို ဖန်တီးခဲ့ကြကြောင်း၊ တည်ငြိမ်မှုထိန်းသိမ်းရေးအင်အားများကို တင်းကျပ်စွာ ဖြန့်ကြက်ထားခြင်းကြောင့် ယခုအကြိမ်ဆန္ဒပြမှုတွင် အကြမ်းဖက် ဖျက်ဆီးနိုင်မှုမှာ အကန့်အသတ်ရှိခဲ့ကြောင်း သိရသည်။
ပြင်သစ်ပြည်ထဲရေးဝန်ကြီးဌာန၏ စာရင်းအချက်အလက်များအရ အောက်တိုဘာ ၂၄ ရက်တွင် တစ်နိုင်ငံလုံး၌ ဆန္ဒပြသူ ၄၁၀,၀၀၀ ခန့် ပါဝင်ခဲ့ကြောင်း သိရသည်။ ပြင်သစ် အလုပ်သမားသမဂ္ဂ အဖွဲ့အစည်းများကမူ ပါဝင်သူ ဦးရေမှာ ၈၀၀,၀၀၀ ခန့် ရှိကြောင်း ပြောကြားခဲ့သည်။
ပြင်သစ်အစိုးရသည် ထိုနေ့တွင် ဖြစ်ပွားသော ဆန္ဒပြပွဲများကို ကိုင်တွယ်ရန် ရဲတပ်ဖွဲ့ဝင်နှင့် စစ်ဘက်ဆိုင်ရာရဲတပ်ဖွဲ့ဝင် ၇၀,၀၀၀ ဖြန့်ကြက်ချထားခဲ့သည်။ ပြင်သစ်မီဒီယာများ၏ သတင်းဖော်ပြချက်အရ ထိုနေ့တွင် ပဲရစ်၊ မာဆေး၊ လီယွန်း၊ စတာရက်စ်ဘာ့ဂ်၊ တူးလူးစ် စသည့် နေရာအများအပြား၌ လုံခြုံရေးတပ်ဖွဲ့ဝင်များကို ထိပ်တိုက်လုပ်သည့် ဖြစ်စဉ်များ ပေါ်ပေါက်ခဲ့ပြီး မာဆေးမြို့ရှိ ဆိုင်ခန်း အများအပြားလည်း လုယက်ဖျက်ဆီးခြင်း ခံခဲ့ရကြောင်း သိရသည်။
အောက်တိုဘာ ၁၇ ရက်က ပြင်သစ်နိုင်ငံတစ်ဝန်း ဆန္ဒပြပွဲများ ဖြစ်ပွားခဲ့သည်။ တစ်နိုင်ငံလုံး၌ ဆန္ဒပြသူ ၅၅၀,၀၀၀ ခန့် ပါဝင်ခဲ့ကြောင်း ပြင်သစ်အစိုးရက ခန့်မှန်းခဲ့ပြီး စီစဉ်သူများကမူ ပါဝင်သူ ဦးရေမှာ ၈၀၀,၀၀၀ အထိ ရှိကြောင်း ပြောကြားခဲ့သည်။ မြို့အချို့ရှိ ဆန္ဒပြပွဲများတွင် အကြမ်းဖက် ထိပ်တိုက်ဖြစ်မှုများ ပါဝင်ခဲ့သည်။ တရားဝင် စာရင်းအချက်အလက်များအရ ပြင်သစ်နိုင်ငံတစ်ဝန်းတွင် အနည်းဆုံး ဆိုင်ခန်းပေါင်း ၃,၀၀၀ ခန့် လုယက်ဖျက်ဆီးခြင်း ခံခဲ့ရကြောင်း သိရသည်။ ပြင်သစ်မီဒီယာများ၏ သတင်းဖော်ပြချက်အရ အစိုးရသည် ထိုစဉ်က တည်ငြိမ်ရေး ထိန်းသိမ်းရန် ရဲတပ်ဖွဲ့ဝင်နှင့် စစ်ဘက်ရဲတပ်ဖွဲ့ဝင် ၆၀,၀၀၀ ဖြန့်ကြက်ထားခဲ့ကြောင်း သိရသည်။
အချို့သော အလုပ်သမားသမဂ္ဂများနှင့် ကျောင်းသားအဖွဲ့အစည်းများသည် နောက်ထပ် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆန္ဒပြမည့်ရက်ကို နိုဝင်ဘာ ၅ ရက်ဟု သတ်မှတ်ထားကြောင်း ပြင်သစ်မီဒီယာများက ဖော်ပြသည်။ အောက်တိုဘာ ၂၄ ရက် ဆန္ဒပြပွဲတွင် ပါဝင်သည့် လှုပ်ရှားသူ အချို့ကမူ အောက်တိုဘာ ၃၁ ရက်တွင် တစ်ဖန် ပြန်လည် ဆန္ဒပြသွားမည်ဟု ပြောကြားခဲ့ကြောင်း သိရသည်။ (Xinhua)
-----------------------------
(Chinese Version)
法国数十万人参与新一轮示威游行 约千人被捕
新华社巴黎10月24日电(记者乔本孝)法国多地24日爆发新一轮示威游行,参与者达数十万,伴随暴力事件发生,但截至发稿,未酿成与上轮游行同等严重程度的骚乱。
法国内政部长努内兹当晚对媒体说,据不完全统计,当天已有约1000人被捕。各地游行队伍平稳行进,但一些团体制造冲撞治安部队等暴力行为。由于维稳力量部署严密,本轮游行伴生的暴力行为破坏力相对有限。
据法国内政部统计,24日全国约41万人参与示威游行。法国工会组织称,参与者约80万人。
法国政府部署7万名警察和宪兵应对当天的游行示威。
据法国媒体报道,当日巴黎、马赛、里昂、斯特拉斯堡、图卢兹等多地出现冲撞治安部队等事件,马赛多间商铺被劫掠或打砸。
本月17日,法国爆发全国性示威。法国政府估计,全国约55万人参加示威,组织方则称人数达到80万。部分城市的示威活动伴有暴力冲突。据官方统计,法国全国至少3000家商铺遭劫掠或打砸。据法国媒体报道,政府当时部署了6万名警察和宪兵维稳。
据法国媒体报道,部分工会和学生组织将下一次全国性抗议日期定在11月5日。而参与10月24日示威的部分活动人士称,会在10月31日再次举行示威。(完)
图说1:10月24日,在法国里尔,参加示威游行的人与警察对峙。新华社发(塞巴斯蒂安·库尔吉摄)
图说2:10月24日,在法国里尔,安全人员带离一名示威者。新华社发(塞巴斯蒂安·库尔吉摄)








