
လီမာ၊ အောက်တိုဘာ ၁၅ ရက် (ဆင်ဟွာ)
မွန်းလွဲချိန် နေရောင်ခြည်များ ကျောင်းဝင်း အားကစားကွင်း၌ ဖြာကျသွားချိန်တွင် ကလေးငယ်များ၏ ပျော်ရွှင်ဖွယ် ရယ်မောသံများ ပေါ်ထွက်လာခဲ့သည်။ စူးစမ်းသိရှိလိုသော အမြင်များကြားတွင် သတင်းထောက်က ပီရူးနိုင်ငံ မြို့တော်လီမာနှင့် ၇၀ ကီလိုမီတာအကွာရှိ José María Arguedas မူလတန်းကျောင်းကို ဝင်ရောက်လာခဲ့ရာ များမကြာမီမှာပဲ ကလေးငယ်များ၏ အထပ်ထပ် ဝန်းရံမှုခံလိုက်ရသည်။
“အစ်ကိုက တရုတ်ပြည်က လာတာလား” ၊ “တရုတ်နိုင်ငံက ဘယ်လိုမျိုးလဲ” ၊ “သမီးကို တရုတ်စာလုံးလေးတွေ ရေးပြပေးလို့ရမလား” စသည့် တရုတ်နိုင်ငံနှင့် ပတ်သက်သော မေးခွန်းများ တစ်ခုပြီးတစ်ခု ကလေးငယ်များ၏ နှုတ်ဖျားမှ ဆက်တိုက်ပေါ်ထွက်လာခဲ့သည်။
José María Arguedas မူလတန်းကျောင်းသည် လီမာပြည်နယ် Santa Cruz de Cocachacra မြို့နယ်၌ တည်ရှိသည်။ ၂၀၀၇ ခုနှစ် ဩဂုတ်လတွင် ပီရူးနိုင်ငံ အလယ်ပိုင်း ကမ်းရိုးတန်းဒေသ၌ ပြင်းအား ၇.၉ အဆင့်ရှိ အင်အားပြင်းငလျင် လှုပ်ခတ်ခဲ့ရာ စာသင်ကျောင်း၏ မူလမြေထည်ကျောင်းဆောင်က ဆိုးရွားစွာ ပျက်စီးသွားခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများ အတန်းမတက်နိုင်တော့ပေ။
“ကျွန်တော်တို့က ကျောင်းသားတွေအားလုံးကို အနားက အလယ်တန်းကျောင်းက စာသင်ဆောင်ဆီ သွားပေါင်းတက်ဖို့ စီစဉ်ရပါတယ်” ဟု အဆိုပါကျောင်းမှ ဆရာ Carlos Briceño က ပြန်လည်စဉ်းစားရင်း ပြောသည်။

၂၀၁၄ ခုနှစ် ဒီဇင်ဘာလတွင် တရုတ်နိုင်ငံအစိုးရ၏ ပံ့ပိုးမှုဖြင့် တရုတ်နိုင်ငံ Yantai ဆောက်လုပ်ရေးအုပ်စု ကုမ္ပဏီလီမိတက်က José María Arguedas မူလတန်းကျောင်းကို ပြန်လည်တည်ဆောက်ကာ ၂၀၁၆ ခုနှစ်တွင် ခေတ်မီသောစာသင်ကျောင်း တစ်ကျောင်းအဖြစ် ပီရူးနိုင်ငံအစိုးရသို့ တရားဝင်လွှဲပြောင်းခဲ့သည်။
“၁၀ နှစ်ကြာသွားခဲ့ပေမဲ့ ကျောင်းရဲ့ အခြေခံအဆောက်အဦတွေက အခြေအနေ အလွန်ကောင်းနေဆဲပါပဲ။ ဒါဟာ အဲဒီတုန်းက အရည်အသွေးမြင့် တည်ဆောက်မှုတွေနဲ့ ကင်းကွာလို့မရနိုင်ပါဘူး” ဟု ကျောင်းအုပ်ဆရာမကြီး Lucía Villanueva က ဆိုခဲ့သည်။ ၎င်း၏အမြင်တွင် စာသင်ကျောင်း အဆောက်အဦများ တိုးတက်ပြောင်းလဲမှုသည် ဆရာ၊ ဆရာမများ၏ သင်ကြားမှုနည်းလမ်းနှင့် ကျောင်းသား၊ ကျောင်းသူများ လေ့လာသင်ယူမှု ခံစားချက်ကိုလည်း ပြောင်းလဲပေးလိုက်သည်။
