
ဝူးလူမုချီ၊ အောက်တိုဘာ ၁၇ ရက် (ဆင်ဟွာ)
ရွှေရောင်ဟေမာန်ဦး ရာသီချိန်ခါဝယ် တရုတ်နိုင်ငံ ရှင်းကျန်းဒေသ အထူးပညာရေး သက်မွေးပညာ အထက်တန်းကျောင်း၏ စိမ်းစိုနေသော ဘောလုံးကွင်းထက်၌ ရှင်းကျန်းဒေသ ပထမဆုံး မျက်မမြင်ဘောလုံးအသင်းက ပုံမှန်လေ့ကျင့်မှုများ ပြုလုပ်လျက်ရှိသည်။ အဆိုပါအသင်းကို အားလုံးက “ဟေ့ဟေ့ဟေ့” ဘောလုံးအသင်း ဟု ချစ်စနိုးခေါ်ဆိုကြပြီး အဆိုပါအမည်မှာ မျက်မမြင်ဘောလုံးပြိုင်ပွဲတွင် အဖွဲ့ဝင်အချင်းချင်း မည်သည့်နေရာတွင် ရှိသည်ကို အတည်ပြုရန်၊ တိုက်မိမှုကို ရှောင်ကြဉ်ရန် အသုံးပြုသည့် အော်ဟစ်သံကြောင့် အမည်တွင်လာခြင်းဖြစ်သလို အဆိုပါထူးခြားသောအားကစား၏ “အပြန်အလှန် ဆက်သွယ်သည့် လျှို့ဝှက်ချက်” လည်း ဖြစ်ပေသည်။
မျက်မမြင်ဘောလုံးပြိုင်ပွဲတွင် အဖွဲ့ဝင်များက ပြိုင်ပွဲတစ်လျှောက် အလင်းရောင်ကာကွယ်ရန် မျက်လုံးအကာများကို တပ်ဆပ်ထားပြီး ဘောလုံးအတွင်း၌ထည့်ထားသည့် ခြူသံဖြင့် ဘောလုံးတည်နေရာကို အတည်ပြုရသည်။ “ဟေ့ဟေ့ဟေ့” ဟု အဆက်မပြတ် အော်သံများဖြင့် အဖွဲ့ဝင်တည်နေရာကို အတည်ပြုကာ အလင်းမဲ့လောကကြီးထဲတွင် ဘောလုံးသယ်ယူခြင်း၊ ပေးပို့ခြင်းနှင့် ဂိုးသွင်းခြင်း တို့ လုပ်ဆောင်ခဲ့ကြသည်။ လေ့ကျင့်ကွင်းထက်တွင် လူငယ်များက အကြိမ်ကြိမ် ပြေးလွှားတိုက်မိကြကာ ခန္ဓာကိုယ်ဖြင့် အတားအဆီးအပြားစည်းများကို ခံစားကြပြီး အကြိမ်ကြိမ် အခါခါ ချော်လဲလိုက်၊ ပြန်ထလိုက်နှင့် ခန္ဓာကိုယ်မှ အလိုအလျောက် တုံ့ပြန်နိုင်သည်အထိ လုပ်ဆောင်ကြရသည်။
မျက်မမြင်လူငယ်များအတွက် ပုံမှန်နေ့စဉ်ဘဝတွင် အစွမ်းကုန်ပြေးလွှား၍ မရသော်လည်း အဆိုပါ အတားအဆီးများဖြင့် တားဆီးထားသော စိမ်းစိုသည့် ဘောလုံးကွင်းက ၎င်းတို့ စိတ်ကြိုက် ရဲဝံ့စွာ ပြေးလွှားနိုင်သည့် နေရာဖြစ်သည်။ အဖွဲ့ဝင်များ၏ ပျမ်းမျှအသက်မှာ ၁၈ နှစ်ဖြစ်ပြီး ခါရှီဒေသ ရှားချဲခရိုင် အထူးပညာရေးကျောင်းမှ မျက်မမြင်လူငယ်များက အဓိကအဖွဲ့ဝင်များ ဖြစ်ကြသည်။ ၎င်းတို့သည် ဆက်လက် ပညာသင်ကြားရန်နှင့် စနစ်တကျလေ့ကျင့်မှုများလုပ်ဆောင်ရန်အတွက် ရှင်းကျန်းဒေသ အထူးပညာရေး သက်မွေးပညာ အထက်တန်းကျောင်းသို့ ကျောင်းပြောင်းခဲ့ကြသည်။
