
ပေကျင်း၊ အောက်တိုဘာ ၁၈ ရက် (ဆင်ဟွာ)
၂၀၂၆ ခုနှစ် အာရှ-ပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု (APEC) CEO ထိပ်သီးအစည်းအဝေးကို တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်တုန်းပြည်နယ် ဆန်းကျန့်မြို့တွင် နိုဝင်ဘာ ၁၇ ရက်မှ ၁၈ ရက်အထိ ကျင်းပမည်ဖြစ်ရာ ယင်းဒေသ၏ ထိပ်တန်းစီးပွားရေးလုပ်ငန်းများ၊ အစိုးရပိုင်း ခေါင်းဆောင်များက အာရှ-ပစိဖိတ်ဒေသ သာယာဝပြောရေးအတွက် လုပ်ငန်းစဉ် ချမှတ်ရေးဆွဲရန် အချိန်တစ်လမျှသာလိုတော့သည်။
"အပြန်အလှန် အကျိုးပြုသော အနာဂတ်အတွက် သာယာဝပြောမှုကို အတူတကွ မြှင့်တင်ခြင်း" ခေါင်းစဉ်ဖြင့် ကျင်းပမည့် အဆိုပါ အစည်းအဝေးကို APEC စီးပွားရေးခေါင်းဆောင် အများအပြား၊ စီးပွားရေးလုပ်ငန်း ကိုယ်စားလှယ်များ တက်ရောက်ကြမည်ဖြစ်ပြီး အာရှ-ပစိဖိတ် လွတ်လပ်သော ကုန်သွယ်မှုဧရိယာ ဖွံ့ဖြိုးတိုးတက်မှု၊ ကွန်ရက်ချိတ်ဆက်မှု၊ ဉာဏ်ရည်တု (AI) နည်းပညာ၊ ဒစ်ဂျစ်တယ်စီးပွားရေး၊ ကွမ်တုန်း-ဟောင်ကောင်-မကာအို မဟာပင်လယ်အော်ဒေသနှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု စသည့် ကဏ္ဍများကို ဆွေးနွေးကြမည်ဖြစ်သည်။
နှစ်ရက်ကြာ ကျင်းပမည့် ထိုထိပ်သီးအစည်းအဝေးကို တရုတ် နိုင်ငံတကာ ကုန်သွယ်မှု မြှင့်တင်ရေးကောင်စီ (CCPIT) က စီစဉ်ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။ (Xinhua)
သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်မှတစ်ဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။
https://english.news.cn/20261017/c4a7d4c5d317407ba362088f89b449c5/c.html
……….
(English Version)
One month to go: APEC CEO Summit 2026 to help promote cooperation, prosperity
BEIJING, Oct. 17 (Xinhua) -- The APEC CEO Summit 2026 will be held in Shenzhen, south China's Guangdong Province, on Nov. 17 and 18, with one month to go before the region's top business and government leaders gather to chart a course for Asia-Pacific prosperity.
Under the theme "promoting prosperity together for a win-win future," several APEC economy leaders will attend alongside business representatives, with discussions covering Asia-Pacific free trade area development, connectivity, artificial intelligence (AI), the digital economy, the Guangdong-Hong Kong-Macao Greater Bay Area and sustainable development.
The two-day event is organized by the China Council for the Promotion of International Trade (CCPIT).
https://english.news.cn/20261017/c4a7d4c5d317407ba362088f89b449c5/c.html
Photo caption: Passengers in the departure hall of the Huanggang Port in Shenzhen, south China's Guangdong Province, Oct. 12, 2026. (Xinhua/Liang Xu)








