
ယေရေဗန်၊ အောက်တိုဘာ ၂၁ ရက် (ဆင်ဟွာ)
ဇီဝမျိုးစုံမျိုးကွဲများဆိုင်ရာ ကွန်ဗင်းရှင်း၏ ၁၇ ကြိမ်မြောက် စာချုပ်အဖွဲ့ဝင်နိုင်ငံများ ညီလာခံ (COP17) “တရုတ်ကဏ္ဍ” ကို အာမေးနီးယားနိုင်ငံ မြို့တော် ယေရေဗန်မြို့၌ အောက်တိုဘာ ၁၉ ရက်က ဖွင့်လှစ်ခဲ့သည်။ တရုတ်နိုင်ငံ ဂေဟစနစ်နှင့် သဘာဝပတ်ဝန်းကျင်ဝန်ကြီးဌာန ဝန်ကြီး ဟွမ်ရွန့်ချိုးက ဖွင့်ပွဲအခမ်းအနားတွင် မိန့်ခွန်းပြောကြားရာ၌ ကမ္ဘာလုံးဆိုင်ရာ ဇီဝမျိုးစုံမျိုးကွဲများ ကာကွယ်ထိန်းသိမ်းရေး လုပ်ငန်းများသည် မျှော်မှန်းထားသည့် ရလဒ်များကို မရရှိသေးကြောင်း၊ သက်ဆိုင်ရာဘက်အသီးသီးအနေဖြင့် မူဝါဒအစီအမံများနှင့် ကာကွယ်ထိန်းသိမ်းရေး လုပ်ငန်းများကို အကောင်အထည်ဖော်ရာတွင် ပိုမိုအားဖြည့်ဆောင်ရွက်သင့်ကြောင်း ပြောကြားခဲ့သည်။
COP17 “တရုတ်ကဏ္ဍ” ကို တရုတ်နိုင်ငံ ဂေဟစနစ်နှင့် သဘာဝပတ်ဝန်းကျင်ဝန်ကြီးဌာနက ကြီးမှူးကျင်းပပြီး တရုတ်နိုင်ငံ သဘာဝပတ်ဝန်းကျင်သိပ္ပံသုတေသနအကယ်ဒမီက တာဝန်ယူကျင်းပခဲ့သည်။
၂၀၂၂ ခုနှစ်၌ “ကူမင်း-မွန်ထရီရယ် ကမ္ဘာလုံးဆိုင်ရာ ဇီဝမျိုးစုံမျိုးကွဲများဆိုင်ရာ မူဘောင်” ( “ကူမင်း-မွန်ထရီရယ် မူဘောင်” ) ကို အတည်ပြုပြီးနောက် ကမ္ဘာလုံးဆိုင်ရာ ဇီဝမျိုးစုံမျိုးကွဲများ ကာကွယ်ထိန်းသိမ်းရေးလုပ်ငန်းများတွင် ယေဘုယျအားဖြင့် အပြုသဘောဆောင်သည့် တိုးတက်မှုများ ရရှိခဲ့သော်လည်း စုစုပေါင်း အကောင်အထည်ဖော်သည့် တိုးတက်မှုမှာ မျှော်မှန်းထားသည့်အဆင့်သို့ မရောက်ရှိသေးကြောင်း ဟွမ်ရွန့်ချိုးက မိန့်ခွန်းတွင် ပြောကြားခဲ့သည်။
ယခုညီလာခံတွင် “ကူမင်း-မွန်ထရီရယ် မူဘောင်” အကောင်အထည်ဖော်မှု အခြေအနေနှင့်ပတ်သက်၍ ကမ္ဘာလုံးဆိုင်ရာ စုပေါင်းတိုးတက်မှုကို ပထမဆုံးအကြိမ် ပြန်လည်သုံးသပ်အကဲဖြတ်သွားမည်ဖြစ်ကြောင်း၊ သက်ဆိုင်ရာဘက်အသီးသီးအနေဖြင့် ပိုမိုခိုင်မာသော သန္နိဋ္ဌာန်၊ ပိုမိုအားကောင်းသော ကြိုးပမ်းအားထုတ်မှုများနှင့် ပိုမိုလက်တွေ့ကျသော အစီအမံများဖြင့် အားလုံး၏ ဘုံကတိကဝတ်များကို မူဝါဒအစီအမံများနှင့် ကာကွယ်ထိန်းသိမ်းရေး လုပ်ငန်းများအဖြစ် ပြောင်းလဲအကောင်အထည်ဖော်သင့်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
