ဘယ်လ်ဂျီယမ်နိုင်ငံ ဘရပ်ဆဲလ်မြို့၌ ကျင်းပသော ဥရောပသမဂ္ဂ (EU) ထိပ်သီးအစည်းအဝေးတွင် ယူကရိန်းသမ္မတ ဇယ်လန်းစကီးအား ၂၀၂၆ ခုနှစ် အောက်တိုဘာ ၁၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
ဘယ်လ်ဂျီယမ်နိုင်ငံ ဘရပ်ဆဲလ်မြို့၌ ကျင်းပသော ဥရောပသမဂ္ဂ (EU) ထိပ်သီးအစည်းအဝေးတွင် ယူကရိန်းသမ္မတ ဇယ်လန်းစကီးအား ၂၀၂၆ ခုနှစ် အောက်တိုဘာ ၁၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဘရပ်ဆဲလ်၊ အောက်တိုဘာ ၁၇ ရက် (ဆင်ဟွာ)

လာမည့်နှစ်တွင် အနည်းဆုံး ယူရို ၇၀ ဘီလီယံ အကူအညီ ထပ်မံထောက်ပံ့ရန် ယူကရိန်းသမ္မတ ဇယ်လန်းစကီးက ဥရောပသမဂ္ဂ (EU) အား အောက်တိုဘာ ၁၆ ရက် ဘယ်လ်ဂျီယမ်နိုင်ငံ ဘရပ်ဆဲလ်မြို့၌ ကျင်းပသော ဥရောပသမဂ္ဂ (EU) ထိပ်သီးအစည်းအဝေးတွင် တောင်းဆိုခဲ့သည်။ ထို့ပြင် ၎င်းက အမေရိကန်၏ “စတားလင့်” (Starlink) ဂြိုဟ်တုဆက်သွယ်ရေးစနစ် အသုံးပြုမှုကန့်သတ်ချက်များကြောင့် ရုရှားဒရုန်းများကို ကြားဖြတ်တားဆီးရာတွင် ယူကရိန်းစစ်တပ်၏ စွမ်းရည်ကို ထိခိုက်စေကြောင်း၊ ယူကရိန်းနှင့် အမေရိကန်တို့သည် မကြာမီရက်အနည်းငယ်အတွင်း အဆင့်တစ်ခုခုရှိသော တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ဖွယ်ရှိကြောင်းလည်း ပြောကြားခဲ့သည်။

ဇယ်လန်းစကီးက ဥရောပသမဂ္ဂခေါင်းဆောင်များထံ မိန့်ခွန်းပြောကြားရာတွင် ယူကရိန်း၏ ၂၀၂၇ ခုနှစ် စစ်ပွဲနှင့်ဆက်စပ်သော အသုံးစရိတ်သည် ယူရို  ၁၅၅ ဘီလီယံအထိ ရောက်ရှိမည်ဟု ခန့်မှန်းထားပြီး ယူကရိန်းဘက်က ကာကွယ်ရေး၊ လက်နက်စက်ပစ္စည်းများ နှင့် နိုင်ငံတော် ခံနိုင်ရည်ရှိမှုကို အားကောင်းစေရန်အတွက် ဥရောပသမဂ္ဂမှ အနည်းဆုံး ယူရို ၇၀ ဘီလီယံ ပံ့ပိုးပေးရန် လိုအပ်နေဆဲဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဇယ်လန်းစကီးက ဥရောပသမဂ္ဂအနေဖြင့် ရုရှားနိုင်ငံအပေါ် ပြင်းထန်အားကောင်းသော ၂၂ ကြိမ်မြောက် ပိတ်ဆို့အရေးယူမှု အစီအမံများ ထုတ်ပြန်ရန် တိုက်တွန်းခဲ့ပြီး အထူးသဖြင့် ရုရှား၏ ပဲ့ထိန်းဒုံးကျည်၊ အဆင့်မြင့် ဆက်သွယ်ရေးစနစ်များနှင့် ဒရုန်း ထုတ်လုပ်မှုတွင် ပါဝင်သည့် ကုမ္ပဏီလုပ်ငန်းများနှင့် ပုဂ္ဂိုလ်များကို ပစ်မှတ်ထားရန် ပြောကြားခဲ့သည်။ ထို့ပြင် ၎င်းက အမေရိကန်နှင့် ရုရှားတို့အကြား “ဒီဇယ်သဘောတူညီချက်” ကိုလည်း ဝေဖန်ပြောကြားခဲ့ပြီး သက်ဆိုင်ရာ အစီအစဉ်များသည် ရုရှားဘက်၏ ဝင်ငွေကို တိုးမြှင့်စေပြီး ၎င်းက စစ်ရေးလုပ်ဆောင်မှုများ ဆက်လက်ဆောင်ရွက်ရန် ရန်ပုံငွေ ထောက်ပံ့ပေးမည်ဟု ယူဆသည်။

