
ချိန်တူး၊ အောက်တိုဘာ ၁၆ ရက် (ဆင်ဟွာ)
ငယ်စဉ်က တရုတ်နိုင်ငံ အနောက်တောင်ပိုင်း စီချွမ်းပြည်နယ်၏ ကျယ်ပြောလှသည့် မြက်ခင်းပြင်များပေါ်တွင် ကြီးပြင်းခဲ့သည့် အင်န်ဂေါ်ကော့ဂ်အဖို့ မုယောစပါးများနှင့် သစ်သီးဝလံများ ကောင်းကင်ယံမှ "ကျဆင်းလာလိမ့်မည်" ဟု ဘယ်သောအခါမှ မတွေးမိခဲ့ပေ။
အသက် ၂၅ နှစ်အရွယ် အဆိုပါ ရှီးဇန့်အမျိုးသမီးငယ်သည် ကုန်စည်ပို့ဆောင်ရေးအတွက် ယခင်က မြင်းများနှင့် နွားများ၊ ထို့နောက် မော်တော်ယာဉ်များကိုသာ အားထားခဲ့ရသည်။ ယခုအခါတွင်မူ ၎င်းသည် မောင်းသူမဲ့လေယာဉ်များ (UAVs) ထိန်းချုပ်မောင်းနှင်သူအဖြစ် အခန်းကဏ္ဍသစ်တစ်ခုကို ရယူထားနိုင်ပြီဖြစ်သည်။
"စစချင်းတုန်းကတော့ ဒရုန်းမောင်းနှင်တာကို သင်ယူရတာ ခက်ခဲပေမဲ့ အင်မတန် စိတ်ဝင်စားဖို့ကောင်းပါတယ်" ဟု ၎င်းက ပြောပြခဲ့သည်။ အင်န်ဂေါ်ကော့ဂ် နေထိုင်ရာ အားပါ့ ဇန့်လူမျိုး၊ ချန်းလူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်ခွဲတွင် ဒရုန်းဖြင့် ကုန်စည်ပို့ဆောင်ရေး ဝန်ဆောင်မှုများသည် ပိုမိုတွင်တွင်ကျယ်ကျယ် ရှိလာပြီဖြစ်သည်။
အင်န်ဂေါ်ကော့ဂ်မှာ စီချွမ်းပြည်နယ် ရော့အယ်ကိုက်ခရိုင် ပါးရှီးမြို့နယ်ဇာတိဖြစ်သည်။ ၁၉၃၅ ခုနှစ် စက်တင်ဘာလ၌ ခရီးရှည်ချီတက်ပွဲကာလအတွင်း တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီသည် မြောက်ဘက်သို့ ဆက်လက်ချီတက်မည့် မဟာဗျူဟာမြောက် မူဝါဒချမှတ်ခဲ့သည့် ပါးရှီးအစည်းအဝေးကို ယင်းမြို့၌ ကျင်းပခဲ့သည်။
ထိုအစည်းအဝေး ကျင်းပခဲ့ရာ ပန်းရို့ ဘုန်းတော်ကြီးကျောင်းမှာ ရှီးဇန့်ဗုဒ္ဓဘာသာ ကိုးကွယ်ယုံကြည်သူ အင်န်ဂေါ်ကော့ဂ် ပုံမှန်ဝတ်ပြုဆုတောင်းရာ နေရာတစ်ခုအဖြစ် တည်ရှိနေဆဲဖြစ်သည်။ ရှီးဇန့်ယဉ်ကျေးမှုတွင် မိုးကောင်းကင်သည် အထူးလေးနက်သည့် အနက်အဓိပ္ပာယ်ရှိကာ ဒဏ္ဍာရီလာ ဂဠုန်ငှက်သည်လည်း ကံကောင်းခြင်းနိမိတ်ဆောင်ပေသည်။
အင်န်ဂေါ်ကော့ဂ်အနေဖြင့် ဒရုန်းများနှင့် ပထမဆုံးကြုံကြိုက်မိခဲ့သည်မှာ တက္ကသိုလ်ကျောင်းသူဘဝကဖြစ်ပြီး ထိုစဉ်က ၎င်းနှင့် အတန်းဖော်များသည် ဘွဲ့နှင်းသဘင် အမှတ်တရဓာတ်ပုံ ရိုက်ကူးရန် ဒရုန်းတစ်စင်းကို အသုံးပြုခဲ့ကြခြင်းဖြစ်သည်။
"ဒရုန်းစတင်ပျံသန်းချိန်မှာ စိတ်လှုပ်ရှားမှုနဲ့အတူ စိုးရိမ်စိတ်တွေလည်း ဖြစ်မိခဲ့တယ်" ဟု ၎င်းက ပြန်ပြောင်းပြောပြခဲ့သည်။ "မှန်ဘီလူးက ကောင်းကင်ယံအထိ တက်သွားပြီး ပတ်ဝန်းကျင် တစ်ခွင်လုံးကို အပေါ်စီးကနေ မြင်တွေ့လိုက်ရတဲ့အခါ မြင်တွေ့နေကျ ရှုခင်းတွေက ချက်ချင်းဆိုသလို အသွင်ပြောင်းလဲသွားတယ်။ ကျွန်မရဲ့မြင်ကွင်းက လုံးဝကိုအကန့်အသတ်မဲ့သွားပြီး အဲဒီလို ကျယ်ပြန့်နက်ရှိုင်းလှတဲ့ ခံစားချက်ကို စကားလုံးတွေနဲ့တောင် ဖော်ပြဖို့ခက်ခဲပါတယ်" ဟု ၎င်းက ဆိုသည်။ (Xinhua)
သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်မှတစ်ဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။
https://english.news.cn/20261014/c8e61de30e334fb1b3a302d988c5aa97/c.html



..................................
(English Version)
Drones rise over grassland the Red Army once crossed
CHENGDU, Oct. 14 (Xinhua) -- When Ngorcog was a child growing up on the vast grasslands of Sichuan Province in southwest China, she never imagined that barley and fruit would one day "fall from the sky."
For the young Tibetan woman, cargo transport used to rely on horses and yaks, and later, trucks. Today, the 25-year-old has a new role: pilot of unmanned aerial vehicles (UAVs).
"Learning to fly drones was difficult at first, but it was also fascinating," she said. Drone logistics services are becoming increasingly common in the Aba Tibetan and Qiang Autonomous Prefecture, where Ngorcog lives.
Ngorcog is from Baxi Town in Ruoergai County of Sichuan. In September 1935, during the Long March, the Central Committee of the Communist Party of China held the Baxi Meeting there, establishing the strategic policy of continuing northward.
The site of the meeting, Banyu Monastery, remains a place of regular worship for Ngorcog, who practices Tibetan Buddhism. In Tibetan culture, the sky holds special significance, with the mythical Garuda bird symbolizing good fortune.
Ngorcog's first encounter with drones came during her university years, when she and her classmates used one to take graduation photos.
"I felt both excited and nervous during takeoff," she recalled. "When the lens rose to the sky, offering a bird's-eye view of the surrounding world, the familiar scenery instantly looked different. My horizon was completely opened, and that sense of vastness was hard to describe in words."
https://english.news.cn/20261014/c8e61de30e334fb1b3a302d988c5aa97/c.html
Photo caption 1: A drone is seen in operation during an earthquake relief drill held in Tiebu Town of Ruoergai County, southwest China's Sichuan Province, May 12, 2026. (Xinhua)
Photo caption 2: Ngorcog (1st R) instructs trainees during a flight simulator training session in Ruoergai County, southwest China's Sichuan Province, July 15, 2026. (Xinhua)