“တရုတ်နိုင်ငံက ဇီဝမျိုးစုံမျိုးကွဲများဆိုင်ရာ ကွန်ဗင်းရှင်းကို လိုက်နာဆောင်ရွက်မှုနှင့်စပ်လျဉ်း၍ သတ္တမအကြိမ်မြောက် နိုင်ငံအဆင့် အစီရင်ခံစာ” ၌ ဖော်ပြထားသည့် ဇီဝမျိုးစုံမျိုးကွဲများ ကာကွယ်ထိန်းသိမ်းရေး တိုးတက်မှုများသည် အားတက်ဖွယ်ဖြစ်ကြောင်း ဇီဝမျိုးစုံမျိုးကွဲများဆိုင်ရာ သဘောတူညီချက် အတွင်းရေးမှူးရုံး အမှုဆောင်အတွင်းရေးမှူး အက်စထရစ် ရှိုမက်က မိန့်ခွန်းပြောကြားရာတွင် ပြောကြားခဲ့သည်။
တရုတ်နိုင်ငံ၏ ဂေဟစနစ် ထိန်းသိမ်းရေး စည်းနီစနစ်ကို အထူးချီးကျူးခဲ့ပြီး အဆိုပါစနစ်သည် ဇီဝမျိုးစုံမျိုးကွဲများ ကာကွယ်ထိန်းသိမ်းရေးကို နိုင်ငံတော်၏ စီမံကိန်းရေးဆွဲမှုနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် ပေါင်းစပ်ထည့်သွင်းဆောင်ရွက်သည့် စံနမူနာတစ်ခုဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
လက်ရှိအချိန်၌ “ကူမင်း-မွန်ထရီရယ် မူဘောင်” ကို ကမ္ဘာလုံးဆိုင်ရာ အကောင်အထည်ဖော်ဆောင်ရွက်မှုများ၏ အရှိန်အဟုန်နှင့် အတိုင်းအတာသည် သတ်မှတ်ထားပြီးဖြစ်သော ရည်မှန်းချက်များကို အောင်မြင်စွာ ရရှိနိုင်ရန် မလုံလောက်သေးကြောင်း အာမေးနီးယားနိုင်ငံ သဘာဝပတ်ဝန်းကျင်ဝန်ကြီး၊ COP17 ဥက္ကဋ္ဌ ဟန်ဘာလ်ဇွမ် မာချေဗို့စ်က မိန့်ခွန်းတွင် ပြောကြားခဲ့သည်။
သက်ဆိုင်ရာဘက်အသီးသီးအနေဖြင့် ပြည်တွင်းနှင့် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုများကို အားကောင်းစေရန်၊ အကောင်အထည်ဖော် ဆောင်ရွက်မှု တိုးတက်ဖြစ်ထွန်းမှုကို အကဲဖြတ်ခြင်းနှင့် အစီရင်ခံခြင်း ယန္တရားများ ပိုမိုကောင်းမွန်အောင် မွမ်းမံဆောင်ရွက်ရန်၊ ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းစောင့်ရှောက်ရေးကို အစိုးရဌာနအသီးသီးနှင့် လူမှုအသိုင်းအဝိုင်း နယ်ပယ်ပေါင်းစုံ၌ ပေါင်းစပ်ပါဝင်လာစေရန် တွန်းအားပေး ဆောင်ရွက်ရန် လိုအပ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
