အီတလီနိုင်ငံ ရောမမြို့၌ ဆုချီးမြှင့်ပွဲအခမ်းအနားသို့ တက်ရောက်လာသည့် ယဉ်းယွိကျန်း (ယာ) နှင့် ဆာကိုစကီတို့အား ၂၀၂၆ ခုနှစ် အောက်တိုဘာ ၁၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
အီတလီနိုင်ငံ ရောမမြို့၌ ဆုချီးမြှင့်ပွဲအခမ်းအနားသို့ တက်ရောက်လာသည့် ယဉ်းယွိကျန်း (ယာ) နှင့် ဆာကိုစကီတို့အား ၂၀၂၆ ခုနှစ် အောက်တိုဘာ ၁၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ရောမ၊ အောက်တိုဘာ ၁၆ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ၏ သဲကန္တာရ စိမ်းလန်းရေး ဆောင်ရွက်သူ၊ တရုတ်တစ်နိုင်ငံလုံးဆိုင်ရာ အလုပ်သမားစံပြပုဂ္ဂိုလ် ယဉ်းယွိကျန်းသည် “ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့၏ စိုက်ပျိုးရေးနှင့် စားနပ်ရိက္ခာစနစ်များ၊ ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသမီးသူရဲကောင်း ၁၀၀” စာရင်းတွင် ရွေးချယ်ခံရကြောင်း ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (FAO) က အီတလီနိုင်ငံ ရောမမြို့၌ အောက်တိုဘာ ၁၅ ရက်တွင် ကြေညာခဲ့သည်။ ထို့ပြင် အဆိုပါစာရင်းတွင် ရွေးချယ်ခံရသည့် အခြားတရုတ်အမျိုးသမီးများမှာ ယွီကျင်ရှို့နှင့် တုန်မင်ဖောင်း တို့ ဖြစ်ကြသည်။

ကုလသမဂ္ဂ စိုက်ပျိုးရေးနှင့် စားနပ်ရိက္ခာအဖွဲ့ (FAO) က စတင်လိုက်သော အဆိုပါကမ္ဘာအဆင့် ဂုဏ်ပြုချီးမြှင့်မှု အစီအစဉ်သည် ၂၀၂၆ ခုနှစ် အပြည်ပြည်ဆိုင်ရာ အမျိုးသမီး လယ်သမားများနှစ်ကို အထိမ်းအမှတ်ပြုရန်နှင့် စိုက်ပျိုးရေး၊ စားနပ်ရိက္ခာစနစ်နှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ကဏ္ဍများတွင် ထူးချွန်ပြောင်မြောက်စွာ ပါဝင်ပံ့ပိုးဆောင်ရွက်ခဲ့ကြသော အမျိုးသမီး ၁၀၀ ဦးအား ဂုဏ်ပြုချီးမြှင့်ရန် ရည်ရွယ်ခြင်း ဖြစ်သည်။

ယဉ်းယွိကျန်းသည် တရုတ်နိုင်ငံ အတွင်းမွန်ဂိုးလီးယား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ မောင်ဝူးစု သဲမြေဒေသတွင် နှစ်ပေါင်းများစွာ အခြေချနေထိုင်ကာ သဲကန္တာရ ကုစားရေးနှင့် သစ်တောပျိုးထောင်ရေးလုပ်ငန်းများကို မဆုတ်မနစ် ဆောင်ရွက်ခဲ့ပြီး ဒေသတွင်း ဂေဟစနစ် ပတ်ဝန်းကျင် တိုးတက်ကောင်းမွန်လာစေရန် အပြုသဘောဆောင်သော ပံ့ပိုးကူညီမှုများ ပြုလုပ်ခဲ့သည်။ ၁၉၉၉ ခုနှစ်တွင် အမေရိကန်နိုင်ငံသား မိတ်ဆွေ ဆာကိုစကီ (အမည်ရင်း ရော်နယ် ဆာကိုလ်စကီ) သည် ၎င်း၏ သဲကန္တာရစိမ်းလန်းရေး ကြိုးပမ်းဆောင်ရွက်မှုများကြောင့် စိတ်ဘဝင်လှုပ်ရှားခဲ့ပြီး သဲကန္တာရကုစားရေးနှင့် သစ်တောပျိုးထောင်လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် အမေရိကန်ဒေါ်လာ ၅,၀၀၀ ကို စုဆောင်းကာ ထောက်ပံ့ပေးခဲ့သည်။  ယဉ်းယွိကျန်းသည် ယင်းထောက်ပံ့ငွေဖြင့် ဝယ်ယူခဲ့သည့် သစ်ပင်ပျိုးပင် ၅၀,၀၀၀ ကျော်ကို စိုက်ပျိုးခဲ့ရာ ယခုအခါ သစ်တောများအဖြစ် ကြီးထွားလာပြီဖြစ်သည်။