ထို့နောက် ကျင်းပသော သတင်းစာရှင်းလင်းပွဲ၌ ဇယ်လန်းစကီးက ယူကရိန်းနိုင်ငံသည် လက်ရှိတွင် “စတားလင့်” ကို အပြည့်အဝ အစားထိုးရန် မစဉ်းစားသေးသော်လည်း သက်ဆိုင်သည့်စွမ်းရည်များ ရှာဖွေဖြည့်ဆည်းရန် ပြင်သစ်နိုင်ငံ အပါအဝင် နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း ပြောကြားခဲ့သည်။

လေကြောင်းကာကွယ်ရေးလက်နက်များ ထောက်ပံ့မှုနှင့် ပတ်သက်၍ ဇယ်လန်းစကီးက ယူကရိန်းနိုင်ငံသည် ဥရောပ၏ ရန်ပုံငွေ ထောက်ပံ့မှုဖြင့် ဆောင်ရွက်သည့် ဝယ်ယူမှုယန္တရားမှတစ်ဆင့် အမေရိကန်နိုင်ငံမှ “Patriot” လေကြောင်းရန်ကာကွယ်ရေးစနစ်တွင် အသုံးပြုသည့် PAC-2 နှင့် PAC-3 ကြားဖြတ်တားဆီးရေးဒုံးကျည်များကို ရရှိခဲ့ကြောင်း၊ သို့သော် ယခုအခါသက်ဆိုင်ရာ ဒုံးကျည်အများစုကို အရှေ့အလယ်ပိုင်းသို့ တင်ပို့နေပြီး ယူကရိန်းနိုင်ငံသည် ဦးစားပေးလက်ခံရရှိသူ မဟုတ်တော့ကြောင်း ပြောကြားခဲ့သည်။ ယူကရိန်းသည် ဥရောပနှင့် အခြားနိုင်ငံများမှ ကြားဖြတ်တားဆီးရေးဒုံးကျည်များကို ညှိနှိုင်းစုဆောင်းလျက်ရှိကြောင်း၊ ယူကရိန်းဘက်မှ တင်ပြထားသော ယခုဆောင်းရာသီအတွက် အနည်းဆုံး လိုအပ်သည့် လေကြောင်းရန်ကာကွယ်ရေး လိုအပ်ချက်များအရ ဥရောပ၏ လက်ရှိကြားဖြတ်တားဆီးရေးဒုံးကျည် သိုလှောင်ထားမှုသည် သက်ဆိုင်ရာလိုအပ်ချက်ကို ဖြည့်ဆည်းရန် လုံလောက်ကြောင်း ၎င်းက ဆိုသည်။

