အာမေးနီးယားနိုင်ငံ ယေရီဗန်မြို့တွင် ကျင်းပသည့် ကုလသမဂ္ဂ ဇီဝမျိုးစုံမျိုးကွဲဆိုင်ရာ ကွန်ဗင်းရှင်း အဖွဲ့ဝင်နိုင်ငံများ ၁၇ ကြိမ်မြောက် ညီလာခံ (COP17) အစည်းအဝေးတွင် ရှင်းလင်းပြောကြားနေသည့် အာမေးနီးယားနိုင်ငံ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး Hambardzum Matevosyan ကို ၂၀၂၆ ခုနှစ် အောက်တိုဘာ ၁၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
အာမေးနီးယားနိုင်ငံ ယေရီဗန်မြို့တွင် ကျင်းပသည့် ကုလသမဂ္ဂ ဇီဝမျိုးစုံမျိုးကွဲဆိုင်ရာ ကွန်ဗင်းရှင်း အဖွဲ့ဝင်နိုင်ငံများ ၁၇ ကြိမ်မြောက် ညီလာခံ (COP17) အစည်းအဝေးတွင် ရှင်းလင်းပြောကြားနေသည့် အာမေးနီးယားနိုင်ငံ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး Hambardzum Matevosyan ကို ၂၀၂၆ ခုနှစ် အောက်တိုဘာ ၁၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ယေရီဗန်၊ အောက်တိုဘာ ၂၀ ရက် (ဆင်ဟွာ)

ကုလသမဂ္ဂ ဇီဝမျိုးစုံမျိုးကွဲဆိုင်ရာ ကွန်ဗင်းရှင်း အဖွဲ့ဝင်နိုင်ငံများ ၁၇ ကြိမ်မြောက် ညီလာခံ (COP17) အဖွင့်မျက်နှာစုံညီအစည်းအဝေးကို အာမေးနီးယားနိုင်ငံ မြို့တော်ယေရီဗန်တွင် အောက်တိုဘာ ၁၉ ရက်၌ ကျင်းပခဲ့ကြောင်း သိရသည်။

နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် "ကူမင်း-မွန်ထရီရယ် ကမ္ဘာလုံးဆိုင်ရာ ဇီဝမျိုးစုံမျိုးကွဲဆိုင်ရာ မူဘောင်" ကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် တိုးတက်မှုအချို့ ရရှိထားသော်လည်း သတ်မှတ်ထားသော ပန်းတိုင်များ ပြည့်မီရန်အတွက် လုပ်ဆောင်ချက်များသည် လုံလောက်သော အရှိန်အဟုန်နှင့် အတိုင်းအတာ မရှိသေးကြောင်း ဇီဝမျိုးစုံမျိုးကွဲဆိုင်ရာ ကွန်ဗင်းရှင်း အမှုဆောင်အတွင်းရေးမှူး Astrid Schomaker က အဆိုပါ မျက်နှာစုံညီအစည်းအဝေးတွင် ပြောကြားခဲ့သည်။

အဆိုပါညီလာခံအနေဖြင့် "တာဝန်ယူမှု၊ ညှိနှိုင်းချိတ်ဆက်ဆောင်ရွက်မှုနှင့် အရှိန်မြှင့်တင်ဆောင်ရွက်မှု" တို့မှတစ်ဆင့် ကမ္ဘာ့ဇီဝမျိုးစုံမျိုးကွဲဆိုင်ရာ စီမံခန့်ခွဲမှုကို တိုးတက်ကောင်းမွန်အောင် လုပ်ဆောင်သင့်ကြောင်း Schomaker က ဆိုသည်။ ဘက်အသီးသီးအနေဖြင့် နိုင်ငံအလိုက် လုပ်ဆောင်ချက်များနှင့် ကမ္ဘာလုံးဆိုင်ရာ ပန်းတိုင်များအကြား ညှိနှိုင်းချိတ်ဆက်မှုကို အားကောင်းအောင် လုပ်ဆောင်ရန်၊ ဒေသခံတိုင်းရင်းသားများနှင့် ဒေသခံလူထု၊ အမျိုးသမီးများ၊ လူငယ်များ၊ စီးပွားရေးလုပ်ငန်းများနှင့် ငွေကြေးအဖွဲ့အစည်းများ၏ ပါဝင်မှုကို ပိုမိုကျယ်ပြန့်လာစေရန်နှင့် နိုင်ငံတကာအဆင့် ကတိကဝတ်များကို လက်တွေ့လုပ်ဆောင်ချက်များအဖြစ် ပြောင်းလဲဖော်ဆောင်ရန် လိုအပ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

