တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ကွေ့ကျိုးပြည်နယ် ရှီးဆွေခရိုင်ရှိ ချစ်ရွှေမြစ်ကို လေးကြိမ်တိုင်တိုင် ဖြတ်ကူးခြင်း အထိမ်းအမှတ်ပြတိုက်သို့ လာရောက်လေ့လာနေသူများကို ၂၀၂၆ ခုနှစ် စက်တင်ဘာ ၁၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ကွေ့ကျိုးပြည်နယ် ရှီးဆွေခရိုင်ရှိ ချစ်ရွှေမြစ်ကို လေးကြိမ်တိုင်တိုင် ဖြတ်ကူးခြင်း အထိမ်းအမှတ်ပြတိုက်သို့ လာရောက်လေ့လာနေသူများကို ၂၀၂၆ ခုနှစ် စက်တင်ဘာ ၁၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း/အစ္စတန်ဘူလ်၊ အောက်တိုဘာ ၂၅ ရက် (ဆင်ဟွာ)

ယခုနှစ်သည် တရုတ်နိုင်ငံ၏ ခရီးရှည်ချီတက်မှုအောင်ပွဲ နှစ် ၉၀ ပြည့်အထိမ်းအမှတ်ကာလနှင့် တရုတ်နိုင်ငံနှင့် တူကီယဲနိုင်ငံတို့အကြား သံတမန်ဆက်ဆံရေး ထူထောင်သည့် ၅၅ နှစ်မြောက် အထိမ်းအမှတ်ကာလလည်းဖြစ်ပေသည်။ အဆိုပါ စစ်နည်းဗျူဟာမြောက် ခရီးရှည်ကြီးသည် တရုတ်နိုင်ငံ၏ တော်လှန်ရေးသမိုင်းကြောင်းနှင့် ဖွံ့ဖြိုးတိုးတက်မှုလမ်းကြောင်းကို ထိုးထွင်းသိမြင်စေနိုင်သည်ဟု တူကီယဲပညာရှင်များ၊ ကျောင်းသား၊ ကျောင်းသူများနှင့် နိုင်ငံရေးပုဂ္ဂိုလ်များက ပြောကြားခဲ့ကြသလို နှစ်နိုင်ငံအကြား ယဉ်ကျေးမှုနှင့် ပြည်သူချင်း ကူးလူးဆက်ဆံမှုများ ပိုမိုနက်ရှိုင်းစေရန်လည်း တိုက်တွန်းခဲ့ကြသည်။

တရုတ်ကွန်မြူနစ်ပါတီ (CPC) ဦးဆောင်သော တပ်နီတော်တွင် တရုတ်တော်လှန်ရေးကာလအတွင်း တောင်သူလယ်သမားနှင့် အလုပ်သမားလူတန်းစား မိသားစုဝင် စစ်သည်များ အဓိကပါဝင်ခဲ့ကြသည်။ ၁၉၃၄ ခုနှစ်မှ ၁၉၃၆ ခုနှစ်အတွင်း တပ်နီတော်သည် ကူမင်တန်တပ်များ၏ ဝိုင်းပတ်ပိတ်ဆို့မှုကို ဖောက်ထွက်နိုင်ရန် ခရီးအကွာအဝေး ကီလိုမီတာ ၁၂,၅၀၀ ခန့်ကို ခြေလျင်ချီတက်ခဲ့ကြပြီး ယင်းခရီးရှည်သည် နောင်တွင် "ခရီးရှည်ချီတက်ပွဲ" ဟု အမည်တွင်ခဲ့သည်။

တရုတ်နိုင်ငံနှင့် တူကီယဲနိုင်ငံတို့အကြား ယဉ်ကျေးမှုဖလှယ်မှုများကို အထူးပြုလေ့လာနေသည့် တူကီယဲပညာရှင် မူရတ် တာမာက ခရီးရှည်ချီတက်ပွဲသည် တူကီယဲနိုင်ငံတွင် ပိုမိုအသိအမှတ်ပြုခံရထိုက်သည်ဟု ဆိုသည်။ ယင်းသည် သမိုင်းဝင် ချီတက်ပွဲတစ်ခု ဖြစ်သည့်အပြင် ခက်ခဲကြမ်းတမ်းသော စိန်ခေါ်မှုများနှင့် ရင်ဆိုင်ရချိန်တွင် CPC ၏ ခိုင်မာသော သန္နိဋ္ဌာန်၊ အဖွဲ့အစည်းဆိုင်ရာ စွမ်းပကားနှင့် မဟာဗျူဟာမြောက် တွေးခေါ်မြော်မြင်မှုတို့ကို ပြသခဲ့ခြင်းလည်းဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။

ခရီးရှည်ချီတက်ပွဲ၏ ကြီးမြတ်သောစိတ်ဓာတ်သည် တရုတ်နိုင်ငံအနေဖြင့် အခက်အခဲများကို ကျော်ဖြတ်ကာ ယင်း၏ ကိုယ်ပိုင်ဖွံ့ဖြိုးတိုးတက်ရေးလမ်းကြောင်းအား မည်သို့ဖော်ဆောင်ခဲ့သည်ကို တူကီယဲပြည်သူများ ပိုမိုနားလည်သဘောပေါက်စေရန် အထောက်အကူပြုနိုင်သည်ဟု တာမာက ဖြည့်စွက်ပြောကြားသည်။

