
ရီယာ့ဒ်၊ အောက်တိုဘာ ၁၇ ရက် (ဆင်ဟွာ)
၂၀၂၇ ခုနှစ် ဆော်ဒီအာရေဗျ AFC အာရှဖလား (တိုက်ကြီးများအလိုက်) ပြိုင်ပွဲအတွက် ပြင်ဆင်မှုများမှာ သတ်မှတ်ထားသည့် အချိန်ဇယားအတိုင်းတိုးတက်လျက်ရှိကြောင်း ဒေသတွင်း ပြိုင်ပွဲကျင်းပရေးကော်မတီက အောက်တိုဘာ ၁၆ ရက်တွင် အတည်ပြုပြောကြားခဲ့သည်။
အဆိုပါ ပြိုင်ပွဲကို ၂၀၂၇ ခုနှစ် ဇန်နဝါရီ ၇ ရက်မှ ဖေဖော်ဝါရီ ၅ ရက်အထိ ကျင်းပရန်စီစဉ်ထားကာ ပြင်ဆင်မှုများကို အာရှဘောလုံးအဖွဲ့ချုပ် (AFC) နှင့် သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းများက ညှိနှိုင်းဆောင်ရွက်လျက်ရှိသည်။
ပြိုင်ပွဲကျင်းပမည့်နေရာများ၊ အဆောက်အအုံများနှင့် အထောက်အကူပြုဝန်ဆောင်မှုများ အဆင်သင့်ဖြစ်စေရေး အပါအဝင် စီစဉ်ရေးနှင့် လုပ်ငန်းလည်ပတ်ရေးကဏ္ဍအသီးသီးတွင် လုပ်ငန်းများတိုးတက်လျက်ရှိသည်ဟု ပြိုင်ပွဲကျင်းပရေးကော်မတီက ပြောကြားခဲ့သည်။
အလားတူ ယင်းပြင်ဆင်မှုများက အာရှတစ်ဝန်းမှ ပါဝင်ယှဉ်ပြိုင်မည့်အသင်းများ၊ ပရိသတ်များနှင့် မီဒီယာကိုယ်စားလှယ်များအတွက် တစ်စုတစ်စည်းတည်း အတွေ့အကြုံရရှိစေရန် ရည်ရွယ်ထားကြောင်း ကော်မတီက ဖြည့်စွက်ပြောကြားခဲ့သည်။
အဆိုပါတိုက်ကြီးများအလိုက်ပြိုင်ပွဲကို အောင်မြင်စွာကျင်းပနိုင်ရေးအတွက် လိုအပ်သော အရင်းအမြစ်များကို စုစည်းပေးမည်ဖြစ်သလို ပြိုင်ပွဲကျင်းပရန် သင့်တော်ကောင်းမွန်သည့် အခြေအနေများကို ဖန်တီးပေးမည့် ၎င်းတို့၏ ကတိကဝတ်ကိုလည်း ကော်မတီက ထပ်လောင်းအတည်ပြု ပြောကြားခဲ့သည်။ (Xinhua)
...............................................
(English version)
Saudi Arabia says 2027 AFC Asian Cup preparations on schedule
RIYADH, Oct. 16 (Xinhua)
The Local Organizing Committee for the AFC Asian Cup Saudi Arabia 2027 on Friday confirmed that preparations for the continental tournament are progressing on schedule.
The tournament is scheduled to take place from Jan. 7 to Feb. 5, 2027, with preparations carried out in coordination with the Asian Football Confederation and relevant authorities.
The committee said work is advancing across organizational and operational areas, including ensuring the readiness of venues, facilities and supporting services.
It added that preparations aim to provide an integrated experience for participating teams, fans and media representatives from across Asia.
The committee reaffirmed its commitment to mobilizing the necessary resources to ensure the success of the continental tournament and provide suitable conditions for its organization. ■
Photo caption: Myanmar's players celebrate scoring during the AFC Asian Cup 2027 Qualifiers Final Round match between Myanmar and Afghanistan in Yangon, Myanmar, March 25, 2025. (Xinhua/Myo Kyaw Soe)