အဆိုပါ မျက်နှာစုံညီအစည်းအဝေးတွင် အာမေးနီးယားနိုင်ငံ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး Hambardzum Matevosyan ကို COP17 ဥက္ကဋ္ဌအဖြစ် နှစ်နှစ်သက်တမ်းအတွက် ရွေးချယ်တင်မြှောက်ခဲ့သည်။

"သဘာဝတရားအတွက် လက်တွေ့လုပ်ဆောင်ခြင်း" ခေါင်းစဉ်ဖြင့် ကျင်းပသည့် COP17 ညီလာခံကို အောက်တိုဘာလ ၃၀ ရက်အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။ ကုလသမဂ္ဂက ကူမင်း-မွန်ထရီရယ် မူဘောင် အကောင်အထည်ဖော်ရာတွင် ကမ္ဘာလုံးဆိုင်ရာ တိုးတက်မှုအခြေအနေအား ဖော်ပြထားသည့် ဇီဝမျိုးစုံမျိုးကွဲဆိုင်ရာ လုပ်ဆောင်ချက်အခြေအနေ အစီရင်ခံစာကို ယေရီဗန်မြို့၌ အောက်တိုဘာ ၁၅ ရက်က ထုတ်ပြန်ခဲ့ကြောင်း သိရသည်။ (Xinhua)

အာမေးနီးယားနိုင်ငံ ယေရီဗန်မြို့တွင် ကျင်းပသည့် ကုလသမဂ္ဂ ဇီဝမျိုးစုံမျိုးကွဲဆိုင်ရာ ကွန်ဗင်းရှင်း အဖွဲ့ဝင်နိုင်ငံများ ၁၇ ကြိမ်မြောက် ညီလာခံ (COP17) အစည်းအဝေးတွင် ရှင်းလင်းပြောကြားနေသည့် ဇီဝမျိုးစုံမျိုးကွဲဆိုင်ရာ ကွန်ဗင်းရှင်း အမှုဆောင်အတွင်းရေးမှူး Astrid Schomaker ကို ၂၀၂၆ ခုနှစ် အောက်တိုဘာ ၁၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
အာမေးနီးယားနိုင်ငံ ယေရီဗန်မြို့တွင် ကျင်းပသည့် ကုလသမဂ္ဂ ဇီဝမျိုးစုံမျိုးကွဲဆိုင်ရာ ကွန်ဗင်းရှင်း အဖွဲ့ဝင်နိုင်ငံများ ၁၇ ကြိမ်မြောက် ညီလာခံ (COP17) အစည်းအဝေးတွင် ရှင်းလင်းပြောကြားနေသည့် ဇီဝမျိုးစုံမျိုးကွဲဆိုင်ရာ ကွန်ဗင်းရှင်း အမှုဆောင်အတွင်းရေးမှူး Astrid Schomaker ကို ၂၀၂၆ ခုနှစ် အောက်တိုဘာ ၁၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

..........................................

(English Version)

UN biodiversity conference begins formal sessions in Armenia

YEREVAN, Oct. 19 (Xinhua) -- The opening plenary of the 17th meeting of the Conference of the Parties to the UN Convention on Biological Diversity (COP17) was held here on Monday.

The international community has made some progress in implementing the Kunming-Montreal Global Biodiversity Framework, but the pace and scale of action remains insufficient to achieve its targets, Astrid Schomaker, executive secretary of the Convention on Biological Diversity, said at the plenary.

Schomaker said the conference should advance global biodiversity governance through "accountability, alignment and acceleration." All parties should strengthen the alignment between national actions and global targets, broaden the participation of Indigenous peoples and local communities, women, youth, businesses and financial institutions, and translate international commitments into action, she said.

Armenian Environment Minister Hambardzum Matevosyan was elected COP17 president for a two-year term at the plenary.

Themed "Taking Action for Nature," COP17 runs through Oct. 30. The United Nations published a State of Biodiversity Action report on global progress in implementing the Kunming-Montreal framework in Yerevan on Thursday. ■

Photo caption 1: Armenian Environment Minister Hambardzum Matevosyan speaks at the 17th meeting of the Conference of the Parties to the UN Convention on Biological Diversity (COP17) in Yerevan, Armenia, Oct. 19, 2026. (Xinhua/Chen Junfeng)

Photo caption 2: Astrid Schomaker, executive secretary of the Convention on Biological Diversity, speaks at the 17th meeting of the Conference of the Parties to the UN Convention on Biological Diversity (COP17) in Yerevan, Armenia, Oct. 19, 2026. (Xinhua/Chen Junfeng)