တရုတ်နိုင်ငံ ဟေးလုံကျန်းပြည်နယ် ရီးချွမ်းမြို့တွင် စမ်းသပ်ဖြတ်သန်းသွားသော ဟားအယ်ပင်း-ရီးချွမ်း မြန်နှုန်းမြင့်ရထားကို ၂၀၂၆ ခုနှစ် စက်တင်ဘာ ၂၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
တရုတ်နိုင်ငံ ဟေးလုံကျန်းပြည်နယ် ရီးချွမ်းမြို့တွင် စမ်းသပ်ဖြတ်သန်းသွားသော ဟားအယ်ပင်း-ရီးချွမ်း မြန်နှုန်းမြင့်ရထားကို ၂၀၂၆ ခုနှစ် စက်တင်ဘာ ၂၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဟားအယ်ပင်း၊ အောက်တိုဘာ ၁၇ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ၏ မြောက်ဘက်အစွန်ဆုံး မြန်နှုန်းမြင့်ရထားလမ်း ဟားအယ်ပင်း-ရီးချွမ်း မြန်နှုန်းမြင့်ရထားကို စက်တင်ဘာ ၂၈ ရက်တွင် စတင်ဖွင့်လှစ်ပြေးဆွဲခဲ့ရာ ရီးချွမ်း၊ ထျယ်လိ၊ ဆွေဟွ စသည့် လမ်းကြောင်းတစ်လျှောက် ဒေသများကို ဟားအယ်ပင်းမြို့နှင့် နှစ်နာရီအတွင်း သွားရောက်နိုင်သည့် စီးပွားရေးစက်ဝန်းအတွင်း ထည့်သွင်းလိုက်ပြီး ယခင်က ဟားအယ်ပင်းမြို့မှ ရီးချွမ်းမြို့အထိ ကုန်းလမ်းဖြင့် သွားရောက်ရာတွင် ၇ နာရီခန့်ကြာသော လမ်းပန်းဆက်သွယ်ရေး အခက်အခဲကို ချိုးဖျက်လိုက်ပြီဖြစ်သည်။

ထိရောက်၊ လွယ်ကူအဆင်ပြေသော ရထားလမ်းပို့ဆောင်ရေးက ထူးချွန်သူပါရမီရှင်များ၊ ခရီးသွားဧည့်သည်များ၊ ကုန်စည်များ၊ နည်းပညာများ စသည့် လူများနှင့် ကုန်ထုတ်လုပ်မှုပစ္စည်း အမျိုးမျိုး၊ အဖုံဖုံ လွတ်လပ်စွာ စီးဆင်းသွားလာမှုတို့ကို အရှိန်မြှင့်ပေးလိုက်ပြီး ပြည်နယ်တစ်ခုလုံး မြေယာဆိုင်ရာ နေရာချထားမှု ဖွံ့ဖြိုးတိုးတက်ရေး အခင်းအကျင်းကို ကောင်းမွန်အောင်ဆောင်ရွက်ထားသည်။ ထိုသို့အားဖြင့် ဟေးလုံကျန်းဒေသ ညှိနှိုင်းဖွံ့ဖြိုးတိုးတက်မှု အဆင့်သစ်သို့ တက်လှမ်းရန် တွန်းအားပေးလိုက်ပြီး ဒေသတွင်း အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးကြီးကွန်ရက် ဖောက်လုပ်ပေးခဲ့ပြီဖြစ်သည်။

ရှောင်ရှင်းအန်းလျင် သစ်တောကုန်းတွင်းပိုင်းဒေသသည်လည်း မြန်နှုန်းမြင့်ရထားခေတ်သို့ ဝင်ရောက်လာရာ လမ်းပန်းဆက်သွယ်ရေး ပြောင်းလဲမှုဖြင့် လုပ်ငန်းတိုးတက်မှု၊ ပြည်သူလူနေမှုဘဝများ နွေးထွေးမှုကို လှုံ့ဆော်ပေးလိုက်သောကြောင့် တရုတ်နိုင်ငံ မြန်နှုန်းမြင့်ရထားလမ်းကွန်ရက် တည်ဆောက်မှု၏ မဟာဗျူဟာမြောက် အနက်အဓိပ္ပာယ်နှင့် ခေတ်ကာလတန်ဖိုးတို့ကို ပေါ်လွင်စေပေသည်။ (Xinhua)

---------------------

(Chinese Version)

哈伊高铁持续释放黑龙江区域振兴效能

新华社照片,哈尔滨,2026年10月15日

9月28日,我国最北高速铁路哈伊高铁正式通车,将伊春、铁力、绥化等沿线区域纳入哈尔滨两小时经济圈,打破此前哈尔滨至伊春陆路通行约7小时的交通瓶颈。高效便捷的轨道交通,加速人才、客流、物资、技术等各类生产要素自由流动,优化全省国土空间开发格局,推动黑龙江区域协调发展迈上新台阶,为当地高质量发展打通关键脉络。

小兴安岭林区腹地迈入高铁时代,以交通之变激活产业之兴、民生之暖,彰显我国高铁成网建设的战略意义与时代价值。

图说1:9月25日,按图运行试验的哈伊高铁动车组列车在伊春市境内穿行(无人机照片)。 新华社记者 王松 摄

图说2:人们在伊春西站候车大厅等待检票(10月14日摄)。新华社记者 王松 摄