
တက်ရှ်ကန့်၊ အောက်တိုဘာ ၁၈ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံအနေဖြင့် တရုတ်-ကာဂျစ္စတန်-ဥဇဘက်ကစ္စတန် ရထားလမ်းစီမံကိန်း အရည်အသွေးမြင့်မားစွာ အကောင်အထည်ဖော်ရေး ခိုင်မာသေချာအောင်လုပ်ဆောင်ရန် အသင့်ရှိကြောင်း တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီချန်က အောက်တိုဘာ ၁၇ ရက်၌ ပြောကြားခဲ့သည်။
စွမ်းဆောင်ရည်ပြည့်ဝသော တရုတ်စီးပွားရေးလုပ်ငန်းများအနေဖြင့် ဥဇဘက်ကစ္စတန်နိုင်ငံတွင် ရင်းနှီးမြှုပ်နှံကြရန်နှင့် စီးပွားရေးလုပ်ငန်းများ ပိုမိုလုပ်ကိုင်ကြရန် တရုတ်နိုင်ငံက အားပေးထောက်ခံကြောင်း၊ ဥဇဘက်ကစ္စတန်ဘက်ကလည်း တရုတ်စီးပွားရေးလုပ်ငန်းများအတွက် သင့်လျော်ကောင်းမွန်သည့် စီးပွားရေးပတ်ဝန်းကျင် ဆက်လက်ဖန်တီးပေးမည်ဟု မျှော်လင့်ကြောင်း ဥဇဘက်ကစ္စတန်နိုင်ငံ တက်ရှ်ကန့်မြို့၌ ဥဇဘက်ကစ္စတန် သမ္မတ ရှက်ဗ်ကတ် မီယာဇီယိုယက်ဗ်နှင့် တွေ့ဆုံစဉ် ဝန်ကြီးချုပ်လီက ထည့်သွင်းပြောကြားခဲ့သည်။
လွန်ခဲ့သည့် နှစ်များအတွင်း သမ္မတ ရှီကျင့်ဖိန်နှင့် သမ္မတ မီယာဇီယိုယက်ဗ်တို့၏ မဟာဗျူဟာမြောက် လမ်းညွှန်မှုအောက်တွင် တရုတ်-ဥဇဘက်ကစ္စတန် အေးအတူပူအမျှအသိုက်အဝန်း ထူထောင်ခြင်းက အကျိုးရလဒ်သစ်များ စဉ်ဆက်မပြတ် ဖြစ်ထွန်းစေခဲ့ကြောင်း လီက ပြောကြားခဲ့သည်။
နိုင်ငံတကာအခင်းအကျင်းသည် ရှုပ်ထွေးမှု၊ မတည်ငြိမ်မှုများနှင့် ရင်ဆိုင်နေရချိန်တွင် တရုတ်နိုင်ငံနှင့် ဥဇဘက်ကစ္စတန်နိုင်ငံတို့သည် တစ်စိတ်တစ်ဝမ်းတည်းရှိမှုနှင့် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ကာ အတူတကွ ရှေ့သို့ဆက်လက်လှမ်းချီရန် ခိုင်မာစွာ သန္နိဋ္ဌာန်ချထားသင့်ကြောင်း ၎င်းက ပြောသည်။
တရုတ်နိုင်ငံအနေဖြင့် ဥဇဘက်ကစ္စတန်နိုင်ငံနှင့် မဟာဗျူဟာမြောက် ဆက်သွယ်ဆောင်ရွက်မှုများ ပိုမိုအားကောင်းစေရန်၊ နှစ်နိုင်ငံ ပင်မအကျိုးစီးပွားများကို အပြန်အလှန်အားဖြင့် ခိုင်ခိုင်မာမာ ဆက်လက်ပံ့ပိုးပေးရန်၊ နှစ်နိုင်ငံပြည်သူများအတွက် ပိုမိုကြီးမားသော အကျိုးကျေးဇူးများ ဆောင်ကြဉ်းပေးနိုင်ရေးအတွက် အပြန်အလှန်အကျိုးရှိမည့် ပူးပေါင်းဆောင်ရွက်မှုများ ချဲ့ထွင်ရန် အသင့်ရှိကြောင်း လီက ဆိုသည်။
တရုတ်နိုင်ငံအနေဖြင့် နှစ်နိုင်ငံကုန်သွယ်မှု တိုးချဲ့ရန်နှင့် ကုန်သွယ်ရေးစနစ် ပိုမိုကောင်းမွန်ပြည့်စုံစေရန်၊ စွမ်းအင်၊ သတ္တုသယံဇာတ၊ ဘဏ္ဍာရေးနှင့် လမ်းပန်းဆက်သွယ်ရေး စသည့် ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှု ခိုင်မာစေရေးအတွက် ဥဇဘက်ကစ္စတန်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်ရန် အသင့်ရှိသကဲ့သို့ အနာဂတ် ဖွံ့ဖြိုးတိုးတက်မှု အခွင့်အလမ်းများကို အတူတကွ ဖမ်းဆုပ်နိုင်ရေးအတွက် ဉာဏ်ရည်တုနည်းပညာ (AI)၊ အစိမ်းရောင်စီးပွားရေးနှင့် အာကာသနည်းပညာ စသည့် နယ်ပယ်များတွင်လည်း သိပ္ပံနှင့်နည်းပညာ ဆန်းသစ်တီထွင်မှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ နက်နက်ရှိုင်းရှိုင်း လုပ်ဆောင်သွားမည်ဖြစ်ကြောင်း လီက ထည့်သွင်းပြောကြားခဲ့သည်။
နှစ်ဖက်အနေဖြင့် ပြည်သူချင်း ထိတွေ့ဆက်ဆံမှုကိုလည်း မြှင့်တင်အားပေးသင့်ပြီး နှစ်နိုင်ငံစလုံးတွင် ယဉ်ကျေးမှုစင်တာများ အမြန်ဆုံးစတင်ဖွင့်လှစ်နိုင်ရေး ပံ့ပိုးဆောင်ရွက်သင့်ကြောင်း လီက ဆိုသည်။
ထို့ပြင် အရေးကြီးကိစ္စရပ်များတွင် ဥဇဘက်ကစ္စတန်နိုင်ငံနှင့် သဘောထားအမြင်ချင်း ပေါင်းစပ်ညှိနှိုင်းမှုများ ပိုမိုအားကောင်းစေရန်၊ တရုတ်-ဗဟိုအာရှ ပူးပေါင်းဆောင်ရွက်ရေးမူဘောင်နှင့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (SCO) စသည့် နိုင်ငံစုံပူးပေါင်းဆောင်ရွက်ရေး မူဘောင်များအတွင်းမှ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန်၊ နှစ်နိုင်ငံ ဘုံအကျိုးစီးပွားများကို ကာကွယ်စောင့်ရှောက်ရန်၊ ဒေသတွင်း၌သာမက နိုင်ငံတကာ၌လည်း ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အားဖြည့်ပံ့ပိုးပေးရန် တရုတ်နိုင်ငံက အသင့်ရှိကြောင်း လီက ပြောကြားခဲ့သည်။
ဥဇဘက်ကစ္စတန် သမ္မတ မီယာဇီယိုယက်ဗ်ကလည်း တရုတ်ကွန်မြူနစ်ပါတီ ထူထောင်ခြင်း ၁၀၅ နှစ်မြောက် နှစ်ပတ်လည်အထိမ်းအမှတ်အတွက် ဂုဏ်ပြုစကားပြောကြားခဲ့ကာ သမ္မတရှီ၏ အမြော်အမြင်ကြီးမားသော ဦးဆောင်မှုအောက်တွင် တရုတ်နိုင်ငံသည် မဟာပြန်လည်အားသစ်လောင်းရေးအတွက် မဆုတ်မနစ် ရှေ့သို့ချီတက်လျက်ရှိကြောင်း ပြောကြားခဲ့သည်။