အောက်တိုဘာ ၁၅ ရက်တွင် ကျင်းပသည့် ဆုချီးမြှင့်ပွဲအခမ်းအနား၌ ပရိသတ်များထဲတွင် ထိုင်နေသည့် ဆာကိုစကီသည် ရင်ထဲမှ စိတ်လှုပ်ရှားမှုကို မထိန်းချုပ်နိုင်ဘဲ ဝမ်းသာမျက်ရည်များ ကျဆင်းလျက် ယဉ်းယွိကျန်း ဂုဏ်ပြုဆု ရရှိသည့်အတွက် လက်ခုပ်ဩဘာပေးခဲ့သည်။

ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ် ချွီတုန်းယွိက ဆုချီးမြှင့်ပွဲအခမ်းအနားတွင် အမျိုးသမီးများသည် စိုက်ပျိုးရေးနှင့် စားနပ်ရိက္ခာစနစ်များ၏ အရေးပါသော မောင်းနှင်အားတစ်ရပ်ဖြစ်ပြီး စားနပ်ရိက္ခာဖူလုံမှု အာမခံရေး၊ သဘာဝအရင်းအမြစ်များ စီမံခန့်ခွဲရေး၊ ကျေးလက်ဖွံ့ဖြိုးတိုးတက်မှု မြှင့်တင်ရေးနှင့် လူမှုအသိုင်းအဝိုင်းများ၏ ကြံ့ကြံ့ခံနိုင်စွမ်း မြှင့်တင်ရေးတို့တွင် မရှိမဖြစ် အခန်းကဏ္ဍမှ ပါဝင်နေကြောင်း ပြောကြားခဲ့သည်။

ဆုချီးမြှင့်ပွဲအခမ်းအနားတွင် ချွီတုန်းယွိက ဆာကိုစကီကို စင်မြင့်ပေါ်သို့ ဖိတ်ခေါ်ခဲ့သည်။ ဆာကိုစကီနှင့် ယဉ်းယွိကျန်းတို့သည် မိတ်ဆွေဟောင်းများအဖြစ် တစ်ဦးကိုတစ်ဦး နွေးထွေးစွာ ပြန်လည်ပွေ့ဖက်ခဲ့ကြပြီး ဆုဖလားကို အတူတကွ ကိုင်မြှောက်ခဲ့ကြသည်။ ထို့နောက် ဆာကိုစကီက ယဉ်းယွိကျန်းနှင့် အခြား “အမျိုးသမီးသူရဲကောင်း” ၉၉ ဦးတို့ကို လေးစားဂုဏ်ပြုကြောင်း ဖော်ပြခဲ့သည်။ ယဉ်းယွိကျန်း၏ ထူးချွန်ပြောင်မြောက်သည့် လုပ်ဆောင်ချက်များသည် မိမိ၏ ရင်ကို အမှန်တကယ် ထိမှန်လှုပ်ရှားစေခဲ့ကြောင်း ၎င်းက ပြောကြားခဲ့ပြီး လူတိုင်း သစ်ပင်တစ်ပင်စီ စိုက်ပျိုးကာ ဂေဟစနစ်ပတ်ဝန်းကျင် တိုးတက်ကောင်းမွန်လာစေရန် အတူတကွ ကြိုးပမ်းကြရန် တိုက်တွန်းခဲ့သည်။

ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့သည် “ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့၏ စိုက်ပျိုးရေးနှင့် စားနပ်ရိက္ခာစနစ်များ၊ ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသမီးသူရဲကောင်း ၁၀၀” စာရင်းတွင် ပါဝင်သည့် အခြားအမျိုးသမီး ၉၉ ဦး၏ အမည်စာရင်းကို ယခင်က ၎င်း၏တရားဝင်ဝက်ဘ်ဆိုက်တွင် ထုတ်ပြန်ခဲ့သည်။ ယင်းစာရင်းတွင် တရုတ်နိုင်ငံ တစ်နိုင်ငံလုံးဆိုင်ရာ ကျေးလက် လက်မှုပညာရှင် ဆရာမကြီး ယွီကျင်ရှို့နှင့် ဟူနန်ပြည်နယ် ယွဲ့ယန်ခရိုင် ဖုန်းရွှေ့စိုက်ပျိုးရေးစက်ယန္တရား အထူးပြုပူးပေါင်းဆောင်ရွက်ရေးအသင်း ဥက္ကဋ္ဌ တုန်မင်ဖောင်း တို့လည်း ပါဝင်ကြသည်။ ယွီကျင်ရှို့နှင့် တုန်မင်ဖောင်း တို့သည်လည်း အောက်တိုဘာ ၁၅ ရက်တွင် ကျင်းပသည့် အခမ်းအနား၌ ဆုဖလားများ လက်ခံရယူခဲ့ကြသည်။ (Xinhua)

အီတလီနိုင်ငံ ရောမမြို့၌ ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (FAO) ညွှန်ကြားရေးမှူးချုပ် ချွီတုန်းယွိ(ဝဲ) က တုန်မင်ဖောင်းအား ဆုချီးမြှင့်နေသည်ကို ၂၀၂၆ ခုနှစ် အောက်တိုဘာ ၁၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
အီတလီနိုင်ငံ ရောမမြို့၌ ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (FAO) ညွှန်ကြားရေးမှူးချုပ် ချွီတုန်းယွိ(ဝဲ) က တုန်မင်ဖောင်းအား ဆုချီးမြှင့်နေသည်ကို ၂၀၂၆ ခုနှစ် အောက်တိုဘာ ၁၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

-----------------------

(Chinese Version)

殷玉珍等3位中国女性入选粮农组织“百位巾帼英雄”

新华社罗马10月15日电(记者任耀庭 刁泽)联合国粮食及农业组织(粮农组织)15日在意大利罗马宣布,中国治沙人、全国劳动模范殷玉珍入选“联合国粮农组织农业粮食体系与农村发展百位巾帼英雄”。此外,入选该名单的中国女性还有余锦秀和董敏芳。

这一全球表彰倡议由粮农组织发起,旨在纪念2026国际女农民年,表彰在农业、粮食体系和农村发展领域作出突出贡献的百位女性。

殷玉珍长期扎根中国内蒙古自治区毛乌素沙地,坚持治沙造林,为改善当地生态环境作出积极贡献。1999年,美国友人赛考斯(本名罗纳德·萨科尔斯基)被她的治沙事迹打动,筹集5000美元资助她治沙造林。殷玉珍用这笔善款购买的5万多棵树苗,如今已长大成林。

在15日举行的颁奖典礼上,坐在观众席上的赛考斯难掩激动,流下热泪,为殷玉珍获得荣誉鼓掌。

粮农组织总干事屈冬玉在颁奖典礼上说,妇女是农业粮食体系的重要推动力量,在保障粮食安全、管理自然资源、促进农村发展和增强社区韧性等方面发挥着不可或缺的作用。

颁奖典礼上,屈冬玉邀请赛考斯上台。赛考斯和殷玉珍两位老友再次深情拥抱,共同捧起奖杯。随后,赛考斯向殷玉珍及其他99位“巾帼英雄”表达敬意。他说,殷玉珍的壮举深深打动了自己,他呼吁每个人都种下一棵树,共同努力改善生态环境。

粮农组织此前在官网公布了“联合国粮农组织农业粮食体系与农村发展百位巾帼英雄”中的另外99人名单,已经入选的包括中国全国乡村工匠名师余锦秀和湖南省岳阳县丰瑞农机专业合作社理事长董敏芳。余锦秀和董敏芳15日也在现场领取奖杯。

图说 1 :10月15日,殷玉珍(右)和赛考斯在意大利罗马出席颁奖仪式。新华社记者 王楷焱 摄

图说 2 :10月15日,在意大利罗马,联合国粮农组织总干事屈冬玉(左)为董敏芳颁奖。董敏芳是现任中国湖南省岳阳县润升水稻专业合作社和丰瑞农机专业合作社理事长。新华社记者 王楷焱 摄