
ဒိုဟာ၊ အောက်တိုဘာ ၂၀ ရက် (ဆင်ဟွာ)
ကာတာနိုင်ငံ၏ စစ်ရေးစွမ်းဆောင်ရည်များ အထူးသဖြင့်လေကြောင်းရန်ကာကွယ်ရေး၊ တန်ပြန်ဒရုန်းဖျက်ဆီးရေးစနစ်များနှင့် ဆိုက်ဘာလုံခြုံရေးကဏ္ဍများတွင် အားကောင်းလာစေရန် ရည်ရွယ်ထားသည့် ဒေသတွင်းကာကွယ်ရေးမိတ်ဖက်ပူးပေါင်းဆောင်ရွက်မှုအသစ်ကို ထုတ်ပြန်ကြေညာရန်ပြင်ဆင်နေကြောင်း ကာတာနိုင်ငံ၏ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံတော်ကာကွယ်ရေးဝန်ကြီး Sheikh Saoud bin Abdulrahman Al Thani က အောက်တိုဘာ ၁၉ ရက်တွင် ပြောကြားခဲ့သည်။
ဒိုဟာမြို့၌ကျင်းပခဲ့သည့် ကမ္ဘာလုံးဆိုင်ရာလုံခြုံရေးဖိုရမ်တွင် ၎င်းက အထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်ပြီး ကာတာနိုင်ငံသည် လွန်ခဲ့သည့်နှစ်က ကာကွယ်ရေးဆိုင်ရာ ပြန်လည်သုံးသပ်မှုတစ်ခုကို ပြုလုပ်ခဲ့သလို ယင်းသုံးသပ်မှုအရ လေကြောင်းရန်ကာကွယ်ရေး၊ တန်ပြန်ဒရုန်းစွမ်းဆောင်ရည်များ၊ ဆိုက်ဘာလုံခြုံရေးနှင့် အီလက်ထရောနစ်စစ်ဆင်ရေးကဏ္ဍများအား အဓိကဦးစားပေးနယ်ပယ်များအဖြစ် သတ်မှတ်ခဲ့သည်ဟု ပြောကြားခဲ့သည်။
အဆိုပါ ဦးစားပေးနယ်ပယ်များနှင့် အခြားသောကာကွယ်ရေးကဏ္ဍများတွင် စွမ်းဆောင်ရည်များ ဖွံ့ဖြိုးတိုးတက်လာစေရန်ရည်ရွယ်သည့် လုပ်ငန်းစဉ်သစ်များကို ဒေသတွင်းမိတ်ဖက်နိုင်ငံ တစ်နိုင်ငံနှင့် ပူးပေါင်း၍ လုပ်ဆောင်မည်ဖြစ်ပြီး ထိုမိတ်ဖက်ပူးပေါင်းဆောင်ရွက်မှုအသစ်ကို ကာတာနိုင်ငံက မကြာမီထုတ်ပြန်ကြေညာမည်ဟုလည်း ၎င်းက ပြောကြားခဲ့သည်။
အလားတူ ကာတာနိုင်ငံသည် ပြည်တွင်းကာကွယ်ရေးပစ္စည်းထုတ်လုပ်မှုလုပ်ငန်းများကို အားပေးကူညီနိုင်ရန်နှင့် ကာကွယ်ရေးဆိုင်ရာ ကုမ္ပဏီများတွင် ရင်းနှီးမြှုပ်နှံမှုများပြုလုပ်နိုင်ရေးအတွက် အမေရိကန်၊ ဗြိတိန်နှင့် ပြင်သစ်နိုင်ငံများအပါအဝင် နိုင်ငံတကာမိတ်ဖက်နိုင်ငံများနှင့်ပူးပေါင်းဆောင်ရွက်နေကြောင်းလည်း ၎င်းကပြောကြားခဲ့သည်။
ထို့အတူ ကာတာနိုင်ငံတွင် ကာကွယ်ရေးဆိုင်ရာ ဗဟိုဌာနတစ်ခုတည်ထောင်ရန် စီစဥ်ထားသလို ယင်းနှင့်ပတ်သက်သည့် အသေးစိတ်အချက်အလက်များကို မကြာမီ ထုတ်ပြန်သွားမည်ဟု Sheikh Saoud က ပြောကြားခဲ့သည်။ (Xinhua)
............................................
(English version)
Qatar to announce regional defense partnership to boost military capabilities: official
DOHA, Oct. 19 (Xinhua)
Qatar is preparing to announce a new regional defense partnership aimed at strengthening its military capabilities, particularly in air defense, counter-drone systems and cybersecurity, Deputy Prime Minister and Minister of State for Defense Affairs Sheikh Saoud bin Abdulrahman Al Thani said Monday.
Speaking at the Global Security Forum in Doha, the minister said Qatar had conducted a defense review last year that identified air defense, counter-drone capabilities, cybersecurity and electronic warfare as key priorities.
The minister said Qatar would soon announce a new partnership with a regional partner to launch initiatives aimed at developing capabilities in these priority areas and other defense fields.
He said Qatar was also cooperating with international partners, including the United States, Britain and France, to support local defense production and investment in defense-related companies.
Sheikh Saoud also announced plans to establish a defense hub in Qatar, saying further details would be unveiled soon. ■
Photo caption: Visitors look at guns on display at Milipol Qatar 2024, an international event for homeland security and civil defense, at Doha Exhibition and Convention Center in Doha, Qatar, on Oct. 29, 2024. (Photo by Nikku/Xinhua)


6296ee5bf88b25cc86bf4c71cf229e692ff05f4a.article_card.avif)


9beca37d9125aa02ea5db4f35d625a4397213706.article_card.avif)


63e3817d50fa06f784452d5d4fa2795f0658bfce.article_card.avif)