
ရှုံအန်း၊ အောက်တိုဘာ ၂၄ ရက် (ဆင်ဟွာ)
ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှု အစီအမံအဆိုပြုသည့် တစ်နှစ်တာကာလအတွင်း ၎င်း၏တန်ဖိုးနှင့် အနက်အဓိပ္ပာယ်မှာ အချိန်နှင့်အမျှ ပို၍ သိသာထင်ရှားလာရာ မျှော်မှန်းချက်များကို လက်တွေ့အကောင်အထည်ဖော်ဆောင်ရန်အတွက် ကြိုးပမ်းသွားကြရန် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက အောက်တိုဘာ ၂၃ ရက်တွင် တိုက်တွန်းပြောကြားလိုက်သည်။
တရုတ်နိုင်ငံ မြောက်ပိုင်း ဟဲပေပြည်နယ် ရှုံအန်းဧရိယာသစ်၌ ကျင်းပသည့် ၂၀၂၆ ခုနှစ် ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှုဖိုရမ် (ရှုံအန်း) ဖွင့်ပွဲအခမ်းအနား၌ ပြောကြားခဲ့သော အမှာစကားတွင် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် စီမံခန့်ခွဲမှု လိုအပ်ချက်ကို ဖြေရှင်းရန်နှင့် ပိုမိုကောင်းမွန်သော အနာဂတ်ကို အတူတကွ ဖန်တီးကြရန်အတွက် ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှု အစီအမံကို အဆိုပြုခဲ့ခြင်းဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်လည်းဖြစ်သူ ဝမ်ရိက နိုင်ငံအသီးသီးအနေဖြင့် ကုလသမဂ္ဂ၏ ဗဟိုအခန်းကဏ္ဍကို အတူတကွ ကာကွယ်ထိန်းသိမ်းသင့်ကြောင်း၊ လုံခြုံရေးကောင်စီ၏ လျင်မြန်စွာ တုံ့ပြန်ဆောင်ရွက်နိုင်စွမ်းကို မြှင့်တင်ပေးသင့်ကြောင်းနှင့် ဖွံ့ဖြိုးဆဲနိုင်ငံများ၏ တရားဝင် စိုးရိမ်ပူပန်မှုများကို တုံ့ပြန်ဆောင်ရွက်ပေးသင့်ကြောင်း ပြောကြားခဲ့သည်။
နိုင်ငံကြီးများအနေဖြင့် တန်းတူညီမျှမှု၊ ကတိကဝတ် တည်ကြည်မှု၊ ကျင့်ဝတ်စောင့်ထိန်းမှုနှင့် ပူးပေါင်းဆောင်ရွက်ရေး နက်ရှိုင်းစေမှုတို့တွင် စံနမူနာပြုသင့်ကြောင်း၊ ယင်းမှာ နိုင်ငံအားလုံး သဟဇာတဖြစ်၍ သင့်မြတ်စွာ အတူယှဉ်တွဲနေထိုင်ပြီး လူမျိုးစုများအားလုံး အပြန်အလှန် တန်ဖိုးထား၍ သာယာဝပြောသော ကမ္ဘာကြီးကို ဖော်ဆောင်နိုင်မည့် တစ်ခုတည်းသော နည်းလမ်းဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
အဖွဲ့အစည်းအသီးသီးအနေဖြင့် ဘုံဖြစ်သော၊ ဘက်စုံဖြစ်သော၊ ပူးပေါင်းဆောင်ရွက်မှုရှိသော၊ စဉ်ဆက်မပြတ်ဖြစ်သော လုံခြုံရေးအမြင်ကို ကိုင်စွဲသင့်ပြီး ငြိမ်းချမ်းရေးကို ကာကွယ်ထိန်းသိမ်းရန်အတွက် နိုင်ငံများအကြား သဘောထားကွဲလွဲမှုများနှင့် ပဋိပက္ခများကို ငြိမ်းချမ်းသော နည်းလမ်းများဖြင့် ဖြေရှင်းသင့်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
နိုင်ငံတကာရေးရာများတွင် ကမ္ဘာ့တောင်ဘက်ခြမ်း၏ ကိုယ်စားပြုမှုနှင့် အသံကို မြှင့်တင်ရန်၊ ဘက်အသီးသီးက သဘောတူညီထားသည့် အချိန်ဇယားနှင့် လမ်းပြမြေပုံအတိုင်း နိုင်ငံတကာ ဘဏ္ဍာရေးစနစ် ပြုပြင်ပြောင်းလဲရေးကို တွန်းအားပေးရန်၊ လုံခြုံရေးကောင်စီတွင် ဖွံ့ဖြိုးဆဲနိုင်ငံများ၏ ကိုယ်စားပြုမှုကို တိုးမြှင့်ရန်၊ BRICS နှင့် ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (SCO) စသည့် ထွန်းသစ်စ နိုင်ငံစုံပူးပေါင်းဆောင်ရွက်ရေး ယန္တရားများ၏ အရေးပါသော အခန်းကဏ္ဍကို အပြည့်အဝအသုံးချရန် ဆောင်ရွက်ရမည်ဖြစ်ကြောင်း ဝမ်ရိက ထည့်သွင်းပြောကြားခဲ့သည်။ (Xinhua)
သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်မှတစ်ဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။
https://english.news.cn/20261024/659ed3915cc646fd8a2da5be2f1c4553/c.html


-----------------------------
(English Version)
China's top diplomat says Global Governance Initiative increasingly relevant
XIONGAN, Oct. 23 (Xinhua) -- Chinese Foreign Minister Wang Yi said on Friday that the Global Governance Initiative has become increasingly relevant one year after it was put forward, calling for efforts to turn its vision into reality.
Chinese President Xi Jinping put forward the Global Governance Initiative, offering a solution to address the governance deficit and jointly create a better future, Wang said in a keynote speech at the opening ceremony of the 2026 Global Governance Forum (Xiongan) in Xiongan New Area, north China's Hebei Province.
Wang, also a member of the Political Bureau of the Communist Party of China Central Committee, said countries should jointly uphold the central role of the United Nations, enhance the Security Council's rapid response capacity, and respond to the legitimate concerns of developing countries.
He said major countries must set an example in upholding equality, credibility, moral principles and cooperation, which is the only way to bring about a world where all countries coexist in harmony and all nations thrive in mutual appreciation.
All parties should adhere to a vision of common, comprehensive, cooperative and sustainable security and resolve differences and disputes between countries through peaceful means to safeguard peace, he said.
It is important to enhance the representation and voice of the Global South in international affairs, advance reform of the international financial system in accordance with the timetable and roadmap agreed by all parties, increase the representation of developing countries in the Security Council, and give full play to the important role of emerging multilateral cooperation mechanisms such as BRICS and the Shanghai Cooperation Organization, Wang said.
Photo Caption:Chinese Foreign Minister Wang Yi, also a member of the Political Bureau of the Communist Party of China Central Committee, reads out a message from Chinese President Xi Jinping and delivers a keynote speech at the opening ceremony of the 2026 Global Governance Forum (Xiong'an) in Xiong'an New Area, north China's Hebei Province, Oct. 23, 2026. (Xinhua/Mu Yu)