၂၀၂၄ ခုနှစ်တွင် အဆိုပါအဖွဲ့သည် ဖူကျန့်ပြည်နယ် ဖူကျိုးမြို့အထိ သွားရောက်ပြီး တရုတ်တစ်နိုင်ငံလုံးအဆင့် မျက်မမြင်ဘောလုံး ချန်ပီယံရှစ်ပြိုင်ပွဲ၌ ပါဝင်ယှဉ်ပြိုင်ခဲ့သည်။ ယင်းသည် အသင်းက ပထမဆုံးအကြိမ် ရှင်းကျန်းဒေသမှ ထွက်ခွာယှဉ်ပြိုင်ခြင်းဖြစ်ရာ အဆင့် ၉ ရရှိခဲ့သည်။ ၂၀၂၅ ခုနှစ်တွင် ရှင်းကျန်းဒေသအား ကိုယ်စားပြု၍ တရုတ်နိုင်ငံ ၁၂ ကြိမ်မြောက် မသန်စွမ်းအားကစားပြိုင်ပွဲ မျက်မမြင် ဘောလုံးပြိုင်ပွဲ၌ ပထမဆုံးအကြိမ် ပါဝင်ခဲ့ရာ ၎င်းအသင်းက နောက်ဆုံးတွင် စတုတ္ထဆု ရရှိခဲ့ပြီး အသင်း၏သမိုင်းတစ်လျှောက် အကောင်းဆုံးရလဒ် ရရှိခဲ့ခြင်းဖြစ်သည်။
အမြင်ပိုင်းဆိုင်ရာလမ်းညွှန်မှုများမရှိချိန်တွင် လူငယ်များက အကြားအာရုံဖြင့် ပြိုင်ပွဲကိုကြံ့ကြံ့ခံကာ ဘောလုံးအိပ်မက်ကို အကောင်အထည်ဖော်ခဲ့ကြသည်။
“ကျွန်တော်တို့က ကမ္ဘာကြီးကို မမြင်ရပေမဲ့ ကမ္ဘာကြီးက ကျွန်တော်တို့ကို တွေ့မြင်သွားအောင် ကြိုးစားရပါမယ်” မှောင်မိုက်မှုများကြားတွင် အဆိုပါလူငယ်များသည် အော်ဟစ်သံဖြင့် အတားအဆီးများကို ကျော်ဖြတ်ထိုးဖောက်ပြီး စိမ်းစိုသောဘောလုံးကွင်းထက်တွင် ကြိုးပမ်း လင်းလက်တောက်ပနေကြပါသည်။ (Xinhua)
---------------------
(Chinese Version)
(体育)“喂喂喂”盲人足球队:让世界看见我们
新华社照片,乌鲁木齐,2026年10月15日
金秋时节,在新疆特殊教育职业中专学校的绿茵场上,新疆首支盲人足球队正开展日常训练。这支队伍被大家亲切称作“喂喂喂”足球队,名字源自盲人足球赛场上队员用来定位队友、规避冲撞的呼喊口令,也是这项特殊运动的“沟通密码”。
盲人足球比赛中,队员全程佩戴遮光眼罩,依靠足球内置铃铛的声响判断球的方位,通过不断呼喊“喂喂喂”,以此感知队友位置,在无光世界里完成带球、传球与射门。训练场上,少年们一次次奔跑碰撞,用身体感知挡板边界,在反复跌倒、起身中建立肌肉记忆。对于视障少年而言,在日常生活里不敢全力冲刺,而这片围合的绿茵场,是他们可以毫无顾忌大胆奔跑的地方。队员平均年龄18岁,以喀什地区莎车县特殊教育学校视障少年为班底,他们为继续求学和接受系统训练,转入新疆特殊教育职业中专学校。
2024年,队伍远赴福建福州参加全国盲人足球锦标赛,这是球队首次走出新疆,斩获第九名。2025年,队伍代表新疆首次登上全国第十二届残疾人运动会盲人足球赛场,实现新疆在该项目上零的突破。2026年,全国盲人足球锦标赛在新疆库尔勒市举办,球队最终拿下第四名,刷新队伍历史最佳战绩。没有视线指引,少年们用听觉感知赛场,以坚韧追逐足球梦想。
“我们看不到世界,但要努力让世界看到我们。”黑暗之中,靠着呼喊声,这群少年冲破束缚,在绿荫场上奋力绽放。
图说1:在新疆特殊教育职业中专学校,新疆盲人足球队队员在日常训练前加油打气(10月14日摄)。 新华社记者 丁磊 摄
图说2:在新疆特殊教育职业中专学校,新疆盲人足球队队员阿卜杜热合木·努尔麦麦提进行射门训练(10月12日摄)。新华社记者 丁磊 摄