Carlos Briceño က ခေတ်မီစာသင်ကြားမှုအခြေအနေကြောင့် စာသင်ကျောင်းက နည်းပညာအသစ်ဖြင့် သင်ကြားမှုများ လုပ်ဆောင်နိုင်သည်သာမက ကျောင်းသား၊ ကျောင်းသူများအတွက် ပိုမိုကောင်းမွန်သော သင်ကြားမှုလည်းပေးနိုင်သည်ဟု ပြောကြားခဲ့သည်။
အဆိုပါ တောင်တန်းဒေသ မူလတန်းကျောင်းအတွက် တရုတ်နိုင်ငံက သယ်ဆောင်လာပေးသော ပြောင်းလဲမှုမှာ သင်ကြားမှုနေရာနှင့် သင်ကြားရေး အခြေအနေများတွင်သာမကပေ။ ၁၀ နှစ်တာ အချိန်အတွင်း အဆိုပါကျောင်းမှ ဆရာ၊ ဆရာမနှင့် ကျောင်းသား၊ ကျောင်းသူများကလည်း တရုတ်နိုင်ငံအပေါ် အလိုအလျောက် ရင်းနှီးနွေးထွေးသော ခံစားချက်များဖြစ်စေသည်။

“သင်ကြားရေးလှုပ်ရှားမှု အမျိုးမျိုးမှာ ဆရာ၊ ဆရာမတွေက ကျောင်းသား၊ ကျောင်းသူတွေကို ဒီစာသင်ကျောင်းကို ငလျင်အပြီးမှာ ဘယ်လိုပြန်ဆောက်ခဲ့ရတယ်ဆိုတာ ခဏခဏ ပြောပြပေးတော့ ကလေးတွေကလည်း တရုတ်နိုင်ငံအကြောင်း သိချင်တဲ့ ဆန္ဒတွေ တဖွားဖွား ပေါ်ပေါက်လာပါတယ်” ဟု Carlos Briceño က ဆိုခဲ့ပြီး အချို့သော ကျောင်းသားများက တရုတ်ဘာသာစကား လေ့လာသင်ယူလိုသည့် ဆန္ဒကိုပင် ထုတ်ဖော်ပြောဆိုလာကြောင်း ပြောကြားခဲ့သည်။
အားကစားကွင်းတွင် သတင်းထောက်က တရုတ်ဘာသာစကား လေ့လာသင်ကြားခြင်းအပေါ် ကလေးငယ်များ၏ အမြင်ကို မေးမြန်းရာတွင် ၆ တန်းကျောင်းသား Enmanuel Zegarra က “တရုတ်စာသင်ကြားတာက ကျွန်တော်တို့အတွက် ဗဟုသုတကြွယ်ဝလာစေသလို ပိုကောင်းတဲ့အလုပ်အကိုင် ရရှိဖို့လည်း အထောက်အကူပြုပါတယ်” ဟု ဆိုခဲ့သည်။
အဆိုပါ တရုတ်ဘာသာစကားနှင့် တရုတ်နိုင်ငံအပေါ် စိတ်ဝင်စားမှုများက တဖြည်းဖြည်း လက်တွေ့ဖြစ်လာနေပါသည်။ Santa Cruz de Cocachacra မြို့နယ် အုပ်ချုပ်ရေးမှူး Sixto Cuya က ကျောင်းတွင် လာမည့်နှစ်၌ တရုတ်ဘာသာသင်ခန်းစာ ထည့်သွင်းသင်ကြားပေးရန် စီစဉ်နေကြောင်း၊ “တရုတ်စာသင်ကြားတာကြောင့် ကလေးငယ်တွေက ကမ္ဘာပေါ်က အမျိုးစုံလင်မှုအကြောင်းသိရပြီး အမြင်ပိုကျယ်လာလို့ သူတို့ရဲ့ အနာဂတ်အလုပ်အကိုင်အတွက် အပြုသဘောအကျိုးသက်ရောက်မှုတွေဖြစ်စေပါတယ်” ဟု ပြောကြားခဲ့သည်။
