
အစ္စတန်ဘူလ်မြို့တွင် သမိုင်းဝင် ရေကြီးရေလျှံမှုဖြစ်ပွား၊ လူ လေးဦးသေဆုံးပြီး သုံးဦးပျောက်ဆုံးလျက်ရှိ
တူကီယဲနိုင်ငံ အစ္စတန်ဘူလ်မြို့တွင် ပြင်းထန်သော ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ရာ သေဆုံးသူဦးရေ လေးဦးအထိ မြင့်တက်လာပြီး အခြားသူ သုံးဦးမှာလည်း ပျောက်ဆုံးနေဆဲဖြစ်ကြောင်း အာဏာပိုင်များက အောက်တိုဘာ ၁၆ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။
တူကီယဲပြည်ထဲရေးဝန်ကြီး Mustafa Ciftci က ရေဘေးဒဏ် အပြင်းအထန်ခံခဲ့ရသော Sariyer ခရိုင်၊ Ayazaga ရပ်ကွက်တွင် သတင်းထောက်များနှင့် တွေ့ဆုံစဉ် ဤသေဆုံးသူဦးရေကို အတည်ပြုပြောကြားခဲ့ခြင်းဖြစ်ပြီး ယခုရေဘေးမှာ ၁၉၄၂ ခုနှစ်နောက်ပိုင်း ယင်းမြို့အတွင်း အဆိုးရွားဆုံး ရေကြီးရေလျှံမှုဖြစ်ကြောင်း ပြောကြားခဲ့သည်။
အဆိုပါ Ayazaga ရပ်ကွက်ရှိ ချောင်းတစ်ခုကို ဖြတ်သန်းတည်ဆောက်ထားသော တံတားအောက်တွင် အသက် ၆၆ နှစ်အရွယ် အမျိုးသားတစ်ဦး၏ ရုပ်အလောင်းကို ရှာဖွေကယ်ဆယ်ရေးအဖွဲ့များက တွေ့ရှိခဲ့ကြောင်း Hurriyet သတင်းစာ၏ ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။

ကိုလံဘီယာက ဂျေရုဆလမ်မြို့တွင် သံရုံးဖွင့်လှစ်မှုကို အာရပ်နှင့် အစ္စလာမ်မစ်နိုင်ငံ ၁၉ နိုင်ငံ ရှုတ်ချ
ကိုလံဘီယာနိုင်ငံက ဂျေရုဆလမ်မြို့တွင် သံရုံးဖွင့်လှစ်ခဲ့ခြင်းကို အာရပ်နှင့် အစ္စလာမ်မစ်နိုင်ငံ ၁၉ နိုင်ငံက ပြစ်တင်ရှုတ်ချခဲ့ကြပြီး ယင်းလုပ်ရပ်မှာ နှစ်နိုင်ငံ အဖြေရှာရေးနည်းလမ်းပေါ် အခြေခံသည့် တရားမျှတပြီး ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးရရှိရန် နိုင်ငံတကာ၏ ကြိုးပမ်းမှုများကို ထိခိုက်စေကြောင်း ၎င်းတို့က ပြောကြားခဲ့သည်။
အဆိုပါနိုင်ငံများတွင် အီဂျစ်၊ ပါလက်စတိုင်း၊ တူကီ၊ ဂျီဘူတီ၊ လက်ဘနွန်၊ လစ်ဗျား၊ ယီမင်၊ ကာတာ၊ ဂျော်ဒန်၊ ဆိုမာလီ၊ မလေးရှား၊ အင်ဒိုနီးရှား၊ ဆော်ဒီအာရေဗျ၊ ကူဝိတ်၊ အယ်လ်ဂျီးရီးယား၊ အိုမန်၊ ဆီးရီးယား၊ ဆူဒန်နှင့် ပါကစ္စတန် စသည်တို့ ပါဝင်ကြောင်း အောက်တိုဘာ ၁၆ ရက်တွင် ထုတ်ပြန်ခဲ့သော ပူးတွဲကြေညာချက်အရ သိရသည်။

အမေရိကန်-အီရန် ပဋိပက္ခကြောင့် အီရတ်နိုင်ငံက အမေရိကန်ဒေါ်လာ ဘီလီယံ ၆၀ ဆုံးရှုံးခဲ့ဟု ဆို
မကြာသေးမီက ဖြစ်ပွားခဲ့သော အမေရိကန်နှင့် အီရန်အကြား စစ်ပွဲကြောင့် အီရတ်နိုင်ငံအနေဖြင့် အမေရိကန်ဒေါ်လာ ဘီလီယံ ၆၀ ခန့် ဆုံးရှုံးခဲ့ရကြောင်း အီရတ်နိုင်ငံခြားရေးဝန်ကြီး Fuad Hussein က ပြောကြားခဲ့ကြောင်း အီရတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ အောက်တိုဘာ ၁၆ ရက် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အီတလီနိုင်ငံခြားရေးဝန်ကြီး Antonio Tajani နှင့် ရောမမြို့တွင် အောက်တိုဘာ ၁၅ ရက်က တွေ့ဆုံစဉ် Hussein က အမေရိကန်-အီရန် ပဋိပက္ခသည် ကမ္ဘာ့စွမ်းအင်အကျပ်အတည်းကို ပိုမိုဆိုးရွားစေပြီး ငွေကြေးဖောင်းပွမှုအပေါ် စိုးရိမ်ပူပန်မှုများကို မြင့်တက်စေကြောင်း၊ ယင်းအခြေအနေကြောင့် ဥရောပ အပါအဝင် ကမ္ဘာ့စီးပွားရေးများကို ထိခိုက်စေကြောင်းလည်း ၎င်းက သတိပေးပြောကြားခဲ့သည်။

