
နိုင်ရိုဘီ၊ အောက်တိုဘာ ၁၆ ရက် (ဆင်ဟွာ)
အာဖရိကဒေသ၏ အရေးကြီးကိစ္စရပ်များနှင့် ပဋိပက္ခများ ဖြေရှင်းရေးအတွက် တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် အဆိုပြုခဲ့သည့် မူဝါဒ ၄ ရပ်သည် အာဖရိကတိုက်တစ်ခွင် ပဲ့တင်ထပ်သွားခဲ့ပြီး ထိုမူဝါဒများသည် အာဖရိကဒေသ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်မှု မြှင့်တင်ရန်အတွက် အချိန်အခါနှင့်ကိုက်ညီ၍ လက်တွေ့ကျသည့် လမ်းညွှန်ချက်ဖြစ်ကြောင်း သံတမန်များ၊ ပညာရှင်များနှင့် မီဒီယာကျွမ်းကျင်သူများက ချီးကျူးဂုဏ်ပြုခဲ့ကြသည်။
"အာဖရိက ဦးဆောင်မှု" အခြေခံမူကို လိုက်နာဆောင်ရွက်ရေး၊ သမာသမတ်ကျမှုနှင့် တရားမျှတမှုကို ထိန်းသိမ်းရေး၊ ပဋိပက္ခများ အဆုံးသတ်ကာ ငြိမ်းချမ်းရေးကို မြှင့်တင်ရေး၊ ပြဿနာ၏ ရှေ့ပြေးလက္ခဏာများကိုသာမက အရင်းခံအကြောင်းရင်းများကိုပါ ကိုင်တွယ်ဖြေရှင်းရေးဟူသော မူဝါဒလေးရပ်ကို တရုတ်နိုင်ငံသို့ တရားဝင်ခရီးစဉ် ရောက်ရှိနေသော တိုဂိုနိုင်ငံ ဝန်ကြီးများကောင်စီဥက္ကဋ္ဌ ဖော်ရီ အက်ဆိုဇင်နာ ဂနာဆင်ဘေးနှင့် ပေကျင်းမြို့၌တွေ့ဆုံစဉ် အောက်တိုဘာ ၁၃ ရက် တွင် ရှီက အဆိုပြုခဲ့ခြင်းဖြစ်သည်။
အာဖရိကတိုက်တစ်ခွင်၌ ပဋိပက္ခများသည် ပြင်ပမှ ဝင်ရောက်စွက်ဖက်မှုများနှင့် အရှိန်မြင့်တက်လာသော ပထဝီနိုင်ငံရေး အားပြိုင်မှုများကြောင့် ပိုမိုရှုပ်ထွေးလာချိန်တွင် ယင်းအဆိုပြုချက် ထွက်ပေါ်လာခြင်းဖြစ်ကြောင်း၊ အာဖရိက၏ ပိုင်ဆိုင်မှု၊ နိုင်ငံတကာတရားမျှတမှု၊ ငြိမ်းချမ်းစွာ ဆွေးနွေးအဖြေရှာမှုနှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုတို့ဖြင့် ရေရှည်တည်တံ့သော လုံခြုံမှု ဖော်ဆောင်ရန် ဦးတည်အလေးထားမှုအပေါ် ထောက်ခံကြောင်း အာဖရိကအရေး ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။
အာဖရိက၏ ကိုယ်တိုင်ပါဝင်ဦးဆောင်မှု
အဆိုပါ မူဝါဒလေးရပ်၏ အဓိကအနှစ်သာရမှာ "အာဖရိက၏ ဦးဆောင်မှု" ဆိုသည့် ချဉ်းကပ်နည်းဖြစ်ကာ ထိုချဉ်းကပ်နည်းအရ အာဖရိကပြည်သူများသည် အာဖရိက၏ စစ်မှန်သော အရှင်သခင်များဖြစ်ကာ ဒေသတွင်းရေးရာများတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်သင့်သည်ဟု ဆိုသည်။
မာဒါဂတ်စကာနိုင်ငံမှ စီးပွားရေးပညာရှင်နှင့် နိုင်ငံတကာရေးရာ ကျွမ်းကျင်သူ ကလော်ဒီယို ရာဘန်ဂျာက အာဖရိက၏ အကျပ်အတည်းများသည် အများအားဖြင့် ပြင်ပမှ ပါဝင်ပတ်သက်သူများ နားလည်ရန်ခက်ခဲသော ရှုပ်ထွေးလှသည့် ဒေသဆိုင်ရာ အကြောင်းရင်းများမှ မြစ်ဖျားခံလာသည့်အတွက် အဆိုပါမူဝါဒသည် လတ်တလော ပထဝီနိုင်ငံရေး အခြေအနေအရ အထူးပင်အရေးပါပြီး ဆီလျော်အပ်စပ်မှုရှိသည်ဟု ပြောသည်။
"ပြင်ပက ပါဝင်ပတ်သက်သူတွေ ယူဆောင်လာတဲ့ ဒါမှမဟုတ် အတင်းအကျပ် သတ်မှတ်ထားတဲ့ ဖြေရှင်းနည်းတွေဟာ ရေရှည်တည်မြဲတဲ့ အဖြေတွေကို အမြဲတမ်းမပေးနိုင်ပါဘူး" ဟု ၎င်းက ပြောကြားခဲ့ကာ သမ္မတရှီ၏ ချဉ်းကပ်နည်းသည် အင်အားကြီးနိုင်ငံများ အားပြိုင်ရာ စစ်တလင်းတစ်ခု မဖြစ်လိုတော့သည့် အာဖရိက၏ ပြင်းပြသော မျှော်လင့်ချက်ကို တုံ့ပြန်ဖြည့်ဆည်းပေးလိုက်ခြင်းဖြစ်ပြီး ကြားဝင်မစွက်ဖက်ရေးဟူသော တရုတ်နိုင်ငံ၏ အစဉ်အလာ မူဝါဒနှင့်လည်း ကိုက်ညီသည်ဟု ဖြည့်စွက်ပြောကြားခဲ့သည်။ (Xinhua)
သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်မှတစ်ဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။
https://english.news.cn/20261015/97259a09c3bb4975a17090ef30b54356/c.html


..................................
(English Version)
World Insights: Xi's principles on settling Africa's hotspot issues resonate across continent
NAIROBI, Oct. 15 (Xinhua) -- The four principles proposed by Chinese President Xi Jinping for resolving Africa's hotspot issues have resonated across the continent, with diplomats, scholars and media professionals hailing them as timely and practical guidance for promoting peace and development in Africa.
The four principles -- adhering to the principle of "Africa-led," upholding fairness and justice, promoting ceasing hostilities for peace, and addressing both symptoms and root causes -- were put forward on Tuesday in Beijing during Xi's meeting with Faure Essozimna Gnassingbe, president of the Council of Ministers of Togo, who is on an official visit to China.
Noting that the proposal comes at a time when conflicts across the continent are compounded by external interference and intensifying geopolitical rivalries, African experts said they support its emphasis on building lasting security through African ownership, international fairness, peaceful dialogue and sustainable development.
AFRICAN OWNERSHIP
At the heart of the four principles is the "Africa-led" approach, under which the African people are the true masters of Africa, and should play a central role in regional affairs.
Claudio Rabenja, a Malagasy economist and international affairs expert, said the principle is "relevant and particularly important in the current geopolitical context," as crises in Africa stem from complex local factors that outside actors often fail to understand.
"Solutions imported from or imposed by external actors do not always provide lasting answers," he said, adding that Xi's approach responds to Africa's aspiration to stop being a battleground for major-power rivalry and is consistent with China's tradition of non-interference.
https://english.news.cn/20261015/97259a09c3bb4975a17090ef30b54356/c.html
Photo caption 1: This photo taken on Jan. 23, 2025 shows locomotives waiting for maintenance outside the repair workshop of the Mombasa-Nairobi Railway in Nairobi, Kenya. (Xinhua/Wang Guansen)
Photo caption 2: A flight operated by China Southern Airlines arrives at Addis Ababa Bole International Airport in Addis Ababa, capital of Ethiopia, on Oct. 12, 2026. (Xinhua/Geng Xinning)