COP17 ၏ တရားဝင်အစည်းအဝေးကာလမှာ အောက်တိုဘာ ၁၉ ရက်မှ ၃၀ ရက်အထိဖြစ်ပြီး ဆောင်ပုဒ်မှာ “သဘာဝပတ်ဝန်းကျင်အတွက် လက်တွေ့လုပ်ဆောင်ကြစို့” ဖြစ်သည်။ “တရုတ်ကဏ္ဍ” တွင် “ကူမင်း-မွန်ထရီရယ် မူဘောင်” ကို လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်ရေး၊ ဇီဝမျိုးစုံမျိုးကွဲများ ကာကွယ်ထိန်းသိမ်းရေးနှင့် ပြန်လည်ထူထောင်ရေး၊ စွမ်းဆောင်ရည်မြှင့်တင်ရေး စသည့် အကြောင်းအရာများကို အဓိကထား၍ သီးသန့်ဆွေးနွေးပွဲများ၊ ဒေသန္တရနေ့၊ အထူးဆွေးနွေးပွဲများနှင့် တရုတ်နိုင်ငံ၏ ဇီဝမျိုးစုံမျိုးကွဲများ ကာကွယ်ထိန်းသိမ်းရေး အောင်မြင်မှုများ ပြပွဲအပါအဝင် လှုပ်ရှားမှုအစီအစဉ်များကို ထည့်သွင်းကျင်းပသွားမည်ဖြစ်သည်။ (Xinhua)

------------------------------------------
(Chinese Version)
中方呼吁加大力度落实生物多样性保护政策
新华社埃里温10月20日电(记者刘书辰 苟洪景)《生物多样性公约》第十七次缔约方大会(COP17)“中国角”19日在亚美尼亚首都埃里温开幕。中国生态环境部部长黄润秋在开幕式上致辞时表示,全球生物多样性保护行动尚未达到预期,各方应加大力度落实政策措施和保护行动。
COP17“中国角”由中国生态环境部主办,中国环境科学研究院承办。黄润秋在致辞中表示,2022年“昆明-蒙特利尔全球生物多样性框架”(下称“昆蒙框架”)通过以来,全球生物多样性保护行动总体取得积极进展,但整体实施进展尚未达到预期。本次大会将对“昆蒙框架”落实情况开展首次全球集体进展审查,各方应以更大决心、更强力度和更实举措,将共同承诺转化为政策措施和保护行动。
《生物多样性公约》秘书处执行秘书阿斯特丽德·肖梅克在致辞中表示,《中国履行〈生物多样性公约〉第七次国家报告》反映的生物多样性保护进展令人鼓舞。她对中国的生态保护红线制度尤为赞赏,认为这一制度是将生物多样性保护融入国家规划和发展的范例。
亚美尼亚环境部长、COP17主席汉巴尔祖姆·马捷沃相在致辞中说,当前,全球落实“昆蒙框架”的行动速度和规模不足以实现既定目标。各方应加强国内与国际合作,改进落实进展的评估和报告机制,推动生物多样性保护融入政府各部门和社会各领域。
COP17正式会期为10月19日至30日,主题为“为自然采取行动”。“中国角”将围绕“昆蒙框架”落地实施、生物多样性保护修复、能力建设等议题举办主题边会、地方日、专题研讨和中国生物多样性保护成就展等系列活动。
Photo Caption 1 :Armenian Prime Minister Nikol Pashinyan speaks at the opening ceremony of the 17th meeting of the Conference of the Parties to the Convention on Biological Diversity (COP17) in Yerevan, Armenia, Oct. 18, 2026. (Xinhua/Chen Junfeng)
Photo Caption 2 :Photo taken on Oct. 18, 2026 shows the opening ceremony of the 17th meeting of the Conference of the Parties to the Convention on Biological Diversity (COP17) in Yerevan, Armenia. (Xinhua/Chen Junfeng)