ယီမင်နိုင်ငံ အေဒင်မြို့တွင် ဒုံးကျည်များဖြင့် တိုက်ခိုက်ခံရ၊ မြို့အနှံ့ ပေါက်ကွဲသံများ ကြားရ
ယီမင်နိုင်ငံ တောင်ပိုင်းရှိ ဆိပ်ကမ်းမြို့ဖြစ်သော အေဒင်မြို့တွင် အောက်တိုဘာ ၁၆ ရက် ညပိုင်းက ပဲ့ထိန်းဒုံးကျည် သုံးစင်းဖြင့် တိုက်ခိုက်ခံရပြီး မြို့အနှံ့ ပြင်းထန်သော ပေါက်ကွဲသံများ ထွက်ပေါ်ခဲ့ကြောင်း ဒေသခံလုံခြုံရေးတာဝန်ရှိသူတစ်ဦးနှင့် မြို့ခံများက ဆင်ဟွာသတင်းဌာနကို ပြောကြားခဲ့သည်။
ဟူသီအဖွဲ့က ပစ်လွှတ်ခဲ့သည့် ဒုံးကျည် ၂ စင်းသည် အေဒင်အပြည်ပြည်ဆိုင်ရာလေဆိပ်ဝင်းအတွင်း ကျရောက်ခဲ့ကြောင်း၊ ကနဦးသတင်းများအရ လူသေဆုံးဒဏ်ရာရမှု မရှိကြောင်းလည်း အေဒင်မြို့ လုံခြုံရေးအာဏာပိုင်အဖွဲ့က လူမှုကွန်ရက်ပလက်ဖောင်း X ပေါ်တွင် ထုတ်ပြန်ခဲ့သော ကြေညာချက်၌ ဖော်ပြထားသည်။
ယင်းဒုံးကျည်တိုက်ခိုက်မှုသည် အရပ်ဘက်အဆောက်အအုံများနှင့် လေကြောင်းသွားလာရေးအတွက် ကြီးမားသော ခြိမ်းခြောက်မှုဖြစ်ကြောင်း၊ အထူးသဖြင့် နိုင်ငံတကာလေကြောင်းခရီးစဉ်များ ပြေးဆွဲနေချိန်ဖြစ်ပြီး လေဆိပ်၏ ထွက်ခွာခန်းမနှင့် ဆိုက်ရောက်ခန်းမများတွင် ခရီးသည်များ ရှိနေသည့်အတွက် အန္တရာယ်ပိုမိုကြီးမားကြောင်းလည်း လုံခြုံရေးအာဏာပိုင်များက ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ (Xinhua)
………..
(English Version)
Daily World Briefing, Oct. 17
4 dead, 3 missing as historic flash floods batter Istanbul
The death toll from severe flash floods in Istanbul has risen to four, with three others still missing, authorities announced on Friday.
Speaking to reporters in the hard-hit Ayazaga neighborhood of the Sariyer district, Turkish Interior Minister Mustafa Ciftci confirmed the updated toll and described the disaster as the city's worst flood since 1942.
Search and rescue teams recovered the body of a 66-year-old man under a bridge along a creek in Ayazaga, Hurriyet newspaper said on its website.
19 Arab, Islamic countries condemn Colombia's embassy opening in Jerusalem
Nineteen Arab and Islamic countries have condemned Colombia's inauguration of its embassy in Jerusalem, saying the move undermines international efforts to achieve a just and lasting peace based on the two-state solution.
The countries include Egypt, Palestine, Türkiye, Djibouti, Lebanon, Libya, Yemen, Qatar, Jordan, Somalia, Malaysia, Indonesia, Saudi Arabia, Kuwait, Algeria, Oman, Syria, Sudan and Pakistan, according to a joint statement on Thursday.
Iraq says lost 60 bln USD during U.S.-Iran conflict
Iraqi Foreign Minister Fuad Hussein said that Iraq had lost about 60 billion U.S. dollars during the recent war between the United States and Iran, according to a statement by the Iraqi Foreign Ministry on Friday.
The ongoing U.S.-Iranian conflict exacerbates the global energy crisis and heightens inflationary concerns, adversely affecting global economies, including Europe, warned Hussein during a meeting in Rome with Italian Deputy Minister and Foreign Minister Antonio Tajani on Thursday.
Missiles strike Yemen's Aden, explosions rock city
Three ballistic missiles struck the southern Yemeni port city of Aden on Friday night, triggering powerful explosions across the city, a local security official and residents told Xinhua.
Aden's security administration said in a statement posted on social media platform X that two missiles launched by the Houthi group landed inside the grounds of Aden International Airport, with preliminary information indicating no casualties.
The statement said the missile strikes posed a serious threat to civilian facilities and air traffic, particularly with international flights operating and passengers present in departure and arrival halls.








