တရုတ်နိုင်ငံ မြို့တော်ပေကျင်းရှိ မဟာတံတိုင်းကြီး၏ ပါးတာလျင်အပိုင်းတွင် ရှုခင်းကြည့်နေကြသည့် ခရီးသွားဧည့်သည်များကို ၂၀၂၆ ခုနှစ် အောက်တိုဘာ ၁၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
တရုတ်နိုင်ငံ မြို့တော်ပေကျင်းရှိ မဟာတံတိုင်းကြီး၏ ပါးတာလျင်အပိုင်းတွင် ရှုခင်းကြည့်နေကြသည့် ခရီးသွားဧည့်သည်များကို ၂၀၂၆ ခုနှစ် အောက်တိုဘာ ၁၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ အောက်တိုဘာ ၁၇ ရက် (ဆင်ဟွာ)

ဂျီဘူတီနိုင်ငံ နိုင်ငံခြားရေးနှင့် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး Abdoulkader Houssein Omar က အောက်တိုဘာ ၁၉ ရက်မှ ၂၅ ရက်အထိ တရုတ်နိုင်ငံသို့ တရားဝင်ခရီးစဉ် လာရောက်မည်ဖြစ်ကြောင်း တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက အောက်တိုဘာ ၁၆ ရက်၌ ကြေညာခဲ့သည်။

ကွန်ဂိုနိုင်ငံ၏ နိုင်ငံခြားရေး၊ ပြင်သစ်စကားပြောနိုင်ငံများနှင့် ပြည်ပရောက်ကွန်ဂိုနိုင်ငံသားများဆိုင်ရာ ဝန်ကြီး Constant-Serge Bounda ကလည်း အောက်တိုဘာ ၁၉ ရက်မှ ၂၅ ရက်အထိ တရုတ်နိုင်ငံသို့ တရားဝင်ခရီးစဉ် လာရောက်မည်ဖြစ်ကြောင်း အဆိုပါပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။

နိုင်ငံခြားရေးဝန်ကြီးနှစ်ဦးစလုံးသည် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်လည်းဖြစ်သူ တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိ၏ ဖိတ်ကြားချက်အရ လာရောက်ခြင်းဖြစ်ကြောင်း ပြောရေးဆိုခွင့်ရှိသူ၏ အဆိုအရ သိရသည်။ (Xinhua)

..........................................

(English Version)

Foreign ministers of Djibouti, Congo to visit China

BEIJING, Oct. 16 (Xinhua) -- Minister of Foreign Affairs and International Cooperation of Djibouti Abdoulkader Houssein Omar will pay an official visit to China from October 19 to 25, a Chinese foreign ministry spokesperson announced on Friday.

Minister of Foreign Affairs, La Francophonie and Congolese Abroad of the Republic of the Congo Constant-Serge Bounda will pay an official visit to China from October 19 to 25, the spokesperson said.

According to the spokesperson, the two foreign ministers are at the invitation of Chinese Foreign Minister Wang Yi, who is also a member of the Political Bureau of the Communist Party of China Central Committee. ■

Photo caption: Tourists enjoy sightseeing at the Badaling section of the Great Wall in Beijing, capital of China, Oct. 15, 2026. (Xinhua/Ju Huanzong)