ယူကရိန်း-အမေရိကန် ဆက်ဆံရေးနှင့် စပ်လျဉ်း၍ ဇယ်လန်းစကီးက ယူကရိန်းသည် ယင်းမတိုင်မီ အမေရိကန်နှင့် ရုရှားတို့ ရရှိခဲ့သော “ဒီဇယ်သဘောတူညီချက်” နှင့် သက်ဆိုင်ရာ ပိတ်ဆို့အရေးယူမှု ဖြေလျှော့ခြင်း အစီအစဉ်များကို မသိရှိခဲ့ကြောင်း ပြောကြားခဲ့သည်။ စွမ်းအင်ဆိုင်ရာ အပစ်အခတ်ရပ်စဲရေးအား အကောင်အထည်ဖော်နိုင်ခြင်းမရှိသည့် အခြေအနေတွင် စွမ်းအင်အခြေခံအဆောက်အအုံများကို ကာကွယ်ရန်အတွက် အမေရိကန်ဘက်မှ ယူကရိန်းနိုင်ငံအား ဒုံးကျည်လုံလောက်စွာ ထောက်ပံ့ပေးရန် ၎င်းက တောင်းဆိုခဲ့ဖူးသော်လည်း ထိုသို့သောအထောက်အပံ့ကို မရရှိရခဲ့ပေ။

ယူကရိန်းညှိနှိုင်းရေးအဖွဲ့သည် ယခုအခါ အမေရိကန်ဘက်နှင့် အနီးကပ် ညှိနှိုင်းဆွေးနွေးမှုများကို ထိန်းသိမ်းထားပြီး နှစ်ဖက်အနေဖြင့် မကြာမီရက်အနည်းငယ်အတွင်း အဆင့်တစ်ခုခုရှိသော တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ဖွယ်ရှိကြောင်း ဇယ်လန်းစကီးက ပြောကြားခဲ့သည်။ (Xinhua)

...........................................

(Chinese Version)

泽连斯基要求欧盟追加700亿欧元援助

新华社布鲁塞尔10月16日电(记者张兆卿 张馨文)乌克兰总统泽连斯基16日在比利时布鲁塞尔举行的欧盟峰会上要求欧盟明年再提供至少700亿欧元援助。他还表示,美国“星链”卫星通信系统的使用限制影响乌军拦截俄罗斯无人机的能力,乌美预计将在未来几天安排一定级别的会晤。  

泽连斯基在向欧盟领导人发表讲话时说,乌克兰2027年战争相关支出预计将达1550亿欧元,乌方至少还需要欧盟提供700亿欧元,用于国防、武器装备及增强国家韧性。  

泽连斯基呼吁欧盟出台强有力的第22轮对俄制裁措施,重点针对参与俄罗斯弹道导弹、先进通信系统和无人机生产的企业和个人。他还批评美国与俄罗斯之间的“柴油协议”,认为相关安排将增加俄方收入,为其继续开展军事行动提供资金。  

在随后举行的新闻发布会上,泽连斯基表示,乌克兰目前并未考虑全面替代“星链”,但正与包括法国在内的国家合作,寻求补充相关能力。  

在防空武器供应方面,泽连斯基表示,乌克兰通过欧洲出资的采购机制从美国获得“爱国者”防空系统使用的PAC-2和PAC-3拦截弹,但目前大部分相关导弹被运往中东,乌克兰已不是优先接收方。他说,乌方正从欧洲及其他国家协调筹集拦截弹。按照乌方提出的今冬最低防空需求,欧洲现有拦截弹库存足以满足相关需求。  

谈及乌美关系,泽连斯基表示,乌方此前对美国与俄罗斯达成的“柴油协议”及有关解除制裁安排并不知情。他曾要求美方在无法实现能源停火的情况下,向乌克兰提供足够的导弹,以帮助保护能源基础设施,但尚未获得相关支持。  

泽连斯基说,乌克兰谈判团队目前仍与美方保持密切沟通,预计双方将在未来几天安排一定级别的会晤。(完)

图说:这是10月16日在比利时布鲁塞尔的欧盟峰会会场拍摄的泽连斯基。新华社记者 翁忻旸 摄