
ရောမ၊ အောက်တိုဘာ ၁၇ ရက် (ဆင်ဟွာ)
ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (FAO) က အီတလီနိုင်ငံ မြို့တော် ရောမမြို့၌ ကမ္ဘာ့စားနပ်ရိက္ခာဖိုရမ် ပိတ်ပွဲအခမ်းအနားကို အောက်တိုဘာလ ၁၆ ရက်တွင် ကျင်းပပြီး ၂၀၂၆ ခုနှစ် FAO အောင်မြင်မှုဆိုင်ရာ ဆု (Achievement Award) ကို ပေးအပ်ချီးမြှင့်ခဲ့သည်။ တရုတ်သိပ္ပံအကယ်ဒမီ၏ အာကာသနှင့် လေကြောင်းဆိုင်ရာ သတင်းအချက်အလက် ဆန်းသစ်တီထွင်မှု သုတေသနဌာန (AIRCAS) သည် ၎င်းတို့ သုတေသနပြု ဖန်တီးထားသော ကမ္ဘာလုံးဆိုင်ရာ Cloud အခြေပြု သီးနှံစောင့်ကြည့်စစ်ဆေးရေး ဝန်ဆောင်မှု ပလက်ဖောင်းဖြင့် ဤဆုကို ရရှိခဲ့ခြင်းဖြစ်သည်။
ဤပလက်ဖောင်းကို AIRCAS မှ သုတေသီ ဝူပင်ဖောင်း ဦးဆောင်သော အဖွဲ့က သုတေသနပြု တီထွင်ခဲ့သည်။ ဤပလက်ဖောင်းသည် နိုင်ငံနှင့် ဒေသပေါင်း ၄၀ ကျော်ကို သီးနှံစောင့်ကြည့်စစ်ဆေးရေးအတွက် အကူအညီပေးခဲ့ပြီး သိပ္ပံနည်းကျဒေတာအခြေပြု စားနပ်ရိက္ခာလုံခြုံရေး ဆုံးဖြတ်ချက်ချမှတ်မှုများကို အထောက်အကူပြုပေးသည်။ (Xinhua)


.......................................
(Chinese Version)
中国科学院空天信息创新研究院获粮农组织成就奖
新华社照片,罗马,2026年10月16日
联合国粮食及农业组织(粮农组织)10月16日在意大利首都罗马举办世界粮食论坛闭幕式并颁发2026年粮农组织成就奖,中国科学院空天信息创新研究院凭借其研发的全球农情遥感监测平台获得该奖。 该平台由中国科学院空天信息创新研究院研究员吴炳方带领团队研发。据团队介绍,平台已助力超过40个国家和地区开展农情监测,支撑基于科学数据的粮食安全决策。
图说1:10月16日,在意大利首都罗马,中国科学院空天信息创新研究院研究员吴炳方(左)在世界粮食论坛闭幕式上获颁2026年粮农组织成就奖。 新华社记者 王楷焱 摄
图说2:10月16日,在意大利首都罗马,中国科学院空天信息创新研究院研究员吴炳方(前排右)在世界粮食论坛闭幕式上与奖状合影。新华社记者 王楷焱 摄








