
ပေကျင်း၊ အောက်တိုဘာ ၁၈ ရက် (ဆင်ဟွာ)
အသက် ၃၃ နှစ်အရွယ် အယ်လ်ဆာဗေဒေါနိုင်ငံသား အင်ဂျင်နီယာတစ်ဦးဖြစ်သူ ဖက်ဒရီကို ဖလာမင်ကိုသည် တရုတ်နိုင်ငံ၏ စက်ရုပ်တီထွင်ထုတ်လုပ်ရေးလုပ်ငန်းတွင် လုပ်ကိုင်နေသူဖြစ်ပြီး တစ်ချိန်က အလှမ်းဝေးခဲ့သည့် အသက်မွေးဝမ်းကျောင်းဆိုင်ရာ အိပ်မက်သည် ၎င်းအတွက် လက်တွေ့ဖြစ်လာခဲ့ပြီဖြစ်သည်။
“စက်ရုပ်တီထွင်ထုတ်လုပ်ရေးမှာ အလုပ်လုပ်ခွင့်ရဖို့ဆိုတာက တစ်ချိန်က ကျွန်တော် စိတ်ကူးသက်သက်နဲ့ပဲ မျှော်လင့်နိုင်ခဲ့တဲ့အရာတစ်ခုပါ။ အခုတော့ ကျွန်တော် စက်ရုပ်လက်တံတွေနဲ့ အလုပ်လုပ်နေရပြီး တရုတ်နိုင်ငံမှာ လူပုံစံတူစက်ရုပ်တွေ ဘယ်လောက်အထိ လျင်လျင်မြန်မြန် တိုးတက်နေလဲဆိုတာကို မြင်တွေ့ခွင့်ရနေပါပြီ” ဟု ၎င်းက ပြောသည်။
အယ်လ်ဆာဗေဒေါနိုင်ငံတွင် ဘွဲ့ရပြီးနောက် ဖလာမင်ကိုသည် တရုတ်နိုင်ငံတွင် လျှပ်စစ်အင်ဂျင်နီယာ ဘာသာရပ်ဖြင့် မဟာဘွဲ့ ဆက်လက်တက်ရောက်ခဲ့သည်။ လက်ရှိတွင် ၎င်းအနေဖြင့် တရုတ်စက်ရုပ်တီထွင်ထုတ်လုပ်ရေးကုမ္ပဏီ JAKA Robotics ၌ အလုပ်လုပ်ကိုင်နေပြီး အင်ဂျင်နီယာအတတ်ပညာနှင့် စပိန်၊ အင်္ဂလိပ်၊ တရုတ်၊ ပေါ်တူဂီ ဘာသာစကား ဗဟုသုတတို့ကို အသုံးချလျက် သင့်လျော်ကောင်းမွန်သည့် စက်ရုပ်နည်းပညာဆိုင်ရာ ဖြေရှင်းနည်းများ ရှာဖွေရာတွင် နိုင်ငံရပ်ခြားမှ ဖောက်သည်များအား အကူအညီပေးလျက်ရှိသည်။
အချို့သော ပြည်ပစျေးကွက်များတွင် စီးပွားရေးဖိအားများ ဖြစ်ပေါ်နေချိန် တရုတ်နိုင်ငံ၏ လျင်မြန်စွာ ကြီးထွားဖွံ့ဖြိုးလာသော စက်မှုလုပ်ငန်းများက တရုတ်နိုင်ငံ၏ ဆွဲဆောင်နိုင်စွမ်းကို ပိုမိုခိုင်မာစေသည့်အားလျော်စွာ အသက်မွေးဝမ်းကျောင်းဆိုင်ရာ အခွင့်အလမ်းများ ပိုမိုချဲ့ထွင်နိုင်ရန် တရုတ်နိုင်ငံသို့ လာရောက်သည့် တစ်စတစ်စ များပြားလာသော ပြည်ပပညာရှင်များအနက် ဖလာမင်ကိုလည်း ပါဝင်ခဲ့သည်။ နိုင်ငံခြားခရီးသွားဧည့်သည်များက ဆိုရှယ်မီဒီယာတွင် မျှဝေသည့် အပြုသဘော အတွေ့အကြုံကောင်းများကလည်း နိုင်ငံတကာ၌ တရုတ်နိုင်ငံအပေါ် ရှုမြင်ပုံများ ပိုမိုကောင်းမွန်လာစေရန် အထောက်အကူပေးလျက်ရှိသည်။
နိုင်ငံတကာ၏ စိတ်ဝင်စားမှုကို ရရှိထားသော တရုတ်နိုင်ငံ
တရုတ်နိုင်ငံရှိ နိုင်ငံတကာကုမ္ပဏီများအတွက် အကြီးတန်းအမှုဆောင်အရာရှိများ ခန့်အပ်ရေးကို အကူအညီပေးသော အလုပ်အကိုင်ရှာဖွေရေးကုမ္ပဏီ Direct HR ၏ အထွေထွေမန်နေဂျာ မီရီယမ် ဝစ်ကာ့ထ်ရှိမ်းသည်လည်း ထိုပြောင်းလဲမှုကို ကိုယ်တိုင်ကြုံတွေ့ခဲ့ပြီးဖြစ်သည်။
“တရုတ်နိုင်ငံမှာ အလုပ်လုပ်ဖို့ ကမ္ဘာတစ်ဝန်း စိတ်ဝင်စားမှုဟာ လွန်ခဲ့တဲ့ နှစ်နှစ်ကနဲ့နှိုင်းယှဉ်ရင် အခုနှစ်ထဲမှာ နှစ်ဆကျော်တိုးလာခဲ့ပြီး နွေရာသီအစောပိုင်းမှာ စုံစမ်းမေးမြန်းမှုတွေ သိသိသာသာ မြင့်တက်ခဲ့တယ်” ဟု ဝစ်ကာ့ထ်ရှိမ်းက ပြောသည်။ (Xinhua)
သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်မှတစ်ဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။
https://english.news.cn/20261017/2365fca55186409e8fda01af97e8010f/c.html



…………………………
(English Version)
Xinhua Headlines: "China Magnet" attracts growing interest from global talent
BEIJING, Oct. 17 (Xinhua) -- For 33-year-old Federico Flamenco, a Salvadoran engineer working in China's robotics industry, a once-distant career dream has become a reality.
"Working in robotics is something I could once only dream about. Now I work with robotic arms and get to see how quickly humanoid robots are developing here in China," he said.
After earning a bachelor's degree in El Salvador, Flamenco pursued a master's degree in electrical engineering in China. Currently at JAKA Robotics, a Chinese robotics company, he helps overseas customers find suitable robotic solutions, drawing on his engineering expertise and knowledge of Spanish, English, Chinese and Portuguese.
Flamenco is among a growing number of foreign professionals drawn to China by expanding career opportunities, as its fast-growing industries strengthen the country's appeal amid economic pressures in some overseas markets. Positive experiences shared by foreign visitors on social media are also helping improve perceptions of China abroad.
CHINA ON THE RADAR
Miriam Wickertsheim, general manager of Direct HR, a recruitment firm that helps international companies in China hire senior executives, has seen the shift firsthand.
"Global interest in working in China has more than doubled this year compared with two years ago, with a major surge in inquiries in early summer," said Wickertsheim.
https://english.news.cn/20261017/2365fca55186409e8fda01af97e8010f/c.html
Photo caption 1: A foreign tourist tries on hair ornaments at a mall in Shanghai, east China, May 5, 2026. (Xinhua/Chen Haoming)
Photo caption 2: Miriam Wickertsheim, general manager of recruitment firm Direct HR, speaks about legal and HR updates for international companies in China at an event in Shanghai, east China, Feb. 25, 2026. (Xinhua)








