ဘယ်လ်ဂျီယမ်နိုင်ငံ ဘရပ်ဆဲလ်မြို့ရှိ ဥရောပသမဂ္ဂရုံးချုပ်တွင် ဝန်ထမ်းက အမေရိကန်နိုင်ငံအလံ ချိတ်ဆွဲနေသည်ကို ၂၀၂၂ ခုနှစ် မတ် ၂၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
ဘယ်လ်ဂျီယမ်နိုင်ငံ ဘရပ်ဆဲလ်မြို့ရှိ ဥရောပသမဂ္ဂရုံးချုပ်တွင် ဝန်ထမ်းက အမေရိကန်နိုင်ငံအလံ ချိတ်ဆွဲနေသည်ကို ၂၀၂၂ ခုနှစ် မတ် ၂၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ အောက်တိုဘာ ၁၇ ရက် (ဆင်ဟွာ)

အမေရိကန်က ရုရှားဒီဇယ်ဆီ ကုန်သွယ်ရေးဆိုင်ရာ ပိတ်ဆို့အရေးယူမှုများ ဖြေလျှော့ကြောင်း မကြာသေးမီက ထုတ်ပြန်ကြေညာမှုနှင့် စပ်လျဉ်း၍ ပြင်သစ် သမ္မတ မက်ခရွန်က အောက်တိုဘာ ၁၆ ရက်တွင် သဘောထား ထုတ်ပြန်ပြောကြားရာတွင် အမေရိကန်၏ လုပ်ရပ်က အမေရိကန်နှင့်  ဥရောပအကြား ခွာပြဲမှုများကို ပြသနေသည်ဟု ယူဆကြောင်း ဆိုခဲ့သည်။

မက်ခရွန်က အမေရိကန်က ရုရှားဒီဇယ်ဆီ ကုန်သွယ်ရေးဆိုင်ရာ ပိတ်ဆို့အရေးယူမှုများ ဖြေလျှော့ပေးခြင်းသည် “အနုတ်လက္ခဏာ” အချက်ပြမှု ဖြစ်သည့် အပြင် “ခွာပြဲမှုနှင့် သံသယရှိမှု” များကို ပြသခြင်းဖြစ်ကြောင်း ဘယ်လ်ဂျီယမ်နိုင်ငံ ဘရပ်ဆဲလ်မြို့၌ ဥရောပသမဂ္ဂ ထိပ်သီးအစည်းအဝေး တက်ရောက်ပြီးနောက် သတင်းထောက်များကို ပြောကြားခဲ့သည်။ ထိုကဲ့သို့လုပ်ရပ်သည် “အသုံးမဝင်” ဘဲ မယုံကြည်မှုများသာ ဖြစ်လာစေမည်ဟု ၎င်းက ယူဆသည်။ မက်ခရွန်က ၎င်းအနေဖြင့် အမေရိကန်အကြီးအကဲအား ဖျောင်းဖျရန် ကြိုးပမ်းမည်ဖြစ်ပြီး လောင်စာဆီဈေးနှုန်းများ လျော့ကျလာစေမည့် အစီအမံများ ထုတ်ပြန်သွားမည်ဖြစ်ကြောင်းလည်း ဖြည့်စွက်ပြောကြားခဲ့သည်။

အမေရိကန်-ရုရှား အကြီးအကဲများသည် အောက်တိုဘာ ၉ ရက်တွင် ဖုန်းဖြင့်ဆက်သွယ်ပြောကြားခဲ့ရာ ရုရှားက အမေရိကန်နှင့် ကမ္ဘာတစ်ဝန်းဈေးကွက်များသို့ ဒီဇယ်ဆီ ပံ့ပိုးပေးရန် သဘောတူညီမှု ရရှိခဲ့သည်။ ယူကရိန်း သမ္မတ ဇယ်လန်းစကီးက အမေရိကန် ထိုကဲ့သို့ ပြုလုပ်ခြင်းသည် “စစ်ပွဲအား ရင်းနှီးမြှုပ်နှံနေခြင်း” ဖြစ်သည်ဟု ယူဆပြီး ၎င်းအနေဖြင့် စိတ်ပျက်မိကာ “သစ္စာဖောက်ခံရသည်” ဟု ခံစားရကြောင်း ဆိုခဲ့သည်။

အမေရိကန် သမ္မတ ထရမ့်က ထို့နောက် “ယူကရိန်းနိုင်ငံအနေဖြင့် သမ္မတပြောင်းသင့်သည်” ဟု ဆိုခဲ့သည်။ ထရမ့်က အောက်တိုဘာ ၁၁ ရက်တွင် ရုရှားနှင့် ယူကရိန်းသည် “စွမ်းအင်ဆိုင်ရာ အပစ်အခတ်ရပ်စဲမှု” ချက်ချင်း ဖော်ဆောင်မည်ဟု ကြေညာခဲ့ရာ ဥရောပနိုင်ငံများစွာက “စွမ်းအင်ဆိုင်ရာ အပစ်အခတ်ရပ်စဲမှု” ဖော်ဆောင်နိုင်ခြင်း ရှိ၊ မရှိအပေါ် သံသယရှိကြောင်း ဆိုကြသည်။ ရုရှားသမ္မတ၏ ပြန်ကြားရေး အတွင်းဝန် Dmitry Peskov က ဥရောပအနေဖြင့် ရုရှားနှင့် အမေရိကန်အကြား ရရှိထားသော ဒီဇယ်ဆီသဘောတူညီချက်အပေါ် “ဖျက်ဆီးမှုအသွင် ရပ်တည်ချက်” ရှိနေသည်ဟု အောက်တိုဘာ ၁၅ ရက်တွင် ပြောကြားခဲ့သည်။ (Xinhua)

---------------------

(Chinese Version)

马克龙:美俄“柴油协议”释放美欧分裂信号

新华社北京10月17日电 法国总统马克龙16日就美国近日宣布放松对俄罗斯柴油贸易的制裁发表评论,认为美方做法释放了美欧分裂的信号。

马克龙在布鲁塞尔参加欧盟峰会后告诉媒体记者,美国放松对俄罗斯柴油贸易的制裁释放了“负面信号”,而且是“分裂和猜疑的因素”。他认为这种做法“没有用”,只会导致不信任。马克龙补充说,他将尝试说服美国领导人,推动出台降低燃油价格的举措。

美俄领导人9日通电话,就俄罗斯向美国及全球市场提供柴油达成一致。乌克兰总统泽连斯基认为美国这样做“是在投资战争”,他对此表示失望并称感觉“遭背叛”。美国总统特朗普继而表示“乌克兰应该换个总统”。特朗普11日宣布俄罗斯与乌克兰即刻实施“能源停火”,欧洲多国对“能源停火”能否实现表示怀疑。俄罗斯总统新闻秘书佩斯科夫15日表示,欧洲对俄美之间达成的柴油协议持“破坏性立场”。(包雪琳)

图说:2022年3月24日,工作人员在比利时布鲁塞尔的欧盟总部整理美国国旗。新华社记者张铖摄