ဥဇဘက်ကစ္စတန်-တရုတ် ဆက်ဆံရေးသည် လက်ရှိတွင် "ရွှေခေတ်" သို့ ရောက်ရှိနေပြီဖြစ်ကြောင်း၊ ဘစ်ရှ်ကက်မြို့၌ ကျင်းပသည့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (SCO) ထိပ်သီးအစည်းအဝေးပြင်ပ၌ သမ္မတရှီနှင့် သီးခြားတွေ့ဆုံခဲ့သည့် အကျိုးကျေးဇူးများပြားသော ဆွေးနွေးမှုသည် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးအတွက် လမ်းပြမြေပုံ ချမှတ်ရေးဆွဲနိုင်ခဲ့ကြောင်း ၎င်းက ဆက်လက်ပြောသည်။ (Xinhua)
သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်မှတစ်ဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။
https://english.news.cn/20261018/3fca79a23f194369bfb022c69e294bd6/c.html

..................................
(English Version)
Chinese premier says Beijing ready to ensure high-quality China-Kyrgyzstan-Uzbekistan railway
TASHKENT, Oct. 17 (Xinhua) -- Chinese Premier Li Qiang said on Saturday that China stands ready to ensure the high-quality implementation of the China-Kyrgyzstan-Uzbekistan railway project.
During his meeting with Uzbek President Shavkat Mirziyoyev here, Li also said that China supports more capable Chinese enterprises in investing and doing business in Uzbekistan and hopes that the Uzbek side will continue to provide a favorable business environment for these enterprises.
In recent years, under the strategic guidance of President Xi Jinping and President Mirziyoyev, the building of a China-Uzbekistan community with a shared future has continued to achieve new results, Li said.
In the face of a complex and turbulent international landscape, China and Uzbekistan should strengthen solidarity and cooperation and remain firmly committed to moving forward together, he said.
China stands ready to strengthen strategic communication with Uzbekistan, continue to firmly support each other's core interests, and expand mutually beneficial cooperation to deliver greater benefits to the peoples of both countries, Li said.
China is ready to work with Uzbekistan to expand bilateral trade and optimize its structure, strengthen cooperation in areas such as energy, minerals, finance, and connectivity, and deepen cooperation in scientific and technological innovation in fields such as artificial intelligence, the green economy, and aerospace, so as to jointly seize future development opportunities, Li said.
Both sides should also promote people-to-people connectivity and facilitate the establishment of cultural centers in each other's countries as soon as possible, Li said.
China is ready to strengthen coordination of positions with Uzbekistan on major issues, enhance collaboration within multilateral frameworks such as the China-Central Asia mechanism and the Shanghai Cooperation Organization (SCO), safeguard the common interests of both countries, and contribute to peace and development at both the regional and global levels, Li said.
For his part, Mirziyoyev congratulated the Communist Party of China on the 105th anniversary of its founding, saying that under the wise leadership of President Xi, China is forging ahead toward national rejuvenation.
Uzbekistan-China relations are currently enjoying a "golden age," he said, adding that his successful meeting with Xi on the sidelines of the SCO summit in Bishkek charted the course for advancing bilateral cooperation.
https://english.news.cn/20261018/3fca79a23f194369bfb022c69e294bd6/c.html
Photo caption: Chinese Premier Li Qiang meets with Uzbek President Shavkat Mirziyoyev in Tashkent, Uzbekistan, Oct. 17, 2026. (Xinhua/Huang Jingwen)