ငလျင်အလွန် အန္တရာယ်များသောနေအိမ်မှ အဆောက်အဦ ပြည့်စုံသော ခေတ်မီကျောင်းဝင်းအထိ အဆိုပါ ပီရူးနိုင်ငံမှ တောင်တန်းဒေသ မူလတန်းကျောင်းသည် တရုတ်နိုင်ငံက သယ်ဆောင်လာသော တိုးတက်ပြောင်းလဲမှုများကို ခံစားနေရသည်။ ၁၀ နှစ်ကြာသွားသော်လည်း အဆိုပါတရုတ်နိုင်ငံနှင့် သက်ဆိုင်သည့် နွေးထွေးသောပုံရိပ်မှာ အဆိုပါစာသင်ကျောင်း၏ ဆရာ၊ ဆရာမ၊ ကျောင်းသား၊ ကျောင်းသူများ ရင်ဘဝင်ဝယ် အဆက်မပြတ် ရှင်သန်ကြီးထွားနေဆဲဖြစ်သည်။ (Xinhua)
---------------------
(Chinese Version)
通讯|10年生长,秘鲁小学关于中国的温暖印象
新华社利马10月13日电 通讯|10年生长,秘鲁小学关于中国的温暖印象 新华社记者王植樱 廖思维
午后的阳光铺洒在操场上,孩子们的欢声笑语此起彼伏。在一片好奇的目光中,记者走进距秘鲁首都利马约70公里的何塞·玛利亚·阿格达斯小学,很快被孩子们团团围住。
“你来自中国吗?”“中国是什么样的?”“你能帮我写几个汉字吗?”关于中国的问题,一个接一个从孩子们口中蹦出。
何塞·玛利亚·阿格达斯小学位于利马省圣克鲁斯德科卡查克拉镇。2007年8月,秘鲁中部沿海发生7.9级强震,学校原有的土坯校舍严重受损,导致学生无法上课。
“我们只能把所有学生安排到隔壁中学的教学楼,挤在那里上课。”该校教师卡洛斯·布里塞尼奥回忆说。
2014年12月,在中国政府支持下,中国烟台建筑集团有限公司着手重建何塞·玛利亚·阿格达斯小学。2016年,一所现代化的学校正式移交秘鲁政府。
“10年过去了,学校的基础设施状况仍很好。这与当时的高质量建设密不可分。”学校校长卢西娅·比利亚努埃瓦说。在她看来,学校硬件条件的改善改变了教师的教学方式和学生的学习体验。
布里塞尼奥说,现代化的教学条件让学校有能力利用新技术开展教学,为孩子们提供更好的教育。
对这所山区小学而言,中国带来的变化并不只体现在教学空间和教学条件上。10年来,学校师生对中国也产生了天然的亲近感。
“在各种教学活动中,教师经常会向学生们讲述这所学校是如何在地震后被重建的,孩子们渐渐产生了解中国的愿望。”布里塞尼奥说,有些学生甚至会主动提出学习中文的想法。
当记者在操场上询问孩子们对学习中文的看法时,六年级学生塞加拉回答:“学习中文能帮助我们接受更丰富的知识,也能帮助我们获得更好的工作。”
这份对中文和中国的兴趣正逐渐变成现实。圣克鲁斯德科卡查克拉镇镇长西斯托·库亚告诉记者,学校计划于明年开设中文课程,“学习中文能让孩子们更加认识世界的多样性,拓宽他们的视野,也会对他们今后的职业发展产生积极影响”。
从地震后的危房,到设施完善的现代化校园,这所秘鲁的山区小学感受到了中国带来的变化。10年过去,这份关于中国的温暖印象,还在这所学校师生心中不断生长。(完)
图说1:8月11日,在距秘鲁首都利马约70公里的何塞·玛利亚·阿格达斯小学,学生们在校园操场上奔跑。新华社发(玛丽安娜·巴索摄)
图说2:8月11日,在距秘鲁首都利马约70公里的何塞·玛利亚·阿格达斯小学,学生们在上课。新华社发(玛丽安娜·巴索摄)
图说3:8月11日,在距秘鲁首都利马约70公里的何塞·玛利亚·阿格达斯小学,学生们在校园走廊上玩耍。新华社发(玛丽安娜·巴索摄)