တရုတ်နိုင်ငံတွင် ပညာသင်ကြားနေကြသည့် တူကီယဲ ကျောင်းသား၊ ကျောင်းသူများအတွက်လည်း ခရီးရှည်ချီတက်ပွဲက ၎င်းတို့၏ ကိုယ်တွေ့အတွေ့အကြုံများနှင့် ထပ်တူကျသည့် သင်ခန်းစာများကို ပေးစွမ်းလျက်ရှိသည်။

Northwestern Polytechnical တက္ကသိုလ်တွင် အသုံးချစီးပွားရေးပညာ မဟာဘွဲ့သင်တန်း တက်ရောက်နေသည့် ကျောင်းသူ ဘာဖင် အဒီယာမန်က ခရီးရှည်ချီတက်ပွဲအကြောင်း လေ့လာခြင်းက ဇွဲလုံ့လရှိခြင်း၏ အရေးပါပုံကို ပိုမိုသိမြင်နားလည်လာစေသည်ဟု ဆိုသည်။

တရုတ်နိုင်ငံတွင် ပညာသင်ယူနေစဉ်အတွင်း ၎င်းအနေဖြင့် ဘာသာစကားအခက်အခဲနှင့် ၎င်း၏အိမ်ကို လွမ်းဆွတ်သတိရမှု ကဲ့သို့သော စိန်ခေါ်မှုများနှင့် ရင်ဆိုင်ခဲ့ရသည်။ တရုတ်နှင့် တူကီယဲ စီးပွားရေးလုပ်ငန်းများကြား ကူးလူးဖလှယ်မှုများတွင် ကိုယ်တိုင်ပါဝင်ခဲ့ခြင်း၊ တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ရှီးအန်းမြို့ရှိ ကုန်စည်ပို့ဆောင်ရေး ကုမ္ပဏီတစ်ခုတွင် အလုပ်လုပ်ကိုင်ခဲ့ခြင်းတို့ကြောင့် တရုတ်လူမှုအဖွဲ့အစည်းကို အနီးကပ်လေ့လာခွင့်ရရှိခဲ့သည်ဟု ၎င်းက ပြောကြားခဲ့သည်။ (Xinhua)

သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်မှတစ်ဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

https://english.news.cn/20261024/7aecff23af5c4044b038fc30ffeb9476/c.html

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ကွေ့ကျိုးပြည်နယ် ရှီဆွေခရိုင်ရှိ ချင်းကန့်ဖောတိုက်ပွဲ တော်လှန်ရေးအထိမ်းအမှတ်နေရာသို့ လာရောက်လည်ပတ်သူများကို ၂၀၂၆ ခုနှစ် စက်တင်ဘာ ၁၁ ရက်က ဒရုန်းဖြင့်ရိုက်ကူးထားသော ဓာတ်ပုံ၌ တွေ့ရစဉ် (ဆင်ဟွာ)
တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ကွေ့ကျိုးပြည်နယ် ရှီဆွေခရိုင်ရှိ ချင်းကန့်ဖောတိုက်ပွဲ တော်လှန်ရေးအထိမ်းအမှတ်နေရာသို့ လာရောက်လည်ပတ်သူများကို ၂၀၂၆ ခုနှစ် စက်တင်ဘာ ၁၁ ရက်က ဒရုန်းဖြင့်ရိုက်ကူးထားသော ဓာတ်ပုံ၌ တွေ့ရစဉ် (ဆင်ဟွာ)

…………………………

(English Version)

China's Long March legacy through Turkish eyes

BEIJING/ISTANBUL, Oct. 24 (Xinhua) -- This year marks the 90th anniversary of the victory of the Long March and the 55th anniversary of the establishment of diplomatic relations between China and Türkiye. Turkish scholars, students and political figures say the military odyssey offers insights into China's revolutionary history and development path, while calling for deeper cultural and people-to-people exchanges between the two countries.

The Red Army, led by the Communist Party of China (CPC), was mainly made up of soldiers from peasants' and workers' families during the Chinese revolution. Between 1934 and 1936, the army trekked roughly 12,500 kilometers to break through the encirclement of the Kuomintang forces, a journey later known as the Long March.

Murat Tamer, a Turkish scholar specializing in cultural exchanges between China and Türkiye, said the Long March deserved greater recognition in Türkiye. More than a historic march, it demonstrated the CPC's determination, organizational strength and strategic thinking in the face of formidable challenges, he said.    

The great spirit of the Long March, Tamer added, could help Turkish people better understand how China overcame difficulties and forged its own path of development.

For Turkish students in China, the Long March also offers lessons that resonate with their own experiences.

Berfin Adiyaman, a master's student in applied economics at Northwestern Polytechnical University, said learning about the Long March had deepened her understanding of the importance of perseverance.

While studying in China, she has faced challenges including language barriers and homesickness. Her involvement in exchanges between Chinese and Turkish businesses, as well as her work at a logistics company in Xi'an, northwest China, enabled her to gain a closer look at Chinese society, she said.

https://english.news.cn/20261024/7aecff23af5c4044b038fc30ffeb9476/c.html

Photo caption 1: People visit the memorial hall of the Four Crossings of the Chishui River in Xishui County, southwest China's Guizhou Province, Sept. 11, 2026. (Xinhua/Yang Wenbin)

Photo caption 2: A drone photo shows people visiting the revolutionary site of the Battle of Qinggangpo in Xishui County, southwest China's Guizhou Province, Sept. 11, 2026. (Xinhua/Yang Wenbin)