
ပေကျင်း၊ အောက်တိုဘာ ၁၇ ရက် (ဆင်ဟွာ)
ယခုအခါ “China Haul (တရုတ်နိုင်ငံမှ ဈေးဝယ်ပစ္စည်းများ unboxing ဖွင့်ပြခြင်း)” သည် လူမှုကွန်ရက်ပလက်ဖောင်းများတွင် ရေပန်းစားလာခဲ့ပြီး နိုင်ငံခြားခရီးသွားဧည့်သည်များစွာသည် တရုတ်နိုင်ငံသို့ လာရောက်၍ တရုတ်ကုန်ပစ္စည်းအမြောက်အမြားကို စောင့်ဆိုင်းဝယ်ယူခြင်း၊ တရုတ်ကုန်ပစ္စည်းကောင်းများ unboxing ဖွင့်ပြ၍ မျှဝေခြင်း များပြုလုပ်သည့် ဗီဒီယိုများကို ပိုမို၍ မကြာခဏတွေ့မြင်လာရသည်။ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မော်နင်က ဤသည်မှာ တရုတ်နိုင်ငံ၏ ထုတ်လုပ်မှုလုပ်ငန်းများ တိုးတက်စည်ပင်မှု၊ မြို့ပြဈေးဆိုင် လူနေမှုဘဝ၏ သက်ဝင်လှုပ်ရှားမှုနှင့် အဆင်ပြေချောမွေ့သည့်လူနေမှုစနစ်၏ ဆွဲဆောင်မှုကို ထင်ဟပ်ဖော်ပြနေကြောင်း အောက်တိုဘာ ၁၆ ရက်တွင် ပြောကြားခဲ့သည်။
“တရုတ်နိုင်ငံဟာ သွားရောက်လည်ပတ်ထိုက်တဲ့နေရာ၊ တရုတ်ကုန်အမှတ်တံဆိပ်တွေဟာ ဝယ်ယူထိုက်တဲ့အရာ၊ တရုတ်လူနေမှုစနစ်ဟာ တွေ့ကြုံခံစားထိုက်တဲ့အရာ ဖြစ်တယ်လို့ ယူဆတဲ့ နိုင်ငံခြားမိတ်ဆွေတွေ ပိုပိုများလာတာ တွေ့ရတဲ့အတွက် အလွန်ဝမ်းသာမိပါတယ်” ဟု မော်နင်က ဆိုသည်။ တရုတ်နိုင်ငံသည် တံခါးများကို ဆက်လက် ဖွင့်လှစ်ထားမည်ဖြစ်ပြီး အပြန်အလှန် သွားလာသည့် ဖလှယ်မှုများမှတစ်ဆင့် ပိုမိုများပြားသော နိုင်ငံခြားမိတ်ဆွေများကို တရုတ်နိုင်ငံအကြောင်း နားလည်လာစေရန်၊ တရုတ်နိုင်ငံကို ချစ်ခင်လာစေရန် ဆောင်ရွက်သွားမည်ဟု ၎င်းက ပြောကြားခဲ့သည်။ (Xinhua)
…………………………………..
(Chinese Version)
外交部:“中国购物开箱”走红网络反映中国吸引力
新华社北京10月16日电(记者伍岳、马卓言)近期,“China
Haul(中国购物开箱)”在社交平台走红,很多外国游客来华排队采购大量中国商品、开箱分享中国好物的视频愈发常见。外交部发言人毛宁16日表示,这反映了中国的产业活力、市井烟火与社会便利的吸引力。
“很高兴越来越多的外国朋友认为中国值得来、中国品牌值得买、中式生活值得体验。”毛宁表示,中国将继续敞开大门,通过双向奔赴的交流,让更多外国朋友了解中国,爱上中国。(完)
图说:7月22日,在上海市徐汇区延庆路的一家本土品牌鞋服店,马来西亚游客塔奇法(左)、贝尔展示购买的鞋子。新华社记者 王翔 摄








