
ပေကျင်း၊ အောက်တိုဘာ ၁၆ ရက် (ဆင်ဟွာ)
ခရီးသွားဧည့်သည်များအနေဖြင့် တရုတ်နိုင်ငံ တောင်ပိုင်း ချန်ထျင်းခရိုင်ရှိ တောင်ကုန်းတစ်ခုပေါ်တွင် နားနေလျက် တလက်လက်တောက်ပနေသော ထျင်းကျန်း မြစ်ဘေးတစ်လျှောက် ဖြန့်ကြက်တည်ရှိနေသည့် စိမ်းလန်းစိုပြည်သော သဘာဝရှုခင်းများကို ခံစားကြည့်ရှုနိုင်ကြသည်။
သို့သော် ထိုဒေသသည် ဟိုယခင်ကတည်းက ယခုကဲ့သို့ အစဉ်သဖြင့် သာယာလှပခဲ့ခြင်းတော့မဟုတ်ပေ။
ဖူကျန့်ပြည်နယ်ရှိ ရှေးခေတ်တော်လှန်ရေးအခြေစိုက်ဒေသတစ်ခုဖြစ်သော ချန်ထျင်း ခရိုင်သည် တရုတ်နိုင်ငံ၏ မြေနီဒေသများအနက် မြေဆီလွှာတိုက်စားမှုဒဏ်ကို အပြင်းထန်ဆုံးခံခဲ့ရသည့် ခရိုင်များတွင် ပါဝင်ခဲ့ပြီး ယင်းဖြစ်ရပ်က ဒေသခံပြည်သူများ၏ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများကို ခြိမ်းခြောက်ခဲ့သည့်အပြင် သဘာဝပတ်ဝန်းကျင်နှင့် မြေမျက်နှာသွင်ပြင်လည်း ပျက်စီးယိုယွင်းခဲ့ရသည်။
ဒေသ ပတ်ဝန်းကျင်ကို ပြန်လည်ကောင်းမွန်လာစေရန် ကြိုးပမ်းအားထုတ်မှုများကို လွန်ခဲ့သော ရာစုနှစ်တစ်ခုနီးပါးကတည်းက စတင်လာခဲ့သည်။
၁၉၃၁ ခုနှစ် နိုဝင်ဘာလတွင် တရုတ်ကွန်မြူနစ်ပါတီ (CPC) သည် ကျန်းရှီးပြည်နယ်၊ ရွှေ့ကျင်းမြို့၌ တရုတ်ဆိုဗီယက်သမ္မတနိုင်ငံ၏ ယာယီဗဟိုအစိုးရကို တည်ထောင်ခဲ့ပြီး ထိုနေရာမှာ တရုတ်ကွန်မြူနစ်ပါတီက ၎င်း၏ တော်လှန်ရေးရည်မှန်းချက်များကို လက်တွေ့အုပ်ချုပ်ရေးအဖြစ် စမ်းသပ်အကောင်အထည်ဖော်ခဲ့ခြင်းဖြစ်သည်။ နောက်တစ်နှစ်တွင် CPC ပါတီသည် ရေကြီးရေလျှံမှုနှင့် မိုးခေါင်ရေရှားမှုတို့မှ လယ်ယာမြေများကို ကာကွယ်ရန်၊ မြေဆီလွှာပျက်စီးပြီး ကျတ်တီးမြေဖြစ်နေသော တောင်ကုန်းများကို ပြန်လည်အသုံးချနိုင်ရန်နှင့် ဒေသခံပြည်သူများ အကျိုးဖြစ်ထွန်းနိုင်ရန် သစ်ပင်စိုက်ပျိုးရေးလှုပ်ရှားမှုတစ်ရပ်ကို စတင်ဆောင်ရွက်ခဲ့သည်။ (Xinhua)
သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။
https://english.news.cn/20261016/d7b7452d14db445da1396d0c81ea9e9a/c.html
……………………
(English Version)
Long March legacy takes root in greener landscapes of revolutionary heartlands
BEIJING, Oct. 15 (Xinhua) -- Perched on a hillside in Changting County of southern China, visitors soak in lush scenery stretching beside the glistening Tingjiang River.
But things weren't always so picturesque.
Changting, an old revolutionary base area in Fujian Province, was among the counties hardest hit by soil erosion in China's red-soil region, which threatened local people's livelihoods and left the landscape degraded.
Efforts to improve the local environment began nearly a century ago.
In November 1931, the Communist Party of China (CPC) established the Provisional Central Government of the Chinese Soviet Republic in Ruijin, Jiangxi Province, where the CPC put its revolutionary ideals into governance experimentation. The following year, it launched a tree-planting campaign to protect farmland from floods and droughts, reclaim barren hills and benefit local people.
https://english.news.cn/20261016/d7b7452d14db445da1396d0c81ea9e9a/c.html
Photo caption: This aerial drone photo taken on Sept. 4, 2026 shows a general view of Zhongfu Village in Changting County, southeast China's Fujian Province. (Photo by Zhu Fangbin/Xinhua